Tuesday, July 31, 2012

ဂျာမနီနိုင်ငံသည် ယူရိုဇုန်မှ နုတ်ထွက်ရန် ပြည်သူအများစုကထောက်ခံခြင်း

Posted by drmyochit Tuesday, July 31, 2012, under | No comments


Presstv.com;July-29(Sun)
ဂျာမနီနိုင်ငံသည် အဖွဲ့ဝင် ၁၇ နိုင်ငံပါ ယူရိုဇုန်မှ ခွဲထွက်ပါက ဂျာမနီ၏ စီးပွားရေး အခြေအနေများသည် တိုးတက် ကောင်းမွန်လာမည်ဟု ဂျာမနီ ပြည်သူအများစုက ထင်မြင်ယူဆကြောင်း အပတ်စဉ် လူထုသဘောထား စစ်တမ်း ကောက်ယူမှုများအရ သိရှိရပါသည်။ ၄င်းသဘောထား စစ်တမ်း ကောက်ယူမှုတွင် ဂျာမနီပြည်သူ၏ ၅၁ ရာခိုင်နှုန်းက ဥရောပ၏ ယူရိုငွေကြေးကို အသုံးမပြုလျှင် ဂျာမနီနိုင်ငံသည် စီးပွားရေး အခြေအနေ ပိုမိုကောင်းမွန် လာမည်ဟု ယုံကြည်ကြောင်း AFP သတင်းဌာနက ဇူလိုင်လ ၂၉ ရက်နေ့တွင် ဖော်ပြခဲ့ပါသည်။ ယူရိုဇုန်မှ ခွဲထွက်ရာတွင် ဂျာမနီနိုင်ငံ အနေဖြင့် သိသာ ထင်ရှားသော စီးပွားရေး ကျဆင်းမှုနှင့် ရင်ဆိုင် ရဖွယ်ရှိသည်ကို စိုးရိမ် ပူပန်ကြောင်း ဂျာမနီဘဏ္ဍာရေး ဝန်ကြီးဌာနက ဇွန်လတွင် ထုတ်ဖော် ပြောကြားခဲ့ပါသည်။
ဇွန်လ ၂၄ ရက်နေ့ထုတ် Spiegel  အပတ်စဉ် သတင်းစာတွင် ဂျာမနီနိုင်ငံ၏ စီးပွားရေးသည် ယူရိုဇုန်မှ ခွဲထွက်ပြီး ပထမဦးဆုံး နှစ်တွင် ၁ဝ ရာခိုင်နှုန်း အထိကျ ဆင်းသွားဖွယ်ရှိပြီး အလုပ်လက်မဲ့ ၅ သန်းကျော်အထိ မြင့်တက်လာ နိုင်ကြောင်း ခန့်မှန်းဖော်ပြခဲ့ပါသည်။ ယူရိုဇုန် အဖွဲ့ဝင် နိုင်ငံများအနေဖြင့် လွန်ခဲ့သော ၅ နှစ်ကတည်းက စီးပွားရေး အကျပ်အတည်းများကို ဆိုးရွားစွာ ရင်ဆိုင်ခဲ့ရပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ရပ်တန့်လျက် ရှိသောကြောင့်  ကြိုးစားရုန်း ကန်ခဲ့ရကြောင်း သိရှိရပါသည်။ ဂျာမနီနိုင်ငံသည် ဥရောပတွင် စီးပွားရေး အတောင့်တင်း ဆုံးဖြစ်သော် လည်း ယူရိုဇုန် စီးပွားရေး အကျပ်အတည်းကို ခံနိုင်ရည်မရှိကြောင်း၊ ဂျာမနီနိုင်ငံ တွင်လည်း ထူးခြားစွာ အလုပ်လက်မဲ့ ဖြစ်မှုများ တိုးပွားလျက်ရှိကြောင်း၊ စီးပွားရေး တိုးတက်မှုကို ကျားကန် ထားသော်လည်း စိတ်ချရသော အခြေအနေ မရှိကြောင်း သိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်