Wednesday, July 11, 2012

အာဖဂန်နစ္စတန်မှ နေတိုးယာဉ်များအတွက် ပါကစ္စတန်နိုင်ငံက ယာဉ်ရပ်နားစခန်းများအား နှစ်ဆတိုးမြှင့်လျက်ရှိခြင်း

Posted by drmyochit Wednesday, July 11, 2012, under | No comments


Yahoo!News(AFP);July-9(Mon)
အာဖဂန်နစ္စတန်ရှိ အမေရိကန်ဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့ဝင်များအား ထောက်ပံ့မှုမြင့်မား လာမည်ဖြစ်၍ ပို့ဆောင်ရေးလုပ်ငန်းများအား အရှိန်မြှင့်တင်ရန် နယ်စပ်ဒေသ၌ နေတိုးကုန်တင်ယာဉ်များ အတွက် ပါကစ္စတန်နိုင်ငံက ယာဉ်ရပ်နားစခန်းများအား နှစ်ဆတိုးမြှင့်လျက်ရှိကြောင်း သိရှိရပါသည်။ နေတိုး ကုန်တင်ယာဉ်များအတွက် ယာဉ်ရပ်နားရန်နေရာအား တိုးချဲ့ပြီးနောက် ကုန်တင်ယာဉ်များအရေအတွက်မှာ နှစ်ဆဖြစ်လာမည်ဖြစ်ကြောင်း Torkham နယ်စပ်ဒေသရှိ အကောက်အခွန်အရာရှိ Obaidullah Khan  က ပြောကြားခဲ့ပါသည်။ ယခင်က ယာဉ် ၂၅ဝ စီးခန့်သာရပ်နားနိုင်သော်လည်း ယခုအချိန်တွင် ယာဉ် ၅ဝဝ စီး ရပ်နားနိုင်ရန်မျှော်မှန်းထားကြောင်း Khan က ပြောကြားခဲ့ပါသည်။ နယ်စပ်ဒေသ၌ လုံခြုံရေးအား မြှင့်တင် ထားကြောင်းနှင့်ွှသမု့ော ယာဉ်ရပ်နားစခန်း၌ စစ်ဆေးရေးဂိတ် ၄ ခု ဖွင့်လှစ်ထားရှိကြောင်း Khan က ထပ်လောင်းပြောကြားခဲ့ပါသည်။ တာလီဘန်များသည် နေတိုးထောက်ပံ့ရေးယာဉ်များနှင့် ယာဉ်မောင်းများ အား သတ်ဖြတ်သွားမည်ဟု ပြောကြားထားကြောင်း၊ နေတိုးထောက်ပံ့ရေးယာဉ် ဖြတ်သန်းမည့်လမ်းကြောင်း တွင် ယခင်လုံခြုံရေးတပ်ဖွဲ့ဝင် ၅ဝဝ ချထားသော်လည်း ယခုအခါ ပိုမိုတိုးမြှင့်ချထားမည်ဖြစ်ကြောင်း၊ နေတိုး ထောက်ပံ့ရေးယာဉ်များအား လုံခြုံရေးအရ ညအချိန်သွားလာမှုအား ခွင့်ပြုသွားမည်မဟုတ်ကြောင်း ပြောကြား ခဲ့ပါသည်။

ဒေါက်တာမျိုးချစ်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်