Yahoo!New.com;July-29(Sun)
ဆော်ဒီအာရေဗျ၊ ကာတာနှင့်
တူရကီနိုင်ငံ တို့သည် ဆီးရီးယား နိုင်ငံအား ပျက်စီးစေရန် ကြိုးပမ်းလျက် ရှိကြောင်း
ဆီးရီးယား အစိုးရက စွပ်စွဲပြော ကြားခဲ့ပြီးနောက် နိုင်ငံ၏စီးပွားရေး အချက်အခြာ ဒေသဖြစ်သော
Aleppo ပြည်နယ်ရှိ
နေရာ အများအပြားကို သိမ်းပိုက်ထားသော သူပုန်များ
ကိုတိုက်ခိုက် နှိမ်နင်းသွားမည် ဖြစ်ကြောင်း ဇူလိုင်လ ၂၉ ရက်နေ့တွင် ကတိပြု
ပြောကြားခဲ့ပါသည်။ အစိုးရတပ်ဖွဲ့ များသည် Aleppo ဒေသရှိ သူပုန်များ သိမ်းပိုက်ထား သောနေရာများကို
တင့်ကားများ၊ အမြောက်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သူပုန်များကလည်း အစိုးရ၏ လေကြောင်းနှင့်
မြေပြင် တိုက်ခိုက်မှုများကို တွန်းလှန်ရန် ကြိုးပမ်းလျက် ရှိပါသည်။ ဆီးရီးယားနိုင်ငံ
ကိုဖျက်ဆီးရန် အတွက် အစ္စရေးနိုင်ငံ ၏လျှို့ဝှက် ကြံစည်မှုကို ကာတာ၊ ဆော်ဒီအာရေဗျနှင့် တူရကီနိုင်ငံ တို့က ထောက်ခံလျက်ရှိ
ကြောင်း၊ ၄င်းတို့ ၃ နိုင်ငံသည် ဆီးရီးယားသမ္မတ
ဘက်ရှာအယ်လ်အာဆတ် ဖြုတ်ချရေးအတွက် ကြိုးပမ်းနေသည့် သူပုန်များကို ထောက်ပံ့ ကူညီပေးလျက်ရှိကြောင်း
အီရန်နိုင်ငံတွင် အလည်အပတ် ရောက်ရှိနေသော ဆီးရီးယား နိုင်ငံခြား ရေးဝန်ကြီးWalid al- Moallem
က ပြောကြားခဲ့ပါသည်။
အစ္စရေးနိုင်ငံသည် အဆိုပါ
ပဋိပက္ခအားလုံး ၏နောက်ကွယ်မှ ကြိုးကိုင်သူဖြစ်ကြောင်း၊ ကာတာ၊ ဆော်ဒီအာရေဗျနှင့် တူရကီနိုင်ငံ
တို့သည်လည်း ဆီးရီးယားနိုင်ငံကို အလားတူ ထိုးနှက်တိုက်ခိုက် လျက်ရှိကြောင်း တီဟီရန်မြို့ ၌အီရန်နိုင်ငံ ခြားရေးဝန်ကြီး Ali
Akbar Salehi နှင့်ပြုလုပ်သည့်
ပူးတွဲ သတင်းစာ ရှင်းလင်းပွဲတွင် Walid al- Moallem
က
ပြောကြားခဲ့ပါသည်။ ဆီးရီးယားလက်နက် ကိုင်အကြမ်းဖက်
သမားများသည် သီတင်းပတ်တစ်ပတ် အတွင်း ဒမတ်စကတ်ကို သိမ်းပိုက်ရန် ကြိုးပမ်းခဲ့ကြောင်း
Moallem က
ပြောကြားခဲ့ပါသည်။ သူပုန်များသည် Aleppo ကို
မတိုက်ခိုက်မီ ဒမတ်စကတ်ရှိ ဆီးရီးယားအစိုးရအား စိန်ခေါ်မှုများ ပြုလုပ်ခဲ့သော်လည်း ၄င်းတို့သည်
ရှုံးနိမ့်ခဲ့ကြောင်း Moallem
က
ပြောကြားခဲ့ပါသည်။
အီရန်နိုင်ငံသည် အရှေ့အလယ်
ပိုင်းဒေသတွင် ဆီးရီးယားနိုင်ငံ၏ တစ်ခုတည်း သောမဟာမိတ်နိုင်ငံ အဖြစ်ရှိနေပြီး ၂ဝ၁၁
ခုနှစ် မတ်လအတွင်း ဆူပူအုံကြွမှု များစတင်ခဲ့ချိန်မှစ၍ ဆီးရီးယား အစိုးရအတွက် ခိုင်မာသော ထောက်ခံမှုများ ပေးခဲ့ကြောင်း၊ အာဆတ်အစိုးရအား နှစ်ပေါင်းများစွာ
နိုင်ငံရေးနှင့် စစ်ရေးဆိုင်ရာ ထောက်ပံ့မှုများ ပေးခဲ့ကြောင်း သိရှိရပါသည်။
0 comments:
Post a Comment