ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အမေရိကန်ဒေါ်လာ ၃
ဘီလီယံကုန်ကျမည့် Padma တံတား တည်ဆောက်ရေးစီမံကိန်း အတွက်ကမ္ဘာ့ဘဏ်မှ
အမေရိကန်ဒေါ်လာ ၁.၂ ဘီလီယံ ချေးမည့် အစီအစဉ်ကို ပယ်ဖျက်ခံခဲ့ရပြီးနောက် နိုင်ငံပိုင်
ရန်ပုံငွေဖြင့် တည်ဆောက်ရန် ဇူလိုင်လ ၉ ရက်နေ့တွင် ဆုံးဖြတ်ခဲ့ကြောင်း Newsnow သတင်းတစ်ရပ်
အရသိရှိရပါသည်။ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ ဦးဆောင်ကျင်းပသည့် ဇူလိုင်လ ၉ ရက်နေ့ အစိုးရအဖွဲ့
အစည်းအဝေးတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အဓိကမြစ်ကြီး ၃ခု အနက် တစ်ခုဖြစ်သော Padma
မြစ်တွင်အရှည် ၁ဝ ကီလိုမီတာရှိသည့် မြစ်ကူးတံတား တည်ဆောက်ရေးကို အတည်ပြုပေးခဲ့ကြောင်း၊
ကမ္ဘာ့ ဘဏ်သည် အဆိုပါ စီမံကိန်းအတွက် ငွေချေးမည့် အစီအစဉ်အား ဘင်္ဂလားဒေ့ရှ် အစိုးရအရာရှိများ
အနေဖြင့် အကျင့်ပျက်ခြစားမှုတစ်ရပ်တွင် ပါဝင်ပတ်သက် ခဲ့သည်ဆိုကာ ပယ်ဖျက်ခဲ့ခြင်းဖြစ်ကြောင်း
သိရှိရပါသည်။ အဆိုပါတံတား တည်ဆောက်ရေးအား လက်ရှိဘဏ္ဍာရေးနှစ်(၂ဝ၁၂ ခုနှစ် ဇူလိုင်လမှ
၂ဝ၁၃ ခုနှစ် ဇွန်လ အထိ) အတွင်းစတင် တည်ဆောက်မည်ဖြစ်ပြီး ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ်တွင် အပြီးသတ်
တည်ဆောက် မည်ဖြစ်ကြောင်း သိရှိရပါသည်။
Time in Rangoon

0 comments:
Post a Comment