Friday, August 23, 2013

မြန်မာ နိုင်ငံတွင် ကလေး နှစ်သန်းခွဲခန့် အရပ် ပုနေ

Posted by drmyochit Friday, August 23, 2013, under | No comments

ကျေးရွာ တစ်ရွာတွင် ကလေးငယ် တစ်ဦးအား အစ်ကိုဖြစ်သူက အစား အစာ ကျွေးမွေး နေစဉ်။ ဓာတ်ပုံ - ရဲနောင်(ဖယ်ခုံ)/ရန်ကုန်တိုင်းမ်

ရန်ကုန် ၊ သြဂုတ် ၂၁ ။         ။ မြန်မာ နိုင်ငံ တွင် ကလေး နှစ်သန်း ခွဲခန့်သည် အရပ်ပု နေကြပြီး အနာ ဂတ်တွင် ယင်းကဲ့သို့ ပုသောသူများ များနေ ပါက ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေး ထိခိုက်ပြီး တိုင်းပြည်ဝင်ငွေ ကျဆင်း နိုင်ကြောင်း ယူနီဆက်ဖ် မြန်မာမှ အာဟာရ ပညာရှင် ဒေါက်တာ ကျော်ဝင်းစိန်က သတိပေးပြော ကြားလိုက်သည်။ အရပ်ပုခြင်းသည် အာဟာရ ချို့တဲ့ မှုကြောင့် သော်လည်းကောင်း၊ အစား အစာများ စားသုံး နေသော်လည်း အာဟာရ ရရှိရန် အထောက် အပံ့ မဖြစ်ခြင်းကြောင့်သော်လည်းကောင်း ဖြစ်ပွား ရခြင်း ဖြစ်ကာ အရပ်ပုသူ များသည် သာမန် ကလေးနှင့် ဉာဏ်ရည် ဖွံ့ဖြိုးမှု ကွာခြားခြင်းမှာလည်း အဓိက အချက် ဖြစ်ကြောင်း သိရသည်။

''မြန်မာမှာ ကလေး နှစ်သန်း ခွဲလောက် အရပ်ပု နေကြတယ်။ ပုတာက ပညာရေး ကို ထိတယ်။ ကျန်းမာရေးကိုထိ တယ်။ နိုင်ငံရဲ့ ကုန် ထုတ်လုပ်မှုကို ထိတယ်။ ဘာလို့လဲ ဆိုတော့ ပုတဲ့ ကလေး တွေရဲ့ ဦးနှောက်ဆဲလ်တွေက ပုံမှန် မဟုတ်ဘူး။ သာမန် ကလေးတွေရဲ့ ဦး နှောက်မှာ ဆိုရင် ဆဲလ်တွေက ဖြာထွက်နေတယ်။ အရပ်ပုတဲ့ ကလေး တွေက အခက် အလက်တွေ အဲလောက် မဖြာဘူး။ သူ့ရဲ့ပါဖော မန့်စ်က ကျသွားတယ်။ ဒါကြောင့် နောက် အနှစ်နှစ်ဆယ်၊ သုံးဆယ် မှာ ပုတဲ့ သူများရင် အဲဒီ ကလေးတွေ ရဲ့ဝင်ငွေက ကျကို ကျသွားမယ်။ ဒါကြောင့် အာဟာရ ချို့တဲ့တယ် ဆိုတာက တိုက်ရိုက် ကလေးသေ တာ မဟုတ်ဘူး။ သူ့ရဲ့သွယ်ဝိုက် ရရှိတဲ့ ဆိုးကျိုး တွေက အများကြီး ရှိတယ်''ဟု ဒေါက်တာ ကျော်ဝင်း စိန်က ပြော သည်။

နောက်ဆုံး အကြိမ် MICS  ကတရားဝင် ထုတ်ပြန် ထားသည့် ပြည်နယ်တိုင်း အလိုက် အာဟာရ ချို့တဲ့မှု နှုန်းထားများအရ ပိန်သော ကလေး များမှာ မြန်မာပြည် အလယ်ပိုင်းနှင့် ချင်းပြည်နယ်တွင် များပြီး ပုသော ကလေး များမှာ ချင်းနှင့် ရခိုင်တွင် များကြောင်း၊ ပိန်ပြီး လတ်တလော အာဟာရ ချို့တဲ့သော ကလေး များမှာ ရခိုင်၊ မကွေး၊ အပူပိုင်း ဒေသများ၊ ဧရာဝတီနှင့် ရှမ်းမြောက်ဒေသ များတွင် များကြောင်း သိရသည်။ ''အဲဒီ အနေ အထား သုံးခု လုံးခြုံပြီး တော့မှ ကြည့်ပြီး ဘယ်ဒေသသည် ဘယ်အကြောင်းရင်း ကြောင့်ဖြစ်မလဲ ဆိုတာကို စဉ်းစား ရတယ်။ ပြီးတော့ ဘယ်လို စီမံကိန်း တွေချမှတ် ဆောင်ရွက် မလဲ ဆိုတာကိုလဲ ကြည့်ရတယ်'' ဟု ကျန်းမာရေး ဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး (အာဟာရ) ဒေါက် တာ တင်လင်းက ပြောသည်။

ထို့ပြင် MICS  ၂၀၁၀-၂၀ ၁၁ အရ ကလေးများ ပုခြင်းသည် ၂၀၁ဝတွင် ၃၅ ဒသမ ၁ ရာခိုင်နှုန်း၊ ကလေးများ ပိန်ပြီး လတ်တလော အာဟာရ ချို့တဲ့ခြင်းသည် ၂၀၁၀-  ၂၀၁၁ တွင်  ၇ ဒသမ ၉ ရာခိုင်နှုန်း ဖြစ်နေကြောင်း သိရသည်။ ''ငါးနှစ်အောက် ကလေး သုံးဦးမှာ တစ်ဦးသို့ မဟုတ် နှစ်ဦးက ပုနေတယ်။ အဲဒီရဲ့ အကျိုး သက်ရောက်မှုက တော်တော်ကြီးတယ်။ နောက်လာမယ့် အနှစ် သုံးဆယ်၊ လေးဆယ်၊ ငါးဆယ် ဘာဖြစ်လာ မလဲဆို တာ လုံးဝကို ပြောလို့ရတယ်။ ပညာရှင်တွေဝိုင်းပြီး တွက်ချက် ထားတာ ရှိတယ်။ နံပါတ်တစ် အချက် ပညာ ရေးကို သွားထိတယ်။ အဲဒီမှာ ပုတဲ့ နှုန်းက ၁၀ ရာခိုင်နှုန်း တက်သွားပြီ ဆိုရင် ပညာ ရေးမှာ Final Grade ကိုရောက်တဲ့ ကျောင်း သားက ရှစ်ရာခိုင်နှန်း ကျသွားတယ်။ ကျောင်းတက် နိုင်တဲ့ ကလေးတွေက ရှစ်ရာခိုင်နှုန်း ကျသွားတယ်'' ဟု ယူနီဆက်ဖ် မြန်မာမှ အာဟာရ ပညာရှင် ဒေါက်တာ ကျော်ဝင်းစိန်က ဆက်လက် ပြောကြားသည်။

မြန်မာနိုင်ငံတွင် မူလတန်း အဆင့်၏ Final Grade ကို ၅၄ ရာခိုင်နှုန်းသာ ရောက်ရှိ သောကြောင့် မြန်မာနိုင်ငံတွင် ကျောင်းနေအရွယ် ကလေး များ၏ တစ်ဝက်ခန့်သာ ကျောင်းတက် နိုင်သေးကြောင်း၊ ပုသည့်နှုန်း ကိုဆယ် ရာခိုင်နှုန်း ချနိုင်ပြီ ဆိုပါက ကျောင်း တက်နှုန်းမှာ ၇၅ရာခိုင်နှုန်း တက်သွားမည် ဖြစ်ကြောင်း သိရသည်။ ပုခြင်းသည် ကျန်းမာရေး တွင်လဲ ဆိုးကျိုးများ ဖြစ်ပွား နိုင်ပြီး ၁၅ ရာခိုင်နှုန်းသော ငါးနှစ်အောက် ကလေး သေနှုန်းသည် ပုခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။

''ကလေးက ပိန်တယ်၊ လတ်တလော အာဟာရလဲ ချို့တဲ့မယ် ဆိုရင် သူ့ရဲ့ သေနှုန်းက သာမာန် ကလေးထက် ကိုးဆ ပိုမြင့်မယ်။ မြန်မာမှာ တစ်နှစ်ကို ပျှမ်းမျှ ကလေး ကိုးသိန်းလောက်ေ မွးနေတယ်။ အသက် သုံးနှစ် မတိုင်မီ ကလေးသုံး သောင်း ခုနစ်ထောင် လောက်ကို သေသွားတယ်။ တစ်ကယ်လို့ အာ ဟာရ မြှင့်တင်တဲ့ နေရာမှာ ၉၉ ရာ ခိုင်နှုန်း လွှမ်းခြုံမှု ရရင် တစ်နှစ်တစ် နှစ်မှာ ကလေး တစ်သောင်း လောက်ကို ကောင်းကောင်း ကယ်နိုင်မယ်'' အာဟာရ ပညာရှင် ဒေါက်တာ ကျော်ဝင်းစိန် က ဆက်လက်ပြော ကြားသည်။ ထို့ပြင် အရပ် ပုခြင်းသည် ကုန်ထုတ် စွမ်းအား စုနှင့် ဆက်နွယ်လျက် ရှိပြီး အရပ် ပုပါက အရွယ် ရောက်လာသည့်အ ခါတွင် ကုန်ထုတ်လုပ်မှုမှာ သာမာန် ကလေး ထက် ၂၂ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၃၀ ထိကျ သွား နိုင်ကြောင်း ပညာရှင်များက တွက်ချက် ထားကြသည်။

နွေဦးလင်း

From: Yangon Media Group

ဖေ့စ်ဘွတ်ခ်တင် ဓာတ်ပုံကြောင့် မလေးစုံတွဲကို နိုင်ငံတော် အကြည်ညိုပျက်မှုဖြင့် တရားစွဲ

Posted by drmyochit Friday, August 23, 2013, under | No comments

ရာမာဒန် ပါတီ တခုမှာ ၀က်သား စားနေတဲ့ ဓာတ်ပုံကို ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ်မှာ တင်ခဲ့ တဲ့ မလေးရှား စုံတွဲကို နိုင်ငံတော်ကို အကြည်ညို ပျက်စေမှု နဲ့ တရား စွဲဆို လိုက်ပါ တယ်။

အယ်လ်ဗင်းတန် နဲ့ဗီဗီယန်လီး တို့နှစ်ယောက်ဟာ လိင်ကိစ္စကို ပွင့်ပွင့် လင်းလင်း ဖော်ထုတ်တဲ့ ဘလော့ဂ် တခုကို တင်ထားတဲ့ အတွက် မလေးရှားမှာ နံမည် ဆိုးနဲ့ ကျော်ကြားပါတယ်။

အစိုးရက အခု သူတို့တွေ သိပ် လွန်လွန်း လာတဲ့ အတွက် နိုင်ငံတော် အကြည်ညို ပျက်စေမှုနဲ့ တရားစွဲ ရတာလို့ ပြောပါတယ်။
အယ်လ်ဗင်းတန် နဲ့ ဗီဗီယန်လီတို့ဟာ လွန်ခဲ့တဲ့ နှစ်က သူတို့ဖန်တီး တည်ဆောက် ထားတဲ့ လိင်အသားပေး ဘလော့ဂ် တခုကို တင်လိုက်တဲ့ အချိန်မှာ အများ အာရုံ စိုက်တာကို ခံခဲ့ကြ ရတာပါ။

အယ်လ်ဗင်းက စင်ကာပူ နိုင်ငံရဲ့ ထိပ်တန်း တက္ကသိုလ် တခုက အာဆီယံ ဥပဒေ ကျောင်းသား တယောက် ဖြစ်ပါတယ်။ ဒါပေမယ့် ခုတော့ သူ့ ပညာသင် ဆုကို ပြန်ရုပ်သိမ်း ခံလိုက် ရပါပြီ။ သူ့ချစ်သူ ဗီဗီယန်လီ ကတော့ မလေးရှား တက္ကသိုလ်တခုက ဘွဲ့ရ တယောက် ဖြစ်ပါတယ်။ ဘလော့ဂ်ကိုတော့ မိသားစု ဖိအား ပေးမှုကြောင့် သူတို့ ပိတ်ပစ် လိုက်ပါပြီ။

နောက်တော့ သူတို့က လိင် အကြောင်း ဆွေးနွေး ပြောဆိုတဲ့ ဗွီဒီယို တခုကို ယူကျု(ပ်)ကနေ တင် လိုက်ပြန် ပါတယ်။ တင်လိုက်တဲ့ ပို့စ်တွေ အတွက် မကျေနပ် သံတွေ အများကြီး ထွက်ပေါ် လာခဲ့ ပါတယ်။ ဒါပေမယ့် သူတို့က အခု သူတို့ ဥပဒေကြောင်း အရ အရေးယူ ခံရဖို့ ဖြစ်လာတဲ့ အငြင်း ပွား စရာ ပုံကို တင်လိုက်တဲ့ အခါမှာမှ ဖြစ်လာခဲ့တာပါ။ ပုံက ဟာလာ လုပ်တဲ့ အမှတ် သင်္ကေ တ တခုနဲ့ သူတို့ ၀က်သား စားနေတဲ့ ပုံပါ။

အစိုးရက အဲဒါကို အမျိုးသား တည်ငြိမ်မှုနဲ့ လူမျိုးအရ ညီညွတ် အဆင် ပြေမှုကို ခြိမ်းခြောက်မှု အဖြစ် ရှုမြင်ပြီး သူတို့ကို နိုင်ငံတော် အကြည်ညို ပျက်စေ မှုနဲ့ တရား စွဲဆို ခဲ့တာပါ။

