Wednesday, July 11, 2012

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် ပြည်သူ့လုံခြုံရေးဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

Posted by drmyochit Wednesday, July 11, 2012, under | No comments

 နေပြည်တော် ဇူလိုင် ၉

        ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် နေပြည်တော်၌ ရောက်ရှိနေသော ထိုင်းနိုင်ငံထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General Tanasak Patinepragorn ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီမိနစ် ၂၀ တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။




       ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံတပ်မတော်များအကြား ချစ်ကြည်ရင်းနှီးမှု တိုးမြှင့် ခိုင်မာရေးနှင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးခင်မင်စွာ ဆွေးနွေးကြသည်။

      နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့်အတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဗိုလ်ချုပ်ကြီးလှဌေးဝင်း၊ ပြည်ထဲရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး၊ နယ်စပ်ရေးရာနှင့် မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီး၊ သမ္မတရုံးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးနှင့် နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ်တို့ တက်ရောက်ကြပြီး ဧည့်သည်တော် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E.Mr.Pisanu Subanajata လည်း တက်ရောက်သည်။

နိုင်ငံတော် သမ္မတရုံး

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်