ကာဇက်စတန်နှင့် ရုရှားနိုင်ငံတို့၏ ပူးတွဲစစ်ရေးလေ့ကျင့်ခန်း
Aldaspan-2012
ဖွင့်ပွဲအခမ်းအနားအား
ကာဇက်စတန်နိုင်ငံ အရှေ့တောင်ပိုင်းဒေသရှိ Koktal စစ်စခန်းတွင် ဇူလိုင်လ ၇ ရက်နေ့တွင် ကျင်းပခဲ့ကြောင်းနှင့်
အဆိုပါ စစ်ရေးလေ့ကျင့်ခန်းကို ၁၂ ရက်နေ့အထိပြုလုပ်မည်ဖြစ်ကြောင်း ကာဇက်စတန် ကာကွယ်ရေးဝန်ကြီး
ဌာနကပြောကြားခဲ့သည်ဟု Newsnow သတင်းတစ်ရပ်အရသိရှိရပါသည်။ အဆိုပါ စစ်ရေးလေ့ကျင့်ခန်းတွင်
ကာဇက်စတန်တပ်မတော်မှ လေကြောင်းချီတပ်မများအပြင် တောင်ပိုင်းဒေသ စစ်ဌာနချုပ် လက်အောက်ရှိ
တပ်ဖွဲ့များနှင့် ရုရှားနိုင်ငံအလယ်ပိုင်းစစ်ခရိုင်မှ တပ်ဖွဲ့ဝင်များ ပါဝင်ကြောင်း
သိရှိရပါသည်။ အဆိုပါ Aldaspan စစ်ရေးလေ့ကျင့်ခန်းအား ကာဇက်စတန်နှင့်
ရုရှားတပ်မတော်တို့အကြား စစ်ဆင်ရေးနှင့်လေ့ကျင့်ရေးဆိုင်ရာပူးတွဲဆောင်ရွက်ရေး အစီအစဉ်အရပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ကာဇက်ကြည်း တပ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မူရတ်မေကီးဗ်က
ပြောကြားခဲ့ပါသည်။
Time in Rangoon

0 comments:
Post a Comment