မလေးရှား ကာကွယ်ရေး ၀န်ကြီး ဟစ်ရှာမူဒင်ဟူစိန်က “အဲဒါက လွန်လွန်း ပါတယ်ဗျာ။ တကယ်လို့ ကျနော်တို့က ပြင်ဆင်မှု မလုပ်ရင် လူတွေက အဲဒါကို သာမန် ဖြစ်ရိုးဖြစ်စဉ် တခုလို့ စပြီး လက်ခံ ယူဆ သွားနိုင် တာမျိုးပါ။ အထူးသဖြင့် လူငယ်တွေ အတွက် ပေါ့ဗျာ။ တကယ်လို့ မလုပ်ခဲ့ရင် ရာမာဒန် ကာလမှာ လူ့အဖွဲ့အစည်းကို သွေးကွဲအောာင် လူမျိုးရေး ကိစ္စမျိုးတွေကို အသုံးချမယ့် သူတွေ ရှိလာ နိုင်ပါတယ်” လို့ပြောပါတယ်။

အပြစ်ရှိကြောင်း တွေ့ရှိမယ် ဆိုရင်တော့ သူတို့နှစ်ယောက်ဟာ ဒဏ်ငွေနဲ့ ထောင်ဒဏ် ကျခံ ရပါ လိမ့်မယ်။ ဒါပေမယ့် ဗွီဒီယို တခုထဲ မှာတော့ သူတို့က သူတို့ရဲ့ လုပ်ရပ်တွေ အတွက် တောင်းပန် ထားပါတယ်။

အယ်လ်ဗင်းတန်က “ဒီ ဗွီဒီယိုကို ရိုက်ကူး ရတဲ့ အကြောင်းကတော့ ဒီရာမာဒန် ဥပုသ်လမှာ မွတ်စလင် တွေကို စိတ်ဆိုး ဒေါသ ဖြစ်အောင် လုပ်မိတဲ့ အတွက် မလေးရှား အားလုံးရဲ့ ခွင့်လွှတ် မှုကို တောင်းချင် လို့ပါပဲ” လို့ ပြောပါတယ်။

သူတို့ဟာ အကျဉ်းထောင် ထဲမှာ တပတ်နေခဲ့ ရပြီး အမှုကို စောင့်နေရတဲ့ အချိန်မှာ အာမခံနဲ့ လွှတ်ပေး ထားပါတယ်။ ဒါပေမယ့် သူတို့ကို လွှတ်ပေး ရာမှာ တင်းကျပ်တဲ့ အခြေ အနေတွေ ချမှတ် ထားခဲ့ ပါတယ်။

အယ်လ်ဗင်းနဲ့ ဗီဗီယန်လီ တို့ရဲ့ ရှေ့နေ ချောင်ဂျူးထျန်က “တချက် ကတော့ သူတို့ရဲ့ ပတ်စ်ပို့တွေကို သိမ်းဆည်းပြီး တရားရုံးမှာ လုံလုံခြုံခြုံ သိမ်းထား ပါလိမ့်မယ်။ နောက်တခုက သူတို့ကို အင်တာနက်၊ စမတ်ဖုန်း နဲ့ အင်တာနက် အသုံးပြုလို့ရတဲ့ ပစ္စည်းတွေကို အသုံးပြုခွင့် မပေးပါဘူး။ ဘာသာရေး၊ လူမျိုးရေး အနက် အဓိပ္ပာယ် ရှိတဲ့ သတင်း အချက် အလက်တွေ ဝေဖန် ချက်တွေ၊ ဖော်ပြချက် တွေကို ဖြန့်ဝေတာ မျိုးလို အလားတူ ချိုးဖောက်မှုတွေ ထပ် မကျူးလွန် နိုင်အောင်လို့ပါ” လို့ပြောပါတယ်။

အဲဒီကတည်းက ဗီဗီယန်နဲ့ အယ်လ်ဗင်းတို့ နှစ်ယောက် လုံးဟာ လူထု အာရုံ စိုက်မှု တွေကို ရှောင်ရှား နေခဲ့ ပါတယ်။ သတင်း မီဒီယာ တွေရဲ့ မေးခွန်း တွေကို တိုတိုပဲ တုံ့ပြန် ဖြေကြား ခဲ့ပါတယ်။

အဲဒီအမှုက အွန်လိုင်းနဲ့ သတင်း မီဒီယာတွေမှာ ဒေါသတကြီး အပြန် အလှန် ငြင်းခုန် ဆွေးနွေးမှု တွေကို ဖြစ်ပေါ် လာစေ ခဲ့ပြီး လူ အများစု ကတော့ အစ္စလာမ်ကို ရည်ရွယ်ချက် ရှိရှိ စော်ကားတဲ့ အတွက် အပြစ်ဒဏ် ပေးသင့် တယ်လို့ ပြောကြ ပါတယ်။ တရားရုံးက နောက်ဆုံး စီရင်ချက် ချဖို့ နေ့ကိုတော့ မသတ်မှတ် ရသေး ပါဘူး။

အာရှဒေသ သတင်းဆောင်းပါး အတွက် သတင်းထောက် ဖိုင်ဇယ်လ် မိုတာက ကွာလာလမ်ပူ ကနေ  သတင်း ပေးပို့ထားတာ ဖြစ်ပါတယ်။

From: ဒီဗွီဘီ

မယူ မနေရ ပင်စင်ပေး ခံရသည့် ဆရာမအား ရာထူး ထုတ်ပယ်မိန့် ပြောင်းလဲထုတ်ပြန်

Posted by drmyochit Friday, August 23, 2013, under | No comments

ဆရာမ ဒေါ်စိုးစိုးခိုင်

ရန်ကုန် ၊ သြဂုတ် ၂၂ ။                ။ ၈၈ ငွေရတုသတင်းစာ ရှင်းလင်းပွဲ တက်မိသည့် ဆရာမ ဒေါ်စိုးစိုး ခိုင်အား မယူ မနေရ  ပင်စင် ပေးပြီး နှစ်ရက် အကြာတွင် ရာထူးမှ ထုတ်ပယ်သည့် အမိန့်ကို ပြောင်းလဲ ထုတ်ပြန် ခဲ့ကြောင်းသိ ရသည်။ အဆိုပါ ဆရာမအား ဩဂုတ် ၁၅ရက် နံနက် ပိုင်းတွင် မယူ မနေရ အငြိမ်းစား  (Forced to Retire) ပေးသည့် ပြန်တမ်း အမှတ်(၃၀၇)အား ပယ်ဖျက်၍ ပညာရေး ဝန်ကြီး ဌာန၊ ဝန်ကြီးရုံး ၏ (၁၇- ၈- ၁၃) ရက်စွဲပါ စာအမှတ် ၁ ပညာ၊ ၂(ယ)၊ ၂၀၁၃ (၂/၂၀၁၃) ဖြင့် အကြောင်း ကြားချက်အရ နေပြည်တော်၊ ဇမ္ဗူ သီရိမြို့နယ်၊ အမှတ်(၅) အခြေခံပညာ အထက်တန်း ကျောင်းမှ ဆရာမ ဒေါ်စိုးစိုးခိုင်အား ရာထူးမှ ထုတ်ပယ် (Removal) လိုက်သည့် ပြန်တမ်းအား အမှတ်(၂) အခြေခံပညာ ဦးစီး ဌာနမှ ညွှန်ကြားရေးမှူး(စီမံ)က လက်မှတ် ရေးထိုးကာ ထုတ်ပြန် လိုက်ခြင်း ဖြစ်သည်။

ယင်းနှင့် ပတ်သက်ပြီး ဆရာမ ဒေါ်စိုးစိုးခိုင်က ''ကျွန်မက ၈၈ သမိုင်း တစ်ခုဖြစ်ခဲ့တော့ ဒီပွဲကို သွားရောက် တက်ခဲ့ တာပါ။ ဒီပွဲကို တက်ခဲ့တဲ့ အတွက် ကျွန်မမှာ အပြစ် မရှိဘူး။ ကျွန်မလို တခြား ဝန်ထမ်းတွေကို ဒီလို မဖြစ် စေချင်ဘူး။ အပြစ်ပေးတာ ကလည်း ဒီလောက် မပြင်းထန် သင့်ဘူး။ ဝန်ထမ်းတွေကို ဥပဒေ အတိုင်း စဉ်းစားမယ် ဆိုရင် မိခင်ဌာန အနေနဲ့ အမှန် အတိုင်း ဖြစ်ဖို့ ဆောင်ရွက် ပေးစေ ချင်တယ်'' ဟု ပြောကြားခဲ့ သည်။

အောင်သက်ကို

From: Yangon Media Group

အင်ပါယာသတင်းစာတိုက်ပိုင်ရှင်နှင့် အလုပ်သမား ပြဿနာပြေလည်မှု မရရှိသေး

Posted by drmyochit Friday, August 23, 2013, under | No comments


ရန်ကုန်၊၂၂ သြဂုတ်။

အင်ပါယာ သတင်းစာတိုက်မှ အလုပ်ထုတ်ခံထားရသော သတင်းထောက်များအနက် အလုပ်သမားဝန်ကြီးဌာနသို့ အလုပ်ထုတ်နစ်နာကြေးတောင်းခံတိုင်ကြားထားသူ
သတင်းထောက်များက ၎င်းတို့တောင်းဆိုထားသည့် နစ်နာ ကြေးတောင်းဆိုချက်များ မရရှိသေးကြောင်း ပြောကြားသည်။

“ညှိနှိုင်းဖြန်ဖြေရေး အဖွဲ့ တာဝန်ရှိသူတွေက သတင်းမီဒီယာတွေက ဖြစ်တဲ့ပြဿနာဖြစ်နေလို့ ကိုင်တွယ် ဖြေရှင်းရမှာခက်ခဲနေတယ်၊ ဒါကြောင့် ခုံသမာဓိရုံးကို စာတင်ပြီးဆက်လက်ဆောင်ရွတ်သွားမယ်လို့ ပြောတယ်” ဟုအလုပ်ထုတ်ခံရသော သတင်းထောက်တစ်ဦးဖြစ်သူ ဦးအောင်ကိုကိုက ပြောကြားသည်။

ညှိနိုင်းဖြန်ဖြေပွဲသို့ အင်ပါယာသတင်းစာတိုင်ပိုင်ရှင် ဦးကောင်းမြင့်ထွဋ်ကိုယ်တိုင် လာရောက်ခဲ့သော်လည်း အလုပ်ထုတ်ခဲ့ခြင်း ကိုဝန်ခံမှုမရှိသည့်အပြင် ၎င်းအလုပ်ထုတ်ခဲ့သူ သတင်းထောက်များ၏ ကိုယ်ရေးကိုယ်တာ ထိခိုက်စေသည့် အချက်များကို ညှိုနှိုင်း ဖြန်ဖြေရေး အဖွဲ့ရှေ့မှောက်တွင်ပင် ပြောဆိုစော်ကားခဲ့ခြင်းကို ၎င်းတို့အနေဖြင့် များစွာစိတ်ပျက်မိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

မြို့နယ်ညှိုနှိုင်း ဖြန်ဖြေရေးအဖွဲဝင် တစ်ဦးဖြစ်သူ ဦးကျော်တင့်က ၎င်း၏(၄၁)နှစ်တာ အတွေ့အကြုံအရ သတင်းမီဒီယာသမား၏ အလုပ်ရှင် အလုပ်သမားပြဿနာများ မတွေ့ကြုံခဲ့ဘူးသေးကြောင်း၊ သတင်းမီဒီယာလောက၏ပြဿနာ တစ်ခုဖြစ်နေသောကြောင့် ပိုမိုသတိထားကိုင်တွယ် ရမည်ကို နားလည်ကြောင်း၊ အဆိုပါအကြောင်းအရာကို စိတ်ဝင်စားနေသည့် နိုင်ငံရေးသမားများ၊
သတင်းမီဒီယာသမားများ ရှိနေမည်ကို နားလည်ထားကြောင်း ပြောကြားသည်။

“နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ကလည်း အမှန်တရားတွေနဲ့ အကောင်းဆုံးဖြစ်အောင်လုပ်နေတယ်”ဟု ၎င်းက သတင်းမီဒီယာများ ကို ပြောကြားသည်။

အင်ပါယာ သတင်းစာတိုက်ပိုင်ရှင်ဖြစ်သူ အမျိုးသားကွန်ဂရက်ပါတီ ဥက္ကဌဦးကောင်းမြင့်ထွဋ်ကို အလုပ်သမားများ အလုပ်ထုတ်ပယ်ခြင်းနှင့် ပါတ်သတ်၍ မေးမြန်းသော်လည်း
မဖြေကြားလိုကြောင်း ပြောကြားသည်။

ပြီးခဲ့သည့် သြဂုတ် လဆန်း (၃)ရက်နေ့တွင် ဇူလိုင်လအတွက် ပုံမှန်လုပ်ခလစာတောင်းဆိုရာမှ အလုပ်ရှင်ဖြစ်သူ ဦးကောင်းမြင့်ထွဋ်မှ သတင်းထောက်(၃)ဦး၊ ဓါတ်ပုံသတင်းထောက်(၁)ဦး၊
ဘာသာပြန်(၂)ဦးတို့ကို အလုပ်မှရပ်စဲခဲ့သည်ဟု အလုပ်ထုတ်ခံရသော သတင်းထောက်များက ပြောကြားသည်။

