Wednesday, July 11, 2012

ရုရှားနိုင်ငံမှ Yak-130 လေယာဉ် ၃၆ စီးအား ဆီးရီးယားနိုင်ငံသို့ လွှဲပြောင်းပေးမည်မဟုတ်သေးကြောင်း

Posted by drmyochit Wednesday, July 11, 2012, under | No comments


Rian.ru;July-9(Mon)
ဆီးရီးယားနိုင်ငံ၏ ပြည်တွင်းရေးအခြေအနေတည်ငြိမ်သောအခြေအနေရောက်သည်အထိ ဆီးရီးယားနိုင်ငံနှင့် စစ်ဘက်ဆိုင်ရာကန်ထရိုက်စာချုပ်ချုပ်ဆိုခြင်း၊ သို့မဟုတ် မည်သည့်စစ်လက်နက်ပစ္စည်း သစ်ကိုမျှ တင်ပို့မည်မဟုတ်ကြောင်း ရုရှားစစ်ဘက်နည်းပညာပူးပေါင်းဆောင်ရွက်ရေး ဒုတိယအကြီးအကဲ Vyacheslav Dzirkaln  က ဇူလိုင်လ ၉ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ ပြည်တွင်းရေးအခြေအနေငြိမ်သက်မှု မရှိမခြင်း Yak-130 အမောင်းသင်တိုက်လေယာဉ်များလွှဲပြောင်းပေးမည်မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့ပါ သည်။ ရုရှားနိုင်ငံအနေဖြင့်  Yak-130 လေယာဉ် ၃၆ စီးလွှဲပြောင်းပေးရန် ဆီးရီးယားနိုင်ငံနှင့် ဒေါ်လာ သန်း ၅၅ဝ တန်ဖိုးရှိ ကန်ထရိုက်စာချုပ်အား ချုပ်ဆိုထားပါသည်။ လစ်ဗျားနိုင်ငံမှလည်း လက်နက်ဆက်စပ်ပစ္စည်းများ နှင့် စစ်ပစ္စည်းများထောက်ပံ့ပေးရန် တောင်းဆိုခဲ့ကြောင်း၊ မိမိတို့အနေဖြင့် လစ်ဗျားနိုင်ငံ၏ ဖွဲ့စည်းတည်ဆောက်မှု အသစ်အတွက် ဆွေးနွေးလျက်ရှိကြောင်း ၎င်းကပြောကြားခဲ့ပါသည်။ ဆီးရီးယားသမ္မတ ဘတ်ရှာအယ်လ်အာဆတ် လက်ထက် 
၂ဝ၁၁ ခုနှစ် မတ်လမှစတင်၍ အစိုးရဆန့်ကျင်ရေး တော်လှန်ပုန်ကုန်မှုစတင်ခဲ့ပြီး လူပေါင်း ၁ဝ,ဝဝဝ ကျော် သေဆုံးခဲ့ကြောင်း၊ လန်ဒန်အခြေစိုက်ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့သည် ဆီးရီးယားဆန့်ကျင်သူများနှင့် ကွန်ရက်ဆက်သွယ်မှုရှိသဖြင့် ၎င်းတို့၏လေ့လာဆန်းစစ်ချက်အရ လူပေါင်း ၁၆,၅ဝဝ ခန့်သေဆုံးခဲ့ကြောင်း၊ ၅,ဝဝဝ ခန့်မှာ အစိုးရတပ်နှင့် တစ်ဖက်နိုင်ငံသို့ထွက်ပြေးသည့်စစ်သည်များ ဖြစ်ကြောင်း၊ တစ်နေ့လျှင် လူ ၁ဝဝ ခန့်သေဆုံးလျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်