Wednesday, July 11, 2012

ပါလီမန်ရွေးကောက်ပွဲပြုလုပ်ရန် သမ္မတမှ တောင်းဆိုခဲ့ခြင်း

Posted by drmyochit Wednesday, July 11, 2012, under | No comments


PressTV.com;July-9(Mon)
အီဂျစ်နိုင်ငံတွင် စစ်ကောင်စီမှဖျက်သိမ်းထားသော ပါလီမန်အား ပြန်လည်ကျင်းပရန် အီဂျစ် သမ္မတသစ် မိုဟာမက်မော်စီက အမိန့်ပေးခြင်းအပေါ် အီဂျစ်ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက ဒုတိယအကြိမ် အစည်းအဝေးပြုလုပ်ရန် မျှော်လင့်ရပါသည်။ ဥပဒေပြုရေးလုပ်ငန်းတာဝန်များဆောင်ရွက်ရေးအတွက် ပါလီမန် အား ပြန်လည်စတင်ကျင်းပရန် မော်စီကအမိန့်ပေးခဲ့ပါသည်။ လွန်ခဲ့သော ၇ လအတွင်းကပြုလုပ်ခဲ့သော ပါလီမန်ရွေးကောက်ပွဲများမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်မကိုက်ညီဟုဆိုကာ အီဂျစ်ဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးချုပ်က ပယ်ချမှုပြုလုပ်ခဲ့ပါသည်။ အီဂျစ်နိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အား ပြင်ဆင်ရန် ရက်ပေါင်း ၆ဝ အတွင်း ပါလီမန်ရွေးကောက်ပွဲများအား ကျင်းပရန် သမ္မတ မော်စီက တောင်းဆိုခဲ့ပါသည်။ မွတ်စလင် ညီအစ်ကိုများအဖွဲ့ကြီးစိုးသောပါလီမန်အား စစ်ကောင်စီကဖျက်သိမ်းချိန်မှစ၍ ဆန္ဒပြမှုများဖြစ်ပေါ်လျက်ရှိပါ သည်။

ဒေါက်တာမျိုးချစ်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်