အလုပ်ထုတ်ခံရခြင်းအတွက် အလုပ်သမားရေးရာဝန်ကြီးဌာနနှင့်၊ နိုင်ငံတော်သမ္မတ အပါအဝင် ဝန်ကြီးဌာန (၁၇)ခုတို့အား ၎င်းတို့၏ အလုပ်ခွင်အတွင်း နစ်နာမှုများကို တိုင်ကြားကြောင်းလည်း သိရသည်။

လင်းသစ်
The Myanma Age

စင်ကာပူက ကြောက်စရာ တက္ကစီကို ငှားစီးမိခြင်း

Posted by drmyochit Friday, August 23, 2013, under | No comments

အခု သြဂုတ်လကိုတော့ စင်ကာပူနိုင်ငံမှာ 'Hungry Ghost Month' လို့ တရုတ်ထုံးစံအရ ခေါ်ကြသတဲ့။ တစ္ဆေမြူးတဲ့လ လို့ ပြောရမလားဘဲ။

ဒီသြဂုတ်လရဲ့ ညတညမှာ အမျိုးသမီးက သူ့ရဲ့ မိတ်ဆွေကောင်းတယောက်လည်း ဖြစ်တဲ့ အမျိုးသား တဦးနဲ့ အတူ ကြောက်စရာ ကောင်းတဲ့ တက္ကစီတစီးကိုမှ ငှားစီးမိရက်သားဖြစ်နေတယ်ဆိုဘဲ။


ဘာတွေ ဆက်ဖြစ်ကြလဲဆိုတာ အောက်မှပါတဲ့ ဗွီဒီယိုကိုသာ ဆက်ကြည့်လိုက်ပါ။

ကြောက်စရာ ဆိုပေမယ့် ရင်ခုန်သွားရင် သင့်ကျန်းမာရေးအတွက် အကောင်းတခုခု ရလိမ့်မယ် ထင်ပါတယ်။


From: ဧရာဝတီ

အမေရိကန်မှာ Yahoo က Google ထက် အသုံးပြုသူများ

Posted by drmyochit Friday, August 23, 2013, under | No comments


Yahoo စီအီးအို Marissa Mayer အောင်ပွဲခံရမယ့်လ ဖြစ်ပါတယ်။ Google ကို ကျော်လွန်လို့ အမေရိကန် မှာ လူသုံးအများဆုံး Search Engine အဖြစ် ဇူလှိုင်လ အတွက် Yahoo မှ ထိပ်တန်း ရပ်တည်ခဲ့ပါတယ်။

အရေအတွက်အားဖြင့် Visitor ၄ သိန်း ပိုများခဲ့ပြီး Yahoo က Google ကို အနိုင်ရလိုက်ခြင်း ဖြစ်ပါတယ်။ ဒါတောင် မကြာမီက ဝယ်ခဲ့တဲ့ Tumblr နဲ့ ပေါင်းတဲ့ ရလဒ်မဟုတ်ပါဘူး။ Tumblr ရဲ့  Visitor နဲ့ပါ ပေါင်းလိုက် ရင် Yahoo ဟာ Google ထက် Visitor သိသိသာသာ များသွားမယ့် ဆိုဒ် ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ မှာပဲ ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံး အတိုင်း အတာနဲ့ ယှဉ်ရင်တော့ Google ကိုမမှီသေးပါဘူး။


ကမ္ဘာ့ လူသုံးအများဆုံး Search Engine နေရာမှာတော့ Google ကပဲ တည်ရှိနေပါသေးတယ်။ တရုတ် ပြည်မှာလည်း Google ရဲ့  ပထမ နေရာက မသေချာပါဘူး။ တရုတ်ပြည်တွင်းက နာမည်ကြီး Search Engine အချို့  အောင်မြင်လာနေပြီး Google ကိုကျော်လွန်သွားနိုင်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် Yahoo ရဲ့  အမေရိကန်ပြည်တွင်း စတော့ရှယ်ယာ ဈေးနှုန်းဟာ သြဂုတ်လမှာ သိသိသာသာ မြင့်တက်လာပြီး စီးပွားရေး မြင့်တက် လာကြောင်း သိရပါတယ်။
.
Ref:mashable
Aung Kham (TSJ team)

လူမင်းနှင့် အမှုဆောင်အဖွဲ့ နုတ်ထွက်ပေးရန် ရုပ်ရှင်လောကသား ၄၀ ဆန္ဒပြမည်ဟုဆို

Posted by drmyochit Friday, August 23, 2013, under | No comments

ရန်ကုန်၊ သြဂုတ် ၂၂

ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ သက်တမ်း နှစ်လကျော်သာ ရှိသေးသော ဦးလူမင်းနှင့် အမှုဆောင်အဖွဲ့ကို အနုပညာ လောကသားများ၏ အကျိုးစီးပွားနှင့် နစ်နာမှုများကို ကာကွယ် စောင့်ရှောက်မှု မပေးနိုင် သဖြင့် နုတ်ထွက်ပေးရန်အတွက် သြဂုတ်လ ၂၄ ရက်နေ့ နံနက် ၁၁ နာရီ အချိန်တွင် ရန်ကုန်မြို့ မြို့တော်ခန်းမအနီး ဧမာနွေလ ဘုရားကျောင်းရှေ့ တွင် ရုပ်ရှင် လောကသား ၄၀ ဦးက ဆန္ဒပြ တောင်းဆိုသွားမည် ဖြစ်ကြောင်း ယင်းဆန္ဒပြပွဲတွင် ပါဝင်သည့် ဆု ဗီဒီယိုထုတ်လုပ်ရေးမှ ဒေါ်စန်းစန်းမော်က The Voice သို့ ပြောကြားသည်။

ယင်းဆန္ဒပြပွဲအတွက် ကျောက်တံတားမြို့နယ် ရဲစခန်းမှ ခွင့်ပြုချက်လည်း ကျထားပြီ ဖြစ်ကြောင်း၊ ဆန္ဒပြပွဲတွင် အနုပညာ လောကမှ ထုတ်လုပ် ဖြန့်ချိ လုပ်ငန်းရှင်များ၊ စက် အဖွဲ့များ၊ ဒါရိုက်တာများနှင့် သရုပ်ဆောင်များ စသည်ဖြင့် အလွှာစုံမှ အနုပညာ လောကသား ၄၀ ဦး ပါဝင်မည် ဖြစ်ကြောင်း၊ ၎င်းက ထပ်လောင်း ပြောကြားသည်။

“အစည်းအရုံးက နာယက အဖွဲ့ဝင်တွေရော၊ ရှေ့မီနောက်မီ လူကြီးတွေ ကိုရော ကိုယ်မေးကြည့်တယ်။ ဒီလို ဖြစ်ရပ်မျိုးက မြန်မာ့ရုပ်ရှင် သမိုင်းမှာ တစ်ကြိမ်တစ်ခါမှ မရှိခဲ့ဖူးဘူး။ အခု ရှိလာပြီပေါ့။ နောင်တစ်ချိန်ကျတော့ ဒီအဖြစ်အပျက်က ရုပ်ရှင် သမိုင်းမှာ စာမျက်နှာတစ်ခု ဖြစ်မှာပေါ့။ ကိုယ့်အနေနဲ့ကတော့ ထွေထွေထူးထူး ဘာမှ ပြောစရာ မရှိပါဘူး။ ဆန္ဒပြတယ် ဆိုတာကလည်း လုပ်ထုံးလုပ်နည်းအရ သက်ဆိုင်ရာရဲ့ ခွင့်ပြုချက် တောင်းခံခဲ့တယ်။ ခွင့်ပြုချက်လည်း ကျပြီးမှ ပြတာ ဆိုတော့ ဒါက နိုင်ငံသားတိုင်းရဲ့ အခွင့်အရေး တစ်ခုပါ။ အဲ့ဒီအပေါ်မှာ ကိုယ့်အနေနဲ့ သဘောတူခြင်း၊ ကန့်ကွက်ခြင်း လုံးဝ မရှိပါဘူး။ ဆန္ဒပြချင်ရင် ဆန္ဒ ဖော်ထုတ်ပါစေ” ဟု ယင်းသို့ ဆန္ဒပြ တောင်းဆိုမှု ပေါ်ပေါက် လာခြင်းနှင့် ပတ်သက်၍ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်းက ၎င်း၏ သဘောထားကို ဖွင့်ဟသည်။

ဟာသ သရုပ်ဆောင် ငှက်ပျောကြော်ကလည်း “အထူးသဖြင့် ဒီလိုအချိန် ဘယ်သူတွေ ပြမယ်၊ ဘာကြောင့် ပြမယ်ဆိုတာ မသိပါဘူး။ ရုပ်ရှင်လောက သား အချင်းချင်း မသင့်မမြတ်ဖြစ်နေတာကို မကြိုက်ဘူး။ အလုပ် လုပ်ကြတဲ့ သူတွေဆိုတာ အမှား ရှိကြမှာပဲ။ ထစ်ခနဲရှိ အပြစ်ပေးတာမျိုး၊ တုံ့ပြန်ကြတာ မျိုး မလုပ်ကြဘဲ အသိပေးတာမျိုး၊ ညှိနှိုင်းတာမျိုး လုပ်ကြမယ်ဆိုရင် ပိုအဆင်ပြေမှာပါ” ဟု ယင်းဆန္ဒပြပွဲနှင့် ပတ်သက်၍ မှတ်ချက်ပြုသည်။

ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌဟောင်း ဦးဇင်ဝိုင်းသည် ၎င်း၏ ကျန်းမာရေး အခြေအနေကြောင့် ၂၀၁၃ ခုနစ် ဇွန်လ ၇ ရက်နေ့တွင် တာဝန်မှ အနားယူ ခဲ့သဖြင့် ရုပ်ရှင် အစည်းအရုံး နာယကများ၏ ဆုံးဖြတ်ချက်အရ ဒု ဥက္ကဋ္ဌ ဦးလူမင်းက ဥက္ကဋ္ဌအဖြစ် လွှဲပြောင်း တာဝန်ယူခဲ့ခြင်း ဖြစ်သည်။

The Voice Weekly

ဟိုင်းကြီးကျွန်းအနီးတွင် ဘင်္ဂါလီ၂၇၀ ကျော် ထပ်မံတွေ့ရှိ

Posted by drmyochit Friday, August 23, 2013, under | No comments


စက်လှေပျက်၍ ဘင်္ဂါလီ ၂၇၄ဦး ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့နယ်ခွဲရှိ လိပ်ကျွန်းတွင်
ရောက်ရှိနေကြောင်း ဟိုင်းကြီးကျွန်းရှိ ဒေသခံပြည်သူများ၏ ပြောကြားချက်အရ သိရသည်။

လိပ်ကျွန်းသည် ဟိုင်းကြီးကျွန်းမှနေ၍ ရေမိုင်အားဖြင့်မိုင်၄၀ခန့်ရှိပြီး၊ ဟိုင်ကြီးရေတပ်စခန်းဌာနချုပ်မှ စစ်ရေယာဉ်များနှင့် ပုဂ္ဂလိကရေယာဉ်များဖြင့် ၎င်းတို့အားသွားရောက်ကယ်ဆယ်လျက်ရှိကြောင်း သိရသည်။ဟိုင်းကြီးကျွန်းရှိဒေသခံတစ်ဦးက “လိပ်ကျွန်းက ကျောက်ဆောင်တွေကလည်း များတယ်၊ လှိုင်းကအရမ်းကြီးနေတော့ သွားခေါ် တဲ့သူတွေလည်းအခက်အခဲရှိတယ်၊မနက်ပိုင်းကတည်းက သူတို့ကိုသွားခေါ်ကြတာပင်လယ်မှာ ရာသီဥတု ဆိုးနေတော့ ပြန်ရောက်ရမယ့် အချိန်
ကျော်နေပေမဲ့ ပြန်မရောက်ကြသေးဘူး”ဟုပြောကြားသည်။

လွန်ခဲ့သည့်ရက်က ငရုတ်ကောင်းမြို့နယ်ခွဲတွင် ဖမ်းဆီးရမိခဲ့သည့် ဘင်္ဂါလီ၅၃ဦးအား ပုသိမ်မြို့ သို့ ယမန်နေ့က ခေါ်ယူလာရန် သက်ဆိုင်ရာမှစီစဉ်ထားသော်လည်း ယနေ့တွင် ၂၇၄ဦးအား ထပ်မံတွေ့ရှိ သဖြင့် ပုသိမ်သို့ခေါ်ယူမည့် အစီအစဉ်အား ဖျက်သိမ်းခဲ့ကြောင်းသိရသည်။

ယနေ့တွေ့ရှိခဲ့သည့် ၂၇၄ဦးသည် ယခင်နေ့ကဖမ်းဆီးခဲ့သူများ စီးနင်းလာသည့် စက်လှေမဟုတ်ဘဲ၊ အခြားစက်လှေတစ်စင်းဖြစ်ကြောင်း၊ ယင်းစက်လှေသည် လှေဝမ်းကွဲ၍ ပျက်စီးနေသည်ကိုလည်း ကျွန်းအနီးတွင်တွေ့ရှိရကြောင်း သိရသည်။ဘဂါင်္လီ ၂၇၄ဦး အား ကယ်ဆယ်ရရှိပြီးပါက ငပုတောမြို့နယ် ဟိုင်ကြီးကျွန်းမြို့နယ်ခွဲ သို့ခေါ်ယူလာ မည်ဖြစ်ကြောင်း သိရသည်။

The Myanma Age

သေမင်းတမန် HIV/AIDS ရောဂါ သိမှတ်ဖွယ်ရာ

Posted by drmyochit Friday, August 23, 2013, under | No comments


သေမင်းတမန် HIV/AIDS ရောဂါ သိမှတ်ဖွယ်ရာ

(ဒေါက်တာ သန်းစိန်နှင့် တွေ့ဆုံခြင်း)

