NHK.or.jp;July-9(Mon)
ယူရိုဇုန်ဘဏ္ဍာရေးဝန်ကြီးများသည်
မကြာမီကာလအတွင်း ဘရပ်ဆဲလ်မြို့၌ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်မည်ဖြစ်ပါသည်။ ဇွန်လအတွင်းက
ဥရောပသမဂ္ဂခေါင်းဆောင်များမှြွေကးမြီအကျပ်အတည်းအား ဖြေရှင်းရာတွင်ပါဝင်ရန် သဘောတူညီမှုအား
ထပ်မံဖြည့်စွက်ရန်အကောင်အထည်ဖော်မည့် ဆောင်ရွက်ချက် များအားဆွေးနွေးမှုပြုလုပ်မည်ဖြစ်ပါသည်။
ယူရိုဇုန်ဘဏ္ဍာရေးဝန်ကြီးများအစည်းအဝေးကို ဇူလိုင်လ ၉ ရက်နေ့နှောင်းပိုင်းတွင် ဥရောပသမဂ္ဂဌာနချုပ်များတည်ရှိရာ
ဘရပ်ဆဲလ်မြို့၌စတင်ကျင်းပရန် စီစဉ်ထား ပါသည်။ အဆိုပါဆွေးနွေးပွဲတွင် ဥရောပသမဂ္ဂြွေကးမြီအကျပ်အတည်းကယ်ဆယ်ရေးရန်ပုံငွေအား
ငွေကြေး အကျပ်အတည်းကြုံတွေ့ရသောဘဏ်များထံ မည်သို့ထောက်ပံ့မည်နှင့်ြွေကးပိနေသောနိုင်ငံများအတွက်
ဘွန်းစာချုပ်ဈေးကွက်များတည်ငြိမ်မှုရရှိစေရန်တို့ကို ဆွေးနွေးမည်ဖြစ်ပါသည်။ စပိန်နိုင်ငံအတွက် ၎င်းတို့၏ အကူအညီအား မည်မျှပမာဏအထိထည့်ဝင်မည်နှင့်ပတ်သတ်၍လည်း ဆွေးနွေးမှုပြုလုပ်မည်ဟု
မျှော်လင့်ရ ပါသည်။
ဒေါက်တာမျိုးချစ်
0 comments:
Post a Comment