Tuesday, July 31, 2012

အမေရိကန် ကာကွယ်ရေး ဝန်ကြီးသည် အာဖရိကမြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းသို့ အလည်အပတ်ခရီးသွားရောက်ခြင်း

Posted by drmyochit Tuesday, July 31, 2012, under | No comments


Xinhuanet.com;July-30(Mon)
အမေရိကန် ကာကွယ်ရေးဝန်ကြီး လီယွန်နယ်ပန်နက်တာသည် အာဖရိက မြောက်ပိုင်းနှင့် အရှေ့ အလယ်ပိုင်း တို့မှ ခေါင်းဆောင်များနှင့် တွေ့ဆုံ ဆွေးနွေးရန် အတွက် ဇူလိုင်လ ၂၉ ရက်နေ့တွင် ခရီးစတင် ထွက်ခွာ ခဲ့ပါသည်။ ပန်နက်တာသည် တူနီးရှား၊ အီဂျစ်၊ အစ္စရေးနှင့် ဂျော်ဒန်နိုင်ငံ တို့သို့ အလည်အပတ် ခရီးသွား ရောက်မည် ဖြစ်ပြီး ၄င်း၏ ခရီးစဉ် အတွင်းတွင် ဒေသတွင်း ထူးခြားသော ပြောင်းလဲမှုများ အပါအဝင် ဆီးရီးယား၊ အီရန်နှင့် အစွန်းရောက် အဖွဲ့များ ကြောင့်ဖြစ်ပေါ်နေသော စိန်ခေါ် မှုများနှင့် ပတ်သက်သည့် ကိစ္စရပ်များအား ဆွေးနွေးသွားမည် ဖြစ်ပါသည်။ တူနီးရှားနိုင်ငံမှ စတင်ဖြစ်ပွားခဲ့သော အာရပ် ဆူပူအုံကြမှု စတင်ဖြစ်ပွား ခဲ့စဉ်ကတည်းက နိုင်ငံအများ အပြားတွင် ကန့်ကွက် ဆန္ဒပြမှုများဖြစ်ပွားခဲ့ပါသည်။ ဆီးရီးယား နိုင်ငံတွင် ၂ဝ၁၁ ခုနှစ် မတ်လက တည်းက ဆူပူ အုံကြမှုများ စတင်ဖြစ်ပွားခဲ့ရာ အနောက်နိုင်ငံများက ပံ့ပိုး ပေးထားသော ဆီးရီးယား အတိုက်အခံတပ် ဖွဲ့ဝင်များက သမ္မတ ဘတ်ရှာအယ်လ်အာဆတ် ဦးဆောင်သောအ စိုးရအား ဖြုတ်ချရန် ကြိုးပမ်းမှု အဖြစ် နိုင်ငံ၏ နေရာအနှံ့ အပြားတွင် ဆန့်ကျင် တိုက်ခိုက်လျက်ရှိပါသည်။
တူနီးရှားတွင် ပန်နက်တာသည် တူနီးရှား ခေါင်းဆောင်များ နှင့်တွေ့ဆုံ ဆွေးနွေးမည့် အစည်းအဝေး၌ အနာဂတ်တွင် စစ်ဘက် အချင်းချင်း ဆက်ဆံရေးဆိုင်ရာ လမ်းပြ မြေပုံအား ဆွေးနွေးသွားရန် စီစဉ်ထား ပါသည်။ အီဂျစ်နိုင်ငံတွင် ပန်နက်တာသည် အီဂျစ်သမ္မတ မိုဟာမက်မော်စီ၊ ကာကွယ်ရေးဝန်ကြီး မိုဟာမက် ဟူစိန်တန်တဝီ တို့နှင့်အတူ တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ပါသည်။ အစ္စရေးတွင် ပန်နက်တာသည် အစ္စရေးသမ္မတ ရှီမွန်ပီးရက်စ်၊ ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ရာဟု၊ ကာကွယ်ရေးဝန်ကြီး အီဟွတ်ဘားရက် တို့နှင့် တွေ့ဆုံဆွေးနွေး သွားမည်ဖြစ်ပြီး အီရန်နျူကလီးယား ကိစ္စရပ်အား အလေးထား ဆွေးနွေးလိမ့်မည်ဟု မျှော်လင့်ထားပါသည်။ ဂျော်ဒန် နိုင်ငံတွင် အမေရိကန် ကာကွယ်ရေးဝန်ကြီးသည် ဂျော်ဒန်ဘုရင်အဗ္ဗဒူလာနှင့် အပြန်အလှန် ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များ အပါအဝင် ဆီးရီးယား အရေးကိစ္စအား ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်