မေး။ ။ အခုတလော ခုခံအား ကျဆင်းတဲ့ ရောဂါအကြောင်း စာစောင်တွေမှာလည်း မကြာမကြာ ဖော်ပြ ထားတာ တွေ့ရပါတယ်။

ဖြေ။ ။  ရောဂါတွေ အကြောင်း အပြောများသလို စာစောင်တွေမှာလည်း မကြာမကြာ ဖော်ပြထားတာ တွေ့ရတယ် ဆိုရင် ကျန်းမာရေး အကြောင်း သာမန် စာဖတ်ပရိသတ်တွေ ပိုမို ဖတ်ရှု နားလည်လာပြီး ကျန်းမာရေး အသိတရားများ ကြွယ်ဝလာကြမှာပါ။ ကျန်းမာရေး အသိ နည်းပါးမှု၊ ဂရု မစိုက်မှု၊ လျစ်လျူရှုမှု တွေကြောင့် လူတွေကို ဒုက္ခအများဆုံး ပေးနေတဲ့ ရောဂါတွေထဲမှာ အဓိက ရောဂါများကတော့ ''ခေတ်သစ် ကာလသား ရောဂါများ'' ရယ်လို့ အမည်နာမ ပေးနိုင်လောက်သော ရောဂါများ ဖြစ်ပါတယ်။

မေး။ ။ ယခင်ရှေးအခါက ကာလသားရောဂါများ ရှေးက ရှိခဲ့ကြောင်းကို ပြောပြ ပေးပါခင်ဗျာ။

ဖြေ။ ။  ရှေးနှစ် ထောင်ပေါင်းများစွာက ကာလသား ရောဂါများ ရှိခဲ့တာ ဗုဒ္ဓခေတ် စာပေတွေမှာ၊ အာသောက မင်းကြီး ခေတ် စာပေမှာ၊ အီဂျစ်နိုင်ငံ ဖာရိုဘုရင်များ သေရတဲ့ အကြောင်းများ လေ့လာရာမှာ သိရှိခဲ့ကြပြီး ဖြစ်ပါတယ်။ ထိုခေတ်များက ကုသရန် ဆေး မရှိတာကြောင့် ကြိုတင်ကာကွယ်ရေးများ ဖြစ်တဲ့ ပြည့် တန်ဆာများ စနစ်တကျ ထားရှိရေး၊ မှတ်ပုံတင်ရေး၊ ရောဂါရှိသူများကို ပြည့်တန်ဆာ ဂေဟာများကနေ ဖယ်ရှားရေး၊ သန့်ရှင်း သပ်ရပ်ရေး စသဖြင့် ဥပဒေများ ပြဋ္ဌာန်း ထိန်းချုပ် ခဲ့ပါတယ်။ ဝေးရပ်မြေက ကုန်ရောင်း ကုန်ဝယ် လာကြတဲ့ သူတွေ၊ သံတမန် မင်းညီမင်းသားများကို ဧည့်ဝတ်ပျူငှာ ပြုနိုင်ရန် နိုင်ငံတော် ပြည့်တန် ဆာများပင် ခန့်ထား ဆောင်ရွက်ခဲ့ကြတာ ရာဇဝင်မှာ အထင်အရှား ရှိခဲ့ဖူးပါတယ်။

မေး။ ။ ယနေ့ခေတ်မှာ ပုန်းလျှိုးကွယ်လျှိုး လုပ်ရတဲ့ လုပ်ငန်း ဖြစ်နေတာနဲ့ ကွာခြား နေပါတယ်။ ဒီလို ပုန်းကွယ်ရတဲ့အတွက် ဒီရောဂါများ ပိုပြန့်တာလား ဆိုတာ သိချင်ပါတယ်။

ဖြေ။ ။  ၁၅ ရာစု လောက်က စပြီး အာရှ အရှေ့တိုင်း နိုင်ငံက လူတွေက မြို့တော်တွေမှာ ဒီရောဂါကို သတိ ထားမိကြပြီး အနောက်တိုင်း နိုင်ငံတွေကနေ ကုန်ကူးသန်းရန် လာကြသူတွေ (မျက်နှာဖြူတွေ) ယူဆောင် လာတဲ့ ရောဂါ (Farangi Roga) အဖြစ် ခေါ်ဝေါ်ခဲ့ကြ ပါတယ်။

မေး။ ။ ယခင်က ကာလသားရောဂါ တိုက်ဖျက်ရေး အပဖွဲ့များဖွဲ့ပြီး ရောဂါ နှိမ်နင်းရေး ဆောင်ရွက်ခဲ့တာနဲ့ ယခု ဘယ်လို ကာကွယ်သင့် ပါသလဲ။

ဖြေ။ ။  ရောဂါရရင် ကုသပေးနိုင်တဲ့ ဆေး ရှိတယ်ဆိုပြီး ခံယူထားတဲ့ တစ်လွဲ အယူသီးတာရယ်၊ တစ်ဖက်က စီးပွားရေး မပြေလည်မှုနဲ့ အခြား တစ်ဖက်က စီးပွားရေး ပြေလည်ပြီး မိမိတို့ရဲ့ စိတ် အလိုလိုက်မှု စိတ် ဖိစီးမှုတွေကို မထိန်းချုပ် နိုင်သူများ၊ အမျိုးသမီးများ အလုပ်အကိုင် ရှားပါးမှု စတာတွေဟာ ကာလသားရောဂါ မျိုးစုံကို ဆက်လက် ရှင်သန် ကြီးထွားစေတဲ့ အကြောင်းရင်းတွေ ဖြစ်ပါတယ်။

မေး။ ။ လိင် ဆက်ဆံမှုကြောင့် ကူးစက်သော ရောဂါထဲမှာ ပါတဲ့ ကာလသား ရောဂါကို ပြောပြ ပေးပါလား။

ဖြေ။ ။  လိင် ဆက်ဆံမှုကြောင့် ကူးစက်သော ရောဂါ အမျိုးပေါင်း ၂၀ ကျော်လောက် ရှိတယ်။ အဏုဇီဝ ပိုးမျိုးစုံက ရောဂါ ဖြစ်စေတာပါ။ ကာလသားများ ညောင်းကျရောဂါ၊ အမျိုးသမီးငယ်များ အဖြူဆင်း ယားယံတဲ့ ရောဂါ၊ နှုတ်ခမ်းတွေမှာ ယားယံ အရည်ကြည် အဖုအပိမ့် ထွက်တဲ့ ရေယုန်ရောဂါ၊ ဘီပိုး ဗိုင်းရပ်စ်ကြောင့် ဖြစ်သော အသည်းရောင် အသားဝါရောဂါ၊ HPV ဗိုင်းရပ်စ် ပိုးကြောင့် ကင်ဆာ ဖြစ်စေသော သားအိမ်ကင်ဆာများ အပြင် ဆီးသွားလမ်းကြောင်း၊ စအို ဝမ်းအိမ်တွေမှာ ရောဂါပိုး ဝင်ရောက် ဒုက္ခပေးမှုများ စသဖြင့် ရောဂါများ ခံစားရ နိုင်ပါတယ်။ ၁၉၈ဝ ပြည့်နှစ် နောက်ပိုင်းမှာ အာရှတိုက် နိုင်ငံများသို့ အသစ် ရောက်ရှိလာတဲ့ ရောဂါကတော့ ခုခံအား ကျဆင်းစေတဲ့ ရောဂါ Acquired Immuno-defi ciency Syndrome-AIDS ဖြစ်ပါတယ်။ ၂ဝ ရာစုနှစ်များ အကုန် ၂၁ ရာစုနှစ်များ အစမှာ ပြန့်ပွားတဲ့ ရောဂါဖြစ်တဲ့ အတွက် ခေတ်သစ် ကာလသား ရောဂါလို့ အမည်တပ်လိုက် တာပါ။

မေး။ ။ အိတ်ဒ်စ် (AIDS) ရောဂါ ဖြစ်ပွားနေမှု အခြေအနေ ပြောပြပေးပါဦး။

ဖြေ။ ။ ဒီခေတ်သစ် ကာလသား ရောဂါ အိတ်ဒ်စ် (AIDS) ဟာ အာဖရိက၊ ဥရောပနဲ့ အမေရိကန် နိုင်ငံများမှာ ရောဂါ စတင် ဖြစ်ပွားခဲ့ရာမှ မြန်မာနိုင်ငံထဲကို ကူးစက် ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံသား တစ်ဦးမှာ HIV ပိုးတွေ့ကြောင်း စပြီး အစီရင်ခံတာ ၁၉၈၈ ခုနှစ်က ဖြစ်ပါတယ်။ ယနေ့ ဆိုလျှင် အနှစ် ၂၅ နှစ် ကျော်လာခဲ့ပြီး HIV ပိုး ရှိနေတဲ့လူ (People Living with HIV) ဦးရေဟာ နှစ်သိန်းခွဲ ရှိနေတဲ့ အတွက် ကူးစက်မှု မြန်ဆန်တာ၊ ကာကွယ် ထိန်းချုပ်မှု အားနည်းတာကြောင့် လူအများ ကူးစက် ခံရတာလို့ သုံးသပ် ကြပါတယ်။

မေး။ ။ HIV ရောဂါပိုး ရှိနေတဲ့ လူတွေ ဘယ်လို များလာတာပါလဲ။

ဖြေ။ ။  ၁၉၉ဝ ပြည့်နှစ်မှာ မြန်မာနိုင်ငံမှာ HIV ပိုး ရှိနေတဲ့လူ ငါးသောင်းလောက် ရှိမယ်လို့ ခန့်မှန်း ပါတယ်။ အဲဒီ အချိန်က စပြီး ရောဂါ ပြန့်ပွားမှု မရှိစေရန် ကာကွယ်ရေး ပညာပေး လုပ်ငန်းများ စတင် ခဲ့ပါတယ်။ ၁၉၉၅ ခုနှစ်မှာ အသက် ၁၅ နှစ် အထက် HIV ပိုး ရှိနေတဲ့ လူ တစ်သိန်းခွဲ၊ ၂ဝဝဝ ပြည့်နှစ်မှာ နှစ်သိန်း၊ ၂ဝဝ၅ ခုနှစ်မှာ နှစ်သိန်းခွဲလောက် ရှိခဲ့ပြီး ယနေ့ ၂ဝ၁၁- ၂ဝ၁၂ ခန့်မှန်း စာရင်းအရ HIV ပိုး ရှိနေတဲ့လူ နှစ်သိန်းခန့်သို့ ကျဆင်းသွားတာ တွေ့ရပါတယ်။ ၁၅ နှစ် အထက် အမျိုးသမီးများ ဖြစ်ပွားမှုဟာ ၄ဝ ရာခိုင် နှုန်းမှ ၃ဝ ရာခိုင်နှုန်း ကျဆင်းလာတာ တွေ့ရပါတယ်။ ရောဂါ အသစ်ရသူ နှစ်စဉ် တစ်သောင်းလောက် ရှိရာမှ ၄ဝ ရာခိုင်နှုန်းဟာ အမျိုးသမီးများမှာ ဖြစ်ပွား နေသေးတာ တွေ့ရတယ်။ ရောဂါ အသစ် ရသူရဲ့ ၇၅ ရာခိုင်နှုန်းဟာ လိင်တူ လိင်ကွဲ ဆက်ဆံကြရာမှ ရောဂါ ရကြတာ တွေ့ရပါတယ်။ ရောဂါ ဖြစ်ပွားသူ ခန့်မှန်း တွက်ချက်မှု အရ ၁၉၉ဝ ပြည့်နှစ်မှာ ငါးသောင်းခန့် ရှိပြီး အမျိုးသမီး ဖြစ်ပွားမှုဟာ ထောင်ဂဏန်း လောက်သာ ရှိပါတယ်။ တဖြည်းဖြည်း ရောဂါ ပျံ့နှံ့မှု မြန်လာပြီး ၂ဝဝ၃- ၂ဝဝ၅ ခုနှစ်တွေမှာ လူနာဦးရေ နှစ်သိန်းခွဲ အထိ တိုးတက်လာကြောင်းနှင့် အမျိုးသမီးများ ရောဂါ ဖြစ်ပွားမှုဟာလည်း ငါးသောင်းမှ တစ်သိန်း အထိ တိုးတက်လာကြောင်း ခန့်မှန်း ထားပါတယ်။ ၂ဝဝ၃ ခုနှစ် နောက်ပိုင်းမှာ ရောဂါ သုံးမျိုး စီမံချက်ကြောင့် ရောဂါဖြစ်ပွားနှုန်း ကျဆင်းလာပြီး ၂ဝ၁၁- ၂ဝ၁၂ ခန့်မှန်း စာရင်းအရ HIV ပိုး ရှိနေတဲ့လူ နှစ်သိန်းအောက်ကို ကျဆင်း သွားတာ တွေ့နေရပါတယ်။ အဲဒီ ဆောင်ရွက် နေတာတွေကို ဆက်လက် အရှိန်မြှင့်ပြီး ဆောင်ရွက် နိုင်မှသာ ၂ဝ၁၅ ခုနှစ်မှာ လူနာဦးရေ တစ်သိန်းခွဲအောက် ရောက်နိုင်မှာပါ။

မေး။ ။ လိင်တူ လိင်ကွဲ ဆက်ဆံမှုတင် မကဘဲ တခြား ဘယ်လို နည်းလမ်းတွေနဲ့ ရောဂါ ရနိုင် သေးပါသလဲ။

