Wednesday, July 11, 2012

နိုက်ဂျီးရီးယား၌ သေနတ်သမားပစ်ခတ်မှုကြောင့် လူ ၁ဝဝ ကျော် သေဆုံးခဲ့ခြင်း

Posted by drmyochit Wednesday, July 11, 2012, under | No comments


Yahoo!News(AFP);July-9(Mon)
နိုက်ဂျီးရီးယားနိုင်ငံအလယ်ပိုင်း Plateau  ပြည်နယ်၌ ဇူလိုင်လ ၇-၈ ရက်နေ့များတွင် သေနတ်သမား များ၏ပစ်ခတ်တိုက်ခိုက်မှုကြောင့် လူပေါင်း ၁ဝဝ ကျော်သေဆုံးခဲ့ကြောင်း အစိုးရ၏ပြောခွင့်ရ Pam Ayuba က AFP သတင်းဌာနသို့ ဇူလိုင်လ ၉ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ ဇူလိုင်လ ၇ ရက်နေ့တွင် Fulani မျိုးနွယ်စု၏တိုက်ခိုက်မှုကြောင့် လူပေါင်း ၈ဝ ကျော်သေဆုံးခဲ့ပြီး ဇူလိုင်လ ၈ ရက်နေ့တွင် ယခင်နေ့က သေဆုံးခဲ့သူများ၏ဈာပနကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လူပေါင်း ၂ဝ ကျော် သေဆုံးခဲ့ရကြောင်း Ayuba ကပြောကြားခဲ့ပါသည်။  Fulani ပဋိပက္ခသည် ဘာသာရေးဆိုင်ရာပဋိပက္ခတစ်ခုလည်းဖြစ်ပြီး နိုင်ငံ၏နိုင်ငံရေး စွမ်းအားကို အဓိကချုပ်ကိုင်ထားသော ခရစ်ယာန်ဘာသာကိုးကွယ်သူ Birom တို့က မွတ်စလင်များအား ပထုတ်ထားကြောင်း မကျေမနပ်ပြောကြားလျက်ရှိပါသည်။ ဇူလိုင်လ ၈ ရက်နေ့တွင် အထက်လွှတ်တော် အမတ် Gyang Dantong နှင့် အစိုးရရှေ့နေ Gyang Fulani တို့ သတ်ဖြတ်ခြင်းခံရပြီး ၎င်းတို့ ၂ ဦးစလုံးမှာ Birom မျိုးနွယ်စုဝင်များဖြစ်ပါသည်။ ၎င်းနှစ်ဦးအသတ်ခံရသည့် သတင်းပံျ့နှံ့သွားပြီးနောက် လမ်းမများပေါ်တွင် လူအုပ်ကြီးရောက်ရှိလာပြီး လမ်းများပိတ်ဆို့သွားခဲ့သဖြင့် နယ်မြေ ၄ ခု အား ချက်ချင်းပင် ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့ရကြောင်း Ayuba ကပြောကြားခဲ့ပါသည်။

ဒေါက်တာမျိုးချစ်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်