ဖြေ။ ။  ဟုတ်ပါတယ်။ အိမ်နီးချင်း နိုင်ငံမှာရော မြန်မာ နိုင်ငံမှာပါ HIV ပိုး ရောဂါရသူရဲ့ ၃ဝ-၃၅ ရာခိုင်နှုန်း ဟာ မူးယစ်ဆေးဝါး သုံးစွဲသူများ၊ အထူးသဖြင့် တစ်ဦးသုံးပြီးသား ဆေးထိုးအပ်ကို အခြား တစ်ယောက်ကို ပေးသုံး စေခြင်းဖြင့် ဆေးထိုးအပ်နဲ့ မူးယစ်ဆေး သုံးသူ တစ်ယောက်နဲ့ တစ်ယောက် ကူးစက်စေတာ ဖြစ်ပါတယ်။ ၂ဝဝ၆- ၂ဝဝ၇ ခုနှစ်ကာလမှာ ဒီနည်းနဲ့ ရောဂါရသူ ၃၅ ရာခိုင်နှုန်း ရှိခဲ့ရာ ကနေ ၂ဝ၁၁- ၂ဝ၁၂ ခုနှစ်မှာ ၂၁ ရာခိုင်နှုန်း အထိ ကျဆင်း လာတာ တွေ့ရပါတယ်။

မေး။ ။ HIV ပိုး ရှိပြီးသား အမျိုးသမီး မိခင်ကနေ မွေးလာတဲ့ ကလေးတွေကိုရော ကူးစက် နိုင်ပါသလား။

ဖြေ။ ။  HIV ပိုး ရှိပြီးသား အမျိုးသမီးများ ကိုယ်ဝန်ဆောင်စဉ် ကာလမှာပင် သူတို့ရဲ့ ကလေးကို ကူးစက်မှု လျော့နည်းအောင် လုပ်နိုင်ပေမဲ့ နှစ်စဉ် မိမိကိုယ်ထဲမှာ HIV ပိုး ရှိပြီးသား မိခင်က မွေးလိုက်တဲ့ ကလေးများ မှာ ပိုးရရှိနေပြီးသား ၅ဝဝဝ မှ ၁ဝဝဝဝ လောက် ရှိမယ်လို့ ခန့်မှန်း ထားပါတယ်။ ကိုယ်ဝန်ဆောင်စဉ် ကာလမှာ ရောဂါပိုး တွေ့ပြီး ဆေးဝါး စနစ်တကျ ကုသနိုင်တယ် ဆိုရင် မိခင်က ကလေးကို ကူးစက်မှု သက်သာ သွားနိုင်ပါတယ်။

မေး။ ။ ဒီ ခေတ်သစ် ကာလသား ရောဂါ အိပ်ခ်ျအိုင်ဗွီ- အိတ်ဒ်စ် (HIVAIDS) ရောဂါကို ဘယ်လို တွန်းလှန် နိုင်မလဲ။

ဖြေ။ ။  ရောဂါရရင် ကုသပေးနိုင်တဲ့ ဆေးရှိတယ် ဆိုတာ ခံယူထားတဲ့ တလွဲ အယူသီးတာ တွေကို ပညာပေး တိုက်ဖျက် ရမယ်။ ဆေးရုံ ဆေးခန်းတွေက ကာလသား ရောဂါမျိုးစုံ တွေ့ရှိ ကုသတဲ့အခါ စနစ်တကျ ပြုစု ကုသဖို့ လိုအပ်ပါတယ်။ ဆေးထိုးအပ်နဲ့ မူးယစ်ဆေး သုံးသူများ ကျဆင်းရေးဟာ မလွယ်ကူသော လုပ်ငန်း ဖြစ်တဲ့ အတွက် သူတို့ကြားမှာ ရောဂါ ဖြစ်ပွားမှုများတာ တွေ့ရှိ နေနိုင်ပါတယ်။ လိင်တူ လိင်ကွဲ ဆက်ဆံ ကြရာမှ ရတဲ့ ရောဂါဖြစ်တဲ့ အပြင် အဓိက ကူးစက်စေတဲ့ လူများဟာ ကာမဆက်ဆံမှုနဲ့ အသက်မွေး ဝမ်းကျောင်း ပြုနေသူ အမျိုးသားများနဲ့ အမျိုးသမီးများ ဖြစ်ကြပါတယ်။ ဒီလူများနဲ့ ဆက်ဆံမှု များကြတာက ပြည်တွင်း၊ ပြည်ပ ဒေသတစ်ခုမှ ဒေသတစ်ခုကို မိမိတို့ လုပ်ငန်းအရ ပြောင်းရွှေ့ သွားလာ နေထိုင်ကြသူများ (Mobile Population) ဖြစ်ပါတယ်။ မိမိတို့ရဲ့ ဇနီးမယားများအား မိမိတို့ အမြဲနေထိုင်ရာ ဒေသမှာ ထားရစ်ပြီး သွားလာ လှုပ်ရှား စီးပွားရှာသူများ ဖြစ်ပါတယ်။ မော်တော်ယာဉ် မောင်းသူ၊ ယာဉ်နောက်လိုက်၊ ကျောက်တူး၊ ရွှေတူး သွားသူ၊ ကုန်သွယ်ရေး ကုန်ကူးသန်း သယ်ယူပို့ဆောင်သူ၊ ပင်လယ်ပြင် ထွက်ပြီး ငါးဖမ်းတဲ့ ရေလုပ်သားများ စတဲ့ ရွှေ့ပြောင်း လုပ်သားများ ဖြစ်ပါတယ်။ ကာမ ဆက်ဆံမှုနဲ့ အသက်မွေး ဝမ်းကျောင်းပြု နေသူ အမျိုးသား များနဲ့ အမျိုးသမီး များဟာ အဲဒီ ရွှေ့ပြောင်း လုပ်သားများ ရှိတဲ့ နေရာတွေမှာ အလုပ် အကိုင် ရှာကြတာ တွေ့ရပါတယ်။ မိမိတို့ ကာမရာဂကို မထိန်းချုပ် နိုင်သူများ (Promiscuity) သည် လိင်တူ လိင်ကွဲ ဆက်ဆံကြရာမှ ရောဂါ မရနိုင်စေရန် ကာကွယ်နည်း မျိုးစုံ မသုံးခဲ့မှုကြောင့် ရောဂါ ရရှိပြီး မိမိတို့ အိမ်ပြန် ရောက်တဲ့အခါ ဇနီးမယား အပြင် တခြား ရောဂါမရသေးသူများပါ ရောဂါ ရစေတာ ဖြစ်ပါတယ်။ လူထု တစ်ရပ်လုံး ပါဝင်မှသာ အမြစ်ပြတ် နိုင်မယ့် ရောဂါ ဖြစ်နေပါတယ်။

စောကျော်ဝင်း(မြဝတီ)

ကွန်ပျူတာ ကြာကြာ အသုံးပြုသူများ ဖြစ်နိုင်သော ရောဂါ နှင့် ကာကွယ်နည်း

Posted by drmyochit Friday, August 23, 2013, under | No comments


ကွန်ပျူတာကို နေ့စဉ် ပျမ်းမျှ ၆ နာရီမှ ၈ နာရီကြာ အသုံးပြုသူ များ ဖြစ်နိုင်ချေရှိတဲ့ ရောဂါ များကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

၁။ Decreasing eyesight

ကွန်ပျူတာ မျက်နှာပြင်ကို ကြာရှည်စွာ ကြည့်ရှုရတဲ့အတွက် အမြင် အာရုံကြောတွေ အားနည်းလာပါတယ်။ ကွန်ပျူတာဖန်သားပြင်ပေါ်မှာ မျက်တောင်မခပ်တန်း အာရုံစိုက်နေမှုကြောင် မျက်ရည်များ ခမ်းခြောက်စေတာမျိုးတို့ ဖြစ်ပါတယ်။

၂။ Muscle weakening
ကြွက်သားများ သိသိသာသာ အားနည်းလာတတ်ပါတယ်။ လက်နဲ့ လက်ကောက်ဝတ်သာ အလုပ်လုပ်ရပြီး ကျန်သော ခန္ဓာကိုယ် အစိတ်အပိုင်းများ လှုပ်ရှားမှု မရှိတဲ့အတွက် အဓိက ကြွက်သားတွေ လုပ်ဆောင်ချက် နှေးကွေးလာတတ်ပါတယ်။

၃။ RSI (Repetitive strain injury)
ကွန်ပျူတာရှေ့ထိုင်တဲ့အခါ ခန္ဓာကိုယ်ပုံစံကို မပြောင်းလဲပဲ အလုပ်လုပ်နေ ရမှုကြောင့် အမြဲတမ်းအသုံးပြုနေရတဲ့ ကြွက်သားတွေ နာကျင်ကိုက်ခဲ လာတတ်ပါတယ်။ ဥပမာ-လည်ပင်နာခြင်း၊ ခါးနာခြင်း၊ ခန္ဓာကိုယ် လှုပ်ရှားတိုင်း နေရာတစ်ခုတည်းက အမြဲနာကျင်နေတတ်ခြင်း မျိုးတို့ ဖြစ်ပါတယ်။

၎။ Menal side effects

ကွန်ပျူတာကို ကြာရှည်စွာ အသုံးပြုရတဲ့အတွက် တကယ့်အပြင် လူမှုဆက်ဆံရေးမှာ ပြောင်းလဲမှုတွေ ရှိလာ ပါတယ်။ Facebook, G-talk တို့လို ဘယ်လောက် ဆိုရှယ်ဝဘ်ဆိုဒ်, ကွန်ရက်တွေသုံးသုံး တကယ့်အပြင် လူမူကွန်ရက်နဲ့ Face to Face ပြောဆိုဆက်ဆံရတာ မဟုတ်တဲ့အတွက် လုပ်ငန်းခွင်၊ ပေါင်းသင်း၊ ဆက်ဆံရေးတွေမှာ ပြဿနာ ဖြစ်လာနိုင်ပါတယ်။ ဂိမ်းအဆော့များတဲ့သူတွေ ပိုပြီး သတိထားရမယ့် အချက် ဖြစ်ပါတယ်။ အချိန်ကြာကြာ အသုံးပြုတဲ့အခါ အာရုံဟာ အရာဝတ္ထုတစ်ခုတည်းမှာ စုစည်းနေတတ်ပြီး ယင်းအရာဝတ္ထုရဲ့ ပြောင်းလဲမှုအလိုက် စိတ်က ပြောင်းလဲနိုင်တဲ့အတွက် ဖြစ်ပါတယ်။

၅။ Back Problems
ခါးနာတာကတော့ ဖြစ်ကိုဖြစ်မယ့် ရောဂါဝေဒနာပါ။ ဘယ်လောက် သက်တောင့်သက်တာ ဖြစ်တဲ့ ထိုင်ခုံနဲ့ပဲ ထိုင်ထိုင် ကွန်ပျူတာရှေ့မှာ ထိုင်ပြီးအလုပ်လုပ်တဲ့သူတွေ

အတွက် ကြောရိုးတစ်လျှောက်ဟာ နာကျင်တတ် ပါတယ်။ အသက်အရွယ်ငယ်တုန်းက မသိသာပေမယ့် ၄၀ ကျော်နောင်းပိုင်းကာလမှာ ကျောရိုးကိုက်ခဲ တဲ့ ဝေဒနာဟာ ကြီးမား တဲ့ ပြဿနာတစ်ခု ဖြစ်လာနိုင်ပါတယ်။

ကာကွယ်နည်း
ပထမ တစ်ချက်ဖြစ်တဲ့ အမြင်အာရုံအတွက်တော့ ကွန်ပျူတာကို ကြာကြာဆိုက်ကြည့်ပြီး မိနစ် ၂၀၊ နာရီဝက် တိုင်း ဖန်သားပြင် မဟုတ်တဲ့ အခြားတစ်နေရာတစ်ခုခုကို ကြည့်ရှုသင့်ပါတယ်။ မျက်တောင်ခတ်ပေး ရပါမယ်။ နည်းနည်းခပ်ဝေးဝေး အရာဝတ္ထုတစ်ခုခုကို စိုက်ကြည့်ရပါတယ်။ ၄၅ မိနစ်ကြာတစ်ခါ ပြုလုပ်လည်း ရပါတယ်။

နံပါတ်၂ ကြွက်သား အားနည်းမှုနဲ့ နံပါတ် ၃ RSI အတွက်ကတော့ အားကစားအနည်းငယ်လုပ်ပေးခြင်းနဲ့ အိပ်ခြင်းဖြစ်ပါတယ်။ အိပ်ခြင်းဆိုတာ ခြေလက်၊ကြောရိုးများကို ဆန့်ပြီး အိပ်တာမျိုးကို ဆိုလိုပါတယ်။ အားကစားက ကြွက်သားတွေကို သန်မာလာစေပြီး အိပ်စက်ခြင်းက ခန္ဓာကိုယ်ကြွက်သားတင်း မာနေမှုတွေ ကို လျော့ချပေး ပါတယ်။

Mental side effect အတွက်ကတော့ ပေါင်းသင်းဆက်ဆံရေးတွေ၊ လုပ်ငန်းခွင်တွေမှာ မလစ်ဟင်းဖို့၊ အာရုံများများ စိုက်ရတဲ့ Program, ဂိမ်းတို့မှာ နားနားပြီး အသုံးပြု၊ လုပ်ဆောင်၊ ဆော့ကစား ပေးဖို့ ဖြစ် ပါတယ်။

Back Problems အတွက်ကတော့ ကြောရိုးကို ပျော့ပြောင်းစေမယ့် အားကစားတစ်ခုခု လုပ်ပေးခြင်း၊ ကြောရိုးဆန့် အိပ်ခြင်းတို့ ပြုလုပ်ပေးရ မှာ ဖြစ်ပါတယ်။ အားကစားကတော့ ရေကူးတာမျိုး၊ ဘတ်စကတ်ဘော ဆော့တာမျိုးတို့ ဖြစ်ပါတယ်။ အလွယ်ဆုံးကတော့ အကြောဆန့်ခြင်း ဖြစ်ပါတယ်။ ဒါက အချိန်သီးသန့်ပေးစရာ မလိုပဲ နေရာတိုင်းမှာ အဆင်ပြေသလို လုပ်ဆောင်နိုင်ပါတယ်။

တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးအတွက် အဓိကရုဏ်းနှိမ်နင်းရေးယာဉ် ၈ စီး ဖြန့်ခွဲထားရှိ

Posted by drmyochit Friday, August 23, 2013, under | 1 comment


တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံ ရေးအတွက် အဓိကရုဏ်းနှိမ်နင်းရေး ယာဉ် ၈ စီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာန ချုပ် လက်အောက်တွင် ရှိကြောင်း ပြည် ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ် မှူးချုပ်ကျော်ကျော်ထွန်း၏ လွှတ်တော် တွင်းတင်ပြချက်အရသိရသည်။

တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံ ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ် ရဲတပ်ဖွဲ့များသို့ မော်တော်ယာဉ်မျိုးစုံ အစီး ၃ဝ၃၅ စီးကို လှည့်ကင်း လုံခြုံရေး နှင့်အုပ်ချုပ် မှုယာဉ်များအဖြစ် အသုံးပြု ဆောင်ရွက်သွားမည်ဟု ဒုတိယဝန်ကြီး က လွှတ်တော်ကို တင်ပြခဲ့သည်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာန ချုပ်မှ တိုင်းဒေ သကြီး/ပြည်နယ်ရဲတပ် ဖွဲ့များသို့ မော် တော်ယာဉ်မျိုးစုံ ၂၇၂၅ စီး ဖြန့်ခွဲထား ရှိပြီး လှည့်ကင်းလုံခြုံရေးနှင့် အုပ်ချုပ်မှု ယာဉ်များ အဖြစ် အသုံးပြုလျက်ရှိ ကြောင်း၊ အဆိုပါယာဉ်များအနက် အ ချုပ်သားတင်ယာဉ် ၉၁ စီးကို တိုင်းဒေ သကြီး/ပြည်နယ်ရဲတပ်ဖွဲ့များ သို့ ဖြန့်ခွဲ ထားရှိပြီး လုံခြုံရေးဆောင်ရွက်ရန် ဖော /လန်ဂျန်းယာဉ် ၂၂ဝ စီးရှိပြီး ရဲတပ် ရင်းများသို့  ဖြန့်ခွဲထားရှိကြောင်း၊ ထို့အ ပြင် အေရိုးလတ် အမျိုးအစား ယာဉ်ကြီး များကို အဓိကရုဏ်းနှိမ်နင်းရေးယာဉ် အဖြစ် ပုံစံပြောင်းလဲပြီး ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့တွင် ၂ စီး၊ မန္တလေး တိုင်းဒေသကြီးရဲတပ်ဖွဲ့တွင် ၂ စီး၊ အ မှတ် (၂) ရဲတပ်ရင်းများကွပ်ကဲမှု အဖွဲ့မှူး ရုံး(ရန်ကုန်)တွင် ၂ စီးနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်တွင် အရန်အသင့် ယာဉ် ၂ စီး၊ စုစုပေါင်း ၈ စီးကို ဖြန့်ခွဲ ထားရှိပြီး ဖြစ်ကြောင်း ၄င်းကလွှတ်တော် တွင်တင် ပြသည်။

တရားဥပဒေစိုးမိုးရေး ရှိ မရှိကို ဝေဖန် သုံးသပ်ရာတွင် တာဝန်ယူဆောင် ရွက်နေသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အ တွက် ဆက်စပ်ပစ္စည်းများဖြစ်သော ရဲ တပ်ဖွဲ့ အခြား အသုံးအဆောင် ပစ္စည်း များကို ခေတ်နှင့်အညီ ဖြည့်‌ ဆည်းပေး နိုင်ခြင်း ရှိ မရှိ ကိုလည်း စဉ်းစားပေးသင့် ပါကြောင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် အ များစုသည် မိမိအစီ အစဉ်ဖြင့် လိုအပ် သည်များကို ဖြည့် ဆည်းဆောင်ရွက် လုပ်ကိုင်နေကြသည်ကိုလည်း တွေ့မြင် ရပါကြောင်း၊ မြို့နယ်အတွင်း ဆူပူမှု၊ အ ကြမ်းဖက်မှုများ စတင်ဖြစ်ပွား ပါက မြို့ နယ်ရဲတပ်ဖွဲ့ကပင် စတင်ထိန်းသိမ်းရပြီး အချိန်နှင့်တစ်ပြေးညီ ဟန့်တားကာကွယ် ရန်နှင့် ထိရောက်မြန်ဆန်စွာ အင်အား ဖြည့်ဆောင်ရွက်နို င်ရန်၊ တရားခံများ ဖမ်းဆီးရန်နှင့် အဓိကရုဏ်းများဖြစ်ပွား ပါက အခင်းဖြစ်ရာနေရာသို့ အချိန်မီ သွားရောက်နိုင်ရန်အတွက် ယာဉ်များ မလုံလောက်ခြင်း၊ ကောင်းမွန်မှုမရှိခြင်း၊ လိုအပ်သည့်ေ မ်ာတော်ယာဉ်နှင့် စက် သုံးဆီများကိုလည်း ရဲတပ်ဖွဲ့ဝင်များ သည် မြို့နယ်အတွင်းရှိ စီးပွားရေးလုပ် ငန်းရှင်များ၊ ယာဉ်ပိုင်ရှင်များထံမှ အကူ အညီတောင်းခံနေရ ပါေ ကြာင်း၊ ထို့အ ပြင် မြို့နယ်အသီးသီးတွင် ယာဉ်လုံ လောက်မှုမရှိသည့် အပြင် ရှိသည့်ယာဉ် များမှာလည်း ပျက်စီးယိုယွင်းနေသည့် အတွက် အသစ်ဖြည့်စွက်ဆောင် ရွက် ပေးရန်လည်း လိုအပ်လျက်ရှိနေပါကြောင်း၊ မြို့နယ်အသီးသီးရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ များသို့ အချုပ်ယာဉ်၊ လှည့်ကင်း၊ လုံခြုံ ရေး ဆောင်ရွက်ရန်ယာဉ်နှင့် အဓိက ရုဏ်းနှိမ်နင်းရေးယာဉ်စသည် တို့ကို စီမံ ချက်ရေးဆွဲ၍ ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ရန် အစီအစဉ် ရှိ မရှိ သိရှိလိုပါ ကြောင်း သြဂုတ်လ ၁၉ ရက်နေ့တွင် ကျင်းပေ သာ ပြည်သူ့ လွှတ်တော်အစည်း အဝေးတွင် နတ္တလင်းမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွဋ်ဦးက မေးမြန်းရာ ပြည်ထဲရေး ဒုဝန်ကြီးက အ ထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

အစိုးရ ခွင့်ပြုချက်အရ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေးနှစ်အတွက် လှည့် ကင်းနှင့် လုံခြုံရေးအသုံးပြုရန် ဆလွန်း ယာဉ် ၄၄ စီး၊ double cab ယာဉ် ၁ဝဝ စီးနှင့် အချုပ်ယာဉ် ၁၆ စီး၊ မော်တော် ဆိုင်ကယ် ၁၅ဝ စီး ဝယ်ယူခွင့် ရရှိခဲ့ပြီး ဖြစ် သည့်အတွက် ပြည်ထဲရေးဝန်ကြီး ဌာန ပစ္စည်းဝယ်ယူမှု စိစစ်ရေးကော် မတီမှ အိတ်ဖွင့်တင်ဒါ ဈေးပြိုင် စနစ်ဖြင့် ဝယ်ယူရေးဆောင်ရွက်လျက်ရှိပြီး ဝယ် ယူပြီးပါက ဖြန့်ဝေထုတ်ပေးရေး ဆောင် ရွက်သွားမည်ဖြစ်ပါကြောင်း ဒုတိယဝန် ကြီးက ပြောသည်။

ဆက်လက်ပြီး ၄င်းက ယခုနှစ် ဇွန်လအတွင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနမှ မြန်မာ double cab ၊ single cab ယာဉ် ၆၃ စီး ထပ်မံခွဲဝေရရှိခဲ့သည့်အ တွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အသစ်တိုး ချဲ့ဖွဲ့စည်းခဲ့သော တပ်ဖွဲ့များသို့ ခွဲဝေ ထုတ်ပေးထားရှိ ပါကြောင်းနှင့် မော် တော်ယာဉ်များ ထပ်မံဖြည့် တင်းရရှိလာ ပါကမြို့နယ်အသီးသီးသို့ ဆက်လက်ခွဲ ဝေထုတ်ပေးရေး ဆောင် ရွက်သွားမည် ဖြစ်ကြောင်း လွှတ်တော်သို့ တင်ပြခဲ့ သည်။

From : ..popular

ကုလကိုယ်စားလှယ် လုံခြုံရေးကိစ္စဝေဖန်မှု အစိုးရငြင်းဆို

Posted by drmyochit Friday, August 23, 2013, under | No comments

ကုလသမဂ္ဂ ​လူ့အခွင့်အရေးဆိုင်ရာ ​အထူးကိုယ်စားလှယ် ​မစ္စတာ ​သောမတ်စ်အိုဟေး ​ကင်တားနားရဲ့ ​မြန်မာနိုင်ငံ ​ခရီးစဉ်အတွင်း ​မြန်မာလုံခြုံရေးသမားတွေက ​သူ့ကို ​ကာကွယ်မှု ​မပေးနိုင်ခဲ့ဘူးလို့ ​ပြောဆိုတဲ့အပေါ် ​မြန်မာအစိုးရက ​ငြင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tomas Ojea Quintana (Credit: AFP)

မစ္စတာ ​သောမတ်စ် ​အိုဟေး ​ကင်တားနား ​ရဲ့အဆိုအရ ​သြဂုတ်လ ​၁၉ ​ရက်နေ့က ​မိတ္တီလာမြို့အဝင်မှာ ​ဆန္ဒပြသူအယောက် ​၂၀၀ ​လောက် ​ဆန္ဒပြခဲ့ကြပြီး ​တချို့လူတွေက ​ကားပြတင်းနဲ့ ​တခါးတွေကို ​ကန်ပြီး ​ဆဲဆိုအော်ဟစ်ခဲ့ကြတယ်လို့ ​ဆိုပါတယ်။

မြန်မာနိုင်ငံ ​ရဲတပ်ဖွဲ့ရဲ့ ​ပြောခွင့်ရပုဂ္ဂိုလ်ကတော့ ​ဆန္ဒပြသူတွေက ​ကင်တားနားကို ​လက်ကမ်းစာတွေ ​ဓာတ်ပုံတွေ ​ပေးခိုင်းတဲ့အတွက် ​အရပ်ဝတ် ​ဝတ်ဆင်ထားတဲ့ ​လုံခြုံရေးတပ်တွေကနေ ​လက်ကမ်းစာပေးနိုင်ဖို့ ​ကားပြတင်းမှန်ကို ​ချဖို့ ​အချက်ပြတဲ့အနေနဲ့ ​တံခါးခေါက်တာတွေ ​ပြီးတော့ ​ကားအရှေ့တိုးဖို့ ​သတိပေးတဲ့အနေနဲ့ ​ကားမှန်ကို ​ရိုက်ပြီး ​သတိပေးရုံသာ ​လုပ်ခဲ့တယ်လို့ ​ပြောပါတယ်။

ဒီလို ​လုပ်ဆောင်တာကို ​အထင်လွဲပြီး ​သူ့ကို ​ရန်မှုတဲ့ ​သဘောလို့ ​မြင်ခဲ့တာလို့ ​ဆိုပါတယ်။

ကုလသမဂ္ဂကိုယ်စားလှယ်ကတော့ ​သူ့အနေနဲ့ ​အဲဒီအချိန်မှာ ​ခံစားခဲ့ရတဲ့ ​ကြောက်စိတ်တွေဟာ ​မိတ္တီလာ ​ပဋိပက္ခဖြစ်စဉ်အတွင်း ​အုပ်စုလိုက် ​အကြမ်းဖက်တဲ့ ​ရန်ကနေ ​ထွက်ပြေးခဲ့ရသူတွေရဲ့ ​အကြောက်တရားတွေကို ​ပိုပြီး ​နားလည်စာနာရတယ်လို့ ​ပြောခဲ့ပါတယ်။



ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စာလှယ်ထိုင်း-မြန်မာနယ်စပ်ရှိ ​အဖွဲ့အစည်းများနဲ့တွေ့ဆုံ

မြန်မာနိုင်ငံဆိုင်ရာ ​ကုလသမဂ္ဂ ​လူ့အခွင့်အရေး ​အထူး ​ကိုယ်စားလှယ် ​မစ္စတာ ​သောမတ်စ် ​အိုဟေး ​ကင်တာနားဟာ ​မြန်မာနိုင်ငံကနေ ​ထိုင်း-မြန်မာနယ်စပ် ​မဲဆောက်မြို့ကို ​သြဂုတ်လ ​၂၂ ​ရက်နေ့ ​မနက်ပိုင်းမှာရောက်ရှိခဲ့ပြီး ​နယ်စပ် ​လူ့အခွင့်အရေးကိစ္စတွေ ​လှုပ်ရှားဆောင်ရွက်နေကြတဲ့ ​တိုင်းရင်းသား ​အဖွဲ့အစည်း ​၆ ​ဖွဲ့က ​ခေါင်းဆောင်တွေနဲ့ ​တွေ့ဆုံခဲ့တယ်လို့ ​သိရပါတယ်။

မစ္စတာကင်တားနားနဲ့တွေ့ဆုံခဲ့တဲ့ ​အဖွဲ့ကိုယ်စားလှယ်များကတော့ ​မယ်တော်ဆေးခန်း ​MTC ​၊ ​ကရင်အမျိုးသမီးအစည်းရုံး ​KWO ​၊ ​နိုင်ငံရေးအကျဉ်းသားများ ​ကူညီစောင့်ရှောက်ရေးအသင်း ​(မြန်မာနိုင်ငံ) ​AAPP၊ ​ထိုင်း ​မြန်မာ ​နယ်စပ် ​ကော်မတီ ​TBBC၊ ​ကရင်လူ့အခွင့်အရေးစောင့်ကြည့် ​လေ့လာရေးအဖွဲ့ ​KHRC ​နဲ့ ​Burma ​Partnership ​အဖွဲ့ ​တို့ဖြစ်ကြပါတယ်။

တွေ့ဆုံပွဲအတွင်း ​တိုင်းရင်းသားနယ်စပ်ဒေသမှာ ​ဖြစ်ပေါ်နေတဲ့ ​လူ့အခွင့်အရေးကိစ္စတွေကို ​မစ္စတာ ​ကင်တာနားအားတင်ပြခဲ့တာတွေနဲ့ပတ်သက်ပြီး ​မယ်တော်ဆေးခန်းက ​နယ်စပ်ဒေသ ​ကျန်းမာရေး ​တာဝန်ခံ ​စောသာဝင်း ​က ​အခုလို ​ပြောပါတယ်။

“အဓိကက ​အခုအပြောင်းအလဲတွေမှာတော့ ​ကျနော်တို့ ​အောက်ခြေမှာ ​ပြောင်းလဲတာတွေ ​သိပ်မရှိသေးဘူးပေါ့လေ၊ ​အရင်နဂိုအတိုင်းပဲဆက်ရှိနေတာပေါ့၊ ​သိပ်အကြီးကြီး ​ပြောင်းလဲမှုတွေလည်း ​မရှိသလို ​အပေါ်ပိုင်းမှာပြောနေတဲ့ ​ပြောင်းလဲမှုတွေဟာလည်း ​ဒီအောက်ခြေမှာ ​သိပ်သဘောမပေါက် ​နားမလည်သေးဘူး၊ ​လူ့အခွင့်အရေး ​ချိုးဖောက်မှုတွေကတော့ ​လမ်းမိုင်းတို့ ​ဒီအမျိုးသမီး ​အစ်ချူး ​တို့ ​ပေါ့နော် ​ဒီ ​မက်လထရီ ​တွေက ​တပ်တွေကို ​မရုတ်သိမ်းသေးတဲ့အပေါ်မှာ ​အမျိုးသမီးအပေါ်မှာ ​အကြမ်းဖက်မှုတွေစိုးရိမ်ရတဲ့ ​အနေအထားတွေပေါ့နော်၊ ​ပြည်သူတွေရဲ့ ​စိတ်ထဲမှာ ​စိုးရိမ်နေတဲ့ ​အကြောင်းတွေ ​အဲ့ဒီ ​အနေအထားတွေကို ​တင်ပြဖြစ်တယ်ပေါ့၊ ​နောက်တခုက ​အစိုးရတပ်တွေရဲ့ ​လှုပ်ရှားမှုတွေဟာ ​ပုံစံတမျိုးနဲ့ ​နောက်ပိုင်းမှာ ​ဖြစ်နေကြတာပေါ့ ​အဲ့ဒီပုံစံမျိုးတွေ ​တင်ပြတာရှိတယ်၊ ​မူးယစ်ဆေးဝါး ​ကိစ္စတွေကိုလည်း ​တင်ပြတာရှိတယ်။”

မစ္စတာ ​ကင်တာနားက ​တွေ့ဆုံပွဲကရရှိတဲ့အချက်အလက်တွေနဲ့ ​မြန်မာနိုင်ငံတွင်းမှာ ​လေ့လာတွေ့ရှိခဲ့တဲ့အချက်တွေကို ​အောက်တိုဘာ ​၂၄ ​ရက်နေ့မှာ ​ကျင်းပမယ့် ​ကုလသမဂ္ဂအထွေထွေညီလာခံမှာ ​အစီရင်ခံတင်ပြသွားမှာဖြစ်တယ်လို့ ​ရေဒီယို ​သြစတေးလျ ​သတင်းထောက် ​သန်းကျော်စိုး ​က ​သတင်းပေးပို့ထားပါတယ်။

From: ABC Radio Australia

ဟံသာဝတီ ပြန်လည် ထူထောင်ရေး ပါတီ တပ်ဖွဲ့ဝင်များ လက်နက် ခဲယမ်းများဖြင့် အလင်းဝင် ရောက်လာ

Posted by drmyochit Friday, August 23, 2013, under | No comments


(မွန်ပြည်နယ်၊ သြဂုတ် ၁၉)

ဟံသာဝတီပြန်လည် ထူထောင် ရေးပါတီ (H.R.P) တပ်ဖွဲ့ဝင် ၈ ဦးတို့ သည် လက်နက် ခဲယမ်းများနှင့် အတူ သံ ဖြူ ဇရပ်ရှိ စစ်ဘက် လုံခြုံရေး တပ်စုသို့ သြဂုတ် ၁၁ ရက်နေ့ ညနေက အလင်း ဝင်ရောက်ကြောင်း သိရသည်။

နိုင်ပန်းညွန့် ဦးဆောင်သော ဟံသာဝတီ ပြန်လည် ထူထောင်ရေးပါတီ (H.R.P) တပ်ဖွဲ့ဝင် များသည် တနင်္သာ ရီတိုင်းဒေသကြီး၊ ထားဝယ် ခရိုင်၊ ပကျွတ် ကျေးရွာ နယ်မြေ အတွင်း အခြေပြုလှုပ် ရှားနေခြင်း ဖြစ်သည်။

အလင်းဝင်သော အဆိုပါ အဖွဲ့ တွင် ဗိုလ်မှူး အဆင့်ရှိနိုင်အောင်ကျနိုက်၊ ဗိုလ်ကြီးနိုင်ထူးထူးစိန်၊ ဗိုလ်ကြီးနိုင်ကလပ်စွန်း၊ အရာခံ ဗိုလ်နိုင်အထူး၊ တပ် သားနိုင်ချမ်း ကရော့၊ တပ်သားနိုင် အောင်ကျနိုက်၊ တပ်သားနိုင်အဝနှင့် တပ်သားနိုင်ဗလိုင်စိုး တို့ဖြစ်သည်။ ၄င်းတို့နှင့်အတူ လမ်းလျှောက် စကားပြော စက်တစ်လုံး၊ လက်ပစ်ဗုံး တစ်လုံး၊ AK 47 နှစ်လက်၊ ပွိုင့် 22 နှစ်လက်၊ ပွိုင့် ၃ဝ ကာဘိုင် တစ်လက်၊ ခြောက်လုံးပြူး နှစ် လက်၊ လုပ်သေနတ်တို တစ်လက်နှင့်ကျည် ၇၁ တောင့် တို့ကိုပါ အပ်နှံပြီး အလင်း ဝင်ရောက်ခြင်း ဖြစ်ကြောင်း သိရသည်။

From : ..popular

အထက်တန်းအဆင့်မရောက်မီ ကျောင်းသူလေးများအား အပျိုစစ်မစစ် စစ်ဆေးရန်စီစဉ်

Posted by drmyochit Friday, August 23, 2013, under | No comments


အင်ဒိုနီးရှားနိုင်ငံ စူမားတြား ကျွန်းရှိ Prabumulih မြို့မှ ပညာ ရေးဌာနအကြီးအကဲဖြစ်သူ မူဟာ မက်ရာရှစ်က အထက်တန်းတက် ရောက်မည့် မြီးကောင်ပေါက် ကျောင်းသူလေးများအား အပျို ရည်စစ်ဆေး သင့်ကြောင်း ထုတ် ဖော်ပြောကြားခဲ့ရာ လူအများ ဒေါသထွက်ကြပြီး အမျိုးသမီး အရေး လှုပ်ရှား တက်ကြွသူများ က အမျိုးသမီးများအပေါ် လိင် ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအား ပေးကြောင်း စွပ်စွဲ ခဲ့ကြသည်။

ပြည့်တန်ဆာ လုပ်သည်ဟု စွပ်စွဲချက်ဖြင့် ဖမ်းဆီးခြင်းခံရသော အထက်တန်းကျောင်းသူခြောက် ဦး၏ သတင်းထွက်ပေါ် လာပြီး နောက် ၎င်းအကြံပြုချက်ထွက် ပေါ်လာခဲ့ခြင်းဖြစ်သည်။ ထိုအစီ အစဉ်အား လာမည့်၂၀၁၄ခုနှစ် မှစ၍ အကောင်အထည်ဖော် သွားမည် ဟုပြောသော်လည်း မြို့ တော်ဝန်နှင့် ဒေသပါ လီမန်မှ အတည်ပြုချက်လိုကြောင်းလည်း သိရသည်။

သင်၏ကလေးများကို ဆိုး ကျိုးသက်ရောက်မှုမှကာကွယ်ရန် အခြားနည်းလမ်းများရှိကြောင်း၊ ယခု အစီ အစဉ် သည် အမြော် အမြင်မရှိကြောင်း ပညာရေးဝန် ကြီး မိုဟာမက်နုမှ ဦးဆောင်ပြီး ဝေဖန်ပြစ် တင်ကြသည်။

ယခုအစီအစဉ်အား ဒေသ အာဏာပိုင်များမှ မထောက်ခံ ၍ အကောင်အထည်ပေါ်မည် မဟုတ်ကြောင်း၊ ဒုတိယ မြို့တော် ဝန်က ပြောသည်။

၂၀၁ဝပြည့်နှစ်ကလည်း Jami ပြည်နယ်တွင် ယခုကဲ့သို့ အပျိုရည်စစ်ဆေးမည့်အစီအစဉ် တင်ပြခဲ့ရာ ဗဟို အစိုးရ ကန့်ကွက် မှုကြောင့် အစီအစဉ်ပျက်ခဲ့ရဖူး သည်။

From : ..YMG

ဒဂုန်တာရာနှင့် လွတ်ငြိမ်းခွင့်ကဗျာ

Posted by drmyochit Friday, August 23, 2013, under | No comments


(က)
မျက်မှောက်ခေတ် မြန်မာစာပေနယ်ပယ်တွင် ကဗျာဆရာကြီး “ဒဂုန်တာရာ” သည် အငြင်းအပွားရဆုံး ပုဂိ္ဂုလ် တစ်ဦးဖြစ်၏။ သူသည် အတတ်ပညာရေးရာအပိုင်းနှင့် အကြောင်းအရာရေးရာအပိုင်းနှစ်ခုစလုံးတွင် ထူးခြား သစ်လွင်မြင့်မားသည့် တီထွင်မှု၊ ခံယူမှုရှိသူဖြစ်၏။ အထူးသဖြင့် အဘိဓမ္မာရေးရာအပိုင်းတွင် အပြင်း အထန် ဝေဖန်ငြင်းခုန်ခြင်း ခံရသူ ဖြစ်၏။ သူ၏ငြိမ်းချမ်းရေးဆိုင်ရာ အယူအဆ၊ အနုပညာရေး ဆိုင်ရာ အယူအဆများမှာ လေးနက် ခက်ခဲလှ၏။ ဥပမာ “ကျွန်တော့်တွင် ရန်သူမရှိ၊ မိတ်ဆွေသာရှိ” အယူအဆ “ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်လို့ရသည်” ဟူသော အပြောအဆို အယူအဆများမှာ မြန်မာစာပေ နယ်ပယ်တွင် ပွက်လောညံအောင် ငြင်းခုန် ကြရသည့် အယူအဆများဖြစ်၏။ အနုပညာရေးရာပိုင်းတွင် “အတတ်ပညာမဲ့လျှင်မဲ့ပါစေ၊ အဘိဓမ္မာမမဲ့စေနဲ့ ဟူသောစကား” နှင့် “မုဆိုးစိုင်သင်” အယူအဆများမှာ စာပေလောကအတွင်း သတိမပြုဘဲ မနေနိုင်လောက်အောင် အငြင်းပွားခဲ့ကြရသည့် အယူအဆများဖြစ် ၏။ သူသည်ကား မြန်မာစာပေသမားများထဲ၌ “ဗဟုဝါဒ” ကို အစောဆုံး စတင်ပြောဆိုခံယူသူလည်း ဖြစ် လေသည်။

ငယ်စဉ်က ကျွန်တော်သည်၊ ကဗျာဆရာကြီး “ဒဂုန်တာရာ” ၏ စကားလုံးရွေးချယ်မှု ဆန်းသစ်ခြင်းအပေါ် အာရုံညွှတ်ခဲ့၏။ ဥပမာ “၀စ်လစ်စလစ်လမ်းမကြီး”၊ “ပန်းနုရောင်အို”အစရှိသော စကားလုံးများဖြစ်၏။ “အနုပညာ” ဟူသောစကားလုံးသည်ပင်လျှင် ဆရာကြီးဒဂုန်တာရာက စတင်တီထွင်အသုံးပြုခဲ့သော စကားလုံးအဖြစ် ပြောသံ ဆိုသံကြားရသောအခါ ကျွန်တော့်နားရွက်များမှာ ပိုမို ပြန့်ကားသွားရ၏။

သည့်နောက်ပိုင်း၊ အသက်အရွယ်ရလာသောအခါမူ၊ ဆရာကြီးဒဂုန်တာရာ၏ တို့ကာထိက ထောက်ပြဝေဖန်သောဝေဖန်ရေးနည်းနာများ၊ အဘိဓမ္မာဆန်သော စကားများကိုပိုပြီး အာရုံကိုင်းညွှတ်လာခဲ့၏။ အထူးသဖြင့်၊ “ကျွန်တော့်တွင် ရန်သူမရှိ၊ မိတ်ဆွေသာရှိ အယူအဆ။ ရန်သူကို မိတ်ဆွေဖြစ် အောင်လုပ်ခြင်းသည် နိုင်ငံရေးဖြစ်သည်” ဟူသော အပြောအဆိုအယူအဆများကို ပိုပြီး စိတ်ဝင်စားခဲ့မိလေသည်။ ပြီးတော့ သူ၏ ဗဟုဝါဒ အယူအဆ။

                                                            (ခ) 

ကဗျာဆရာကြီး “ဒဂုန်တာရာ” သည် အလှဝါဒီ၊ ငြိမ်းချမ်းရေးဝါဒီ ဖြစ်၏။ သည်အကြောင်းကိုပြောလျှင် စာတစ်စောင်ပေတစ်ဖွဲ့ရေးပြီး ပြောမှသာလျှင် ပြည့်စုံနိုင်မည် ဖြစ်သည်။ ကျွန်တော့်၏ဆောင်းပါးမှာ ဆရာကြီးဒဂုန်တာရာ၏ အဘိဓမ္မာအယူအဆကို ခြုံမိငုံမိအောင် ဖော်ပြနိုင်မည်မဟုတ်သည်ကို သိပါ သည်။ သိုသော် “မခြုံငုံမိသည့်တိုင်၊ အထောက်အကူတစ်ခုအဖြစ် ယူဆလို့ရနိုင်သည့် ကဗျာတစ်ပုဒ်”ကို ကျွန်တော် တင်ပြချင်ပါသည်။ ယင်းကဗျာမှာ ၁၉၈၇-ခု စက်တင်ဘာလထုတ် “မြတ်လေးမဂ္ဂဇင်း” တွင် ဖော်ပြခဲ့သည့်ကဗျာ ဖြစ်၏။ ဆရာကြီး ဒဂုန်တာရာသည် ထိုကဗျာကို “လွတ်ငြိမ်းခွင့်” ဟု ခေါင်းစဉ်တပ်လေသည်။

လွတ်ငြိမ်းခွင့်ပြင်သစ်ပြည်ကလီယွန်တရားရုံး၊ ဆုံးဖြတ်ရန်မှာဘော်လီဘီယာမှ၊ ဖမ်းကာပို့လာဘာဘီဆိုသူ၊ နာဇီဖက်ဆစ်လျှို့ဝှက်ပုလိပ်၊ ပါးကွက်သားတည့်သူ့အားစစ်ဆေးရန် ရုံးချိန်းသောနေ့။

အမှုမှာမူလူသားတို့အား၊ မတရားသက်သက်ရက်စက်ကြမ်းကြုတ်၊ နှိပ်စက်ညှဉ်းပန်းဖမ်းဆီးသက်ဖြတ်၊ ဓာတ်ငွေ့အဆိပ်ခန်းထောက်လှမ်းပို့ပေး၊ အနှစ်လေးဆယ်ကျော်စစ်အတွင်းက အမှုဖိုင်တွဲ။

သူ့ လက်ချက်ကြောင့်နှိပ်စက်ခံရ၊ ရှင်ပြန်ထသူအမျိုးသမီးအို၊ ချိုင်းထောက်ကြီးနှင့်တံတွေးထွေးပြီး၊ မလေးမဖင့်နင်မှ နင်ပဲ၊ တိုင်းထွာဆဲရေးပြင်သစ်တော်လှန်ရေးသမား၊ သတင်းပေးသူဖမ်းပေးသူလည်း၊ နင်မှနင်အစစ်ပဲမျက်မြင်သက်သေ၊ ထွက်ဆိုလေရာဘာဘီခမျာ၊ အသာခေါင်းခါဘာမှမသိ၊ ငြင်းကွယ်ဘိငြားတရားရုံးက၊ စီရင်ချက်ချတစ်သက်ထောင်ဒဏ် ကျခံစေသတဲ့။

ငါတစ်မူကားငြိမ်းချမ်းရေးသမားမို့ ၊ သူ့ အားခွင့်လွှတ်လွတ်ငြိမ်းခွင့် ပေးလိုက်ချင်သည်။ခွင့်လွှတ်ခြင်းသည်လက်စားချေခြင်းထက်၊ ထက်မြက်လက်နက်ခက်ခဲပေမင့်၊ မြင့်မြတ်စိတ်ထားသဘောထားကြီးလိုက်ပါ။ ။
                                                                    (ဂ)

“လွတ်ငြိမ်းခွင့်” ကဗျာကို၊ ဆရာကြီး “ဒဂုန်တာရာ” သည် ၁၉၈၇-ခုနှစ်တွင် ရေးခဲ့ခြင်း ဖြစ်သည်။ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီး မပေါ်ပေါက်မီ (၁၁)လ အလိုတွင် ဖြစ်သည်။ ထို့ကြောင့် “လွတ်ငြိမ်းခွင့်” ကဗျာမှာ၊ မြန်မာ့နိုင်ငံရေးအကြပ်အတည်း အခက်အခဲကို ကြိုမြင်သည့်အတွက် ရေးဖွဲ့ ဖော်ပြခဲ့ခြင်း ဖြစ်သည်လော ဟူ၍ပင် ယူဆရပေသည်။ အမျိုးသားသွေးကွဲမှုကြီး အထွဋ်အထိပ်ကာလအလွန် အမျိုးသားပြန်လည်သင့်မြတ်ရေး လမ်းစများကို ရှာဖွေနေကြရသည့် ယခုလိုအချိန်အခါမျိုးတွင် “လွတ်ငြိမ်းခွင့်” ကဗျာမှာ၊ အဘိဓမ္မာရေးအရ လွန်စွာအရေးပါလှသည့်ကဗျာ ဖြစ်သည်ဟု ကျွန်တော်ယူဆမိသည်။

“လွတ်ငြိမ်းခွင့်” ဆိုသည်မှာ၊ အတိုင်းအတာတစ်ခုတော့ရှိသင့်သည်။ သို့မှသာလျှင် နောင်တွင် နောက်ထပ် အပြစ် ကျူးလွန်သူများ ပေါ်ပေါက်မလာစေရန် ကာကွယ်ရာရောက်သည်ဟုဆိုကာ ဆရာကြီး “ဒဂုန် တာရာ” ၏ “လွတ်ငြိမ်းခွင့်” ကို လက်တွေ့မကျသည့် စိတ်ကူးယဉ်အယူအဆတစ်ခုအဖြစ် ဝေဖန်သူတချို့က အပြင်းအထန်ဝေဖန်ကန့်ကွက်ကြ၏။ “လေကိုစိုက်ပျိုးသဖြင့် မုန်တိုင်းကို ရိတ်သိမ်းရလိမ့်မည်” ဟူသော အမြင်ရှိသူတို့ကလည်း၊ ဆရာကြီးဒဂုန်တာရာ၏ “လွတ်ငြိမ်းခွင့်” ကဗျာကို အလျှော့ပေးရေးဝါဒ၊ အညံ့ခံရေးဝါဒဖြစ်သည်ဟု ဝေဖန်ကြ၏။ တချို့ကဆိုလျှင် “ထာဝရကျွန်ခံရေး” အဘိဓမ္မာတစ်ခု အဖြစ်ပင်လျှင် တင်စားပြောဆိုကြလေသည်။

၁၉၅၇-ခုနှစ်အတွင်းတုန်းက ဖြစ်သည်။ “ဟန်ဂေရီ” နိုင်ငံအတွင်းသို့ ဆိုဗီယက် ရုရှားတင့်ကားများ ၀င်ရောက်လာခဲ့ပြီး၊ ဟန်ဂေရီ နိုင်ငံပြည်တွင်းရေးကို ၀င်ရောက်ဖြေရှင်းသောအခါ၊ ကမ်္ဘာ့ငြိမ်းချမ်းရေး ကွန်ဂရက် (မြန်မာနိုင်ငံ)၊ အမှုဆောင်အဖွဲ့၌ ဆိုဗီယက်တို့၏ စစ်ရေးဆောင်ရွက်ချက်ကို ထောက်ခံခြင်း သို့မဟုတ် ကန့်ကွက်ရန် ကိစ္စ စည်းဝေးတိုင်ပင်ခဲ့ကြဖူး၏။ ထိုစဉ်က ယင်းအမှုဆောင်အဖွဲ့တွင် လက်ဝဲအယူအဆကို တိမ်းညွှတ်သည့် ပုဂ်္ဂိုလ်များက အများစုပါဝင်၏။ ဆရာကြီး “ဒဂုန်တာရာ” သည် “ဟန်ဂေရီ”ပြည် အတွင်းစစ်ရေးအရ ၀င်ရောက်စွက်ဖက်သည့် ဆိုဗီယက်တို့ကို ကန့်ကွက်ရမည်ဖြစ်ကြောင်း အဆိုပြုခဲ့၏။ သို့သော် ယင်းအယူအဆကို ထောက်ခံမည့်သူ တစ်ဦးမျှပင်မရှိခဲ့။ အမှုဆောင်တစ်ဖွဲ့လုံးက ဆရာကြီး “ဒဂုန်တာရာ” ၏ အဆိုကို မထောက်ခံနိုင်ခဲ့ကြ။ ဤအဖြစ်အပျက်ကိုကြည့်လျှင် မြန်မာစာပေသမိုင်း၌ “အမျိုးသားတို့၏ ကိုယ်ပိုင်လွတ်လပ်ခွင့် ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် အချုပ်ချာအာဏာပိုင်ဆိုင်ခွင့်” ဆိုင်ရာ သဘောတရားအမြင်တွင်၊ ဆရာကြီး “ဒဂုန်တာရာ” သည် အများတကာထက်စောစွာ၊ မှန်စွာ၊ တည့်မတ်စွာ သိမြင်လက်ခံနိုင်ခဲ့သူဟု ဆိုရပါမည်။ နောင်အခါ ယင်းဟန်ဂေရီအရေးအခင်းတွင် ဆိုဗီယက်တို့ ၀င်ရောက်ဖြေရှင်းမှုကို ဟန်ဂေရီပြည်သူများ အပါအ၀င် ယဉ်ကျေးသောကမ္ဘာတစ်လုံးက ၀ိုင်းဝန်းကန့်ကွက် ရှုတ်ချလာခဲ့ကြလေသည်။

ယခုလည်း “လွတ်ငြိမ်းခွင့်” ကဗျာတွင်၊ လူသားတို့၏ရန်သူဖြစ်ခဲ့သူ၊ လူသားတို့အား သေတွင်းသို့ပို့ခဲ့သူ၊ စစ်ရာဇ၀တ်ကောင် တစ်ဦးအား၊ ဆရာကြီး “ဒဂုန်တာရာ” က “လွတ် ငြိမ်းခွင့်” ပေးသင့်သည်ဟု ဆိုခဲ့ပြန်ပါပြီ။ ဆရာဒဂုန်တာရာ သည်ကား “သည်းခံခွင့်လွှတ်ခြင်းသည် လက်စားချေခြင်းထက်ပို၍ ထိရောက်မှန်ကန်သည့်နည်းဖြစ်သည်” ဟူသော အယူအဆကို လက်တွေ့ကိုင်စွဲပြလိုက်ပြန်ပါသည်။

ကဗျာဆရာကြီး “ဒဂုန်တာရာ”သည်ကား၊ မျက်မှောက်ခေတ် မြန်မာစာပေသမိုင်း၌ အငြင်းပွားအခံရဆုံး ကဗျာဆရာကြီး တစ်ဦး ဖြစ်သည်ဆိုသည့် အဆိုအပေါ် “လွတ်ငြိမ်းခွင့်” ကဗျာသည်၊ အထင်ရှားဆုံး သက်သေထူနိုင်သည့် ကဗျာတစ်ပုဒ် ဖြစ်လာခဲ့သည်ဟု ကျွန်တော်ယူဆမိသည်။

အားလုံးသိကြသည့်အတိုင်း ကျွန်တော်တို့၏ အမျိုးသားသွေးကွဲမှုကြီးမှာ သာမန်သွေးကွဲမှုကြီး မဟုတ်ပါ။သွေးစွန်းခဲ့ပြီဖြစ်သော နာတာရှည်အမျိုးသားသွေးကွဲမှုကြီး ဖြစ်သည်။

ယခုအခါ မည်သည့်အခါနှင့်မျှမတူအောင်ပင် အမျိုးသားပြန်လည်သင့်မြတ်ရေး လမ်းစနှင့် ပြည်တွင်းစစ် ချုပ်ငြိမ်းရေး လမ်းစများကို လူသိထင်ရှားမြေလှန်ပြီး ရှာဖွေနေကြပြီ လောဟုယူဆရမည့်အချိန်မျိုးတွင် ခိုင်မြဲသည့် သင့်မြတ်ရေးအယူအဆနှင့် ထာဝရတည်တန့်ပြီး အလျင်မြန်ဆုံး ငြိမ်းချမ်ရေးရရာ ရကြောင်း လမ်းစများမှာ ဆရာကြီးဒဂုန်တာရာ၏ “ခွင့်လွှတ်သည်းခံခြင်း၊ အပြန်အလှန် အသိအမှတ်ပြုလေးစားခြင်း၊ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ခြင်း အခြေခံမူ”အပေါ်တွင် အခြေမစိုက်သရွေ့ ကျွန်တော်တို့သည် အမျိုးသားသင့်မြတ်ရေးနှင့်ပြည်တွင်းစစ်ချုပ်ငြိမ်းရေး ၀င်္ကဘာအတွင်းမှ လွတ်မြောက်အောင် ဖောက်ထွက်နိုင်ကြမည် မဟုတ်ကြောင်း ယုံကြည်နေမိ၏။ ။      

မောင်သစ်ဦး | Mizzmia

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်