Tuesday, July 31, 2012

မြောက်ပိုင်း ဆူဒန် ပြည်သူ့လွတ်မြောက်ရေး လှုပ်ရှားမှုအဖွဲ့သည် ငြိမ်းချမ်းရေးသဘောတူညီချက်ရယူရန် ဆန္ဒမရှိကြောင်း ဆူဒန်အစိုးရကစွပ်စွဲပြောကြားခဲ့ခြင်း

Posted by drmyochit Tuesday, July 31, 2012, under | No comments

Xinhuanet.com;July-29(Sun)
မြောက်ပိုင်း ဆူဒန်ပြည်သူ့ လွတ်မြောက်ရေး လှုပ်ရှားမှုအဖွဲ့ (Sudan People's Liberation Movement-northern sector-SPLM-N) သည် ဆူဒန်အစိုးရနှင့် ငြိမ်းချမ်းရေး သဘောတူညီ ချက်ရယူရန် ဆန္ဒမရှိကြောင်း ဆူဒန် အစိုးရက စွပ်စွဲ ပြောကြားခဲ့သည်ဟုKhartoum Al-Sudani   နေ့စဉ်ထုတ် သတင်းစာက ဇူလိုင်လ ၂၉ ရက်နေ့တွင် ဖော်ပြခဲ့ပါသည်။SPLM-N နှင့် Blue Nile ပြည်နယ်များ အတွင်း စစ်မှန်သော ငြိမ်းချမ်းရေး သဘောတူညီမှု ရယူရန် အလေးအနက် မထား၊ ဆန္ဒမရှိကြောင်းSPLM-Nနှင့် စေ့စပ်ညှိနှိုင်း ရေးဆိုင်ရာ ဆူဒန် ကိုယ်စားလှယ် အဖွဲ့အကြီးအကဲ Kamal Obaid ၏ပြောကြားမှု ကိုကိုးကား၍ Khartoum Al-Sudani    နေ့စဉ်ထုတ် သတင်းစာက ဖော်ပြခဲ့ပါသည်။
 မြောက်ပိုင်း ဆူဒန်ပြည်သူ့လွတ်မြောက် ရေးလှုပ်ရှားမှု အဖွဲ့သည် စေ့စပ်ညှိနှိုင်းမှုများ မှတစ်ဆင့် ပြည်နယ် ၂ ခုအတွက် လူသားချင်း စာနာထောက်ထား မှုအကူအညီများ ရယူကာ ၄င်းတို့၏ လက်နက်ကိုင် အဖွဲ့အစည်းများ ထံသို့ လွှဲပြောင်းပေး ပို့လိုလျက်ရှိကြောင်း Obaid  က ပြောကြားခဲ့ပါသည်။ ၄င်းပြည်နယ် ၂ ခုအတွင်း လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာအခြေအနေများ ယိုယွင်းဆိုးရွားမှု အတွက် ၄င်းတို့တွင် တာဝန်ရှိကြောင်း Obaid က ပြောကြားခဲ့ပါသည်။ Blue Nile  နှင့်South Kordofan ပြည်နယ်များ အရေးနှင့် ပတ်သက်၍ ဆူဒန်အစိုးရနှင့်  ၄င်းတို့သည် အီသီယိုးပီးယားနိုင်ငံ၊ အဒစ်အဘာဘာ မြို့တော်တွင် စေ့စပ်ညှိနှိုင်း လျက်ရှိပါသည်။ ၂ဝ၁၁ ခုနှစ် စက်တင်ဘာလ နောက်ပိုင်းတွင် ၄င်းပြည်နယ် ၂ ခု၌ ဆူဒန်စစ်ဘက်နှင့်  ၄င်းတို့အကြား လက်နက်ကိုင် ပဋိပက္ခ များဖြစ်ပွား ခဲ့ပါသည်။ တောင်ဆူဒန် လွတ်လပ်ရေး ရရှိပြီးနောက်  ၄င်းက ဆူဒန်အစိုးရအား တော်လှန် ပုန်ကန်ကြောင်း ကြေညာခဲ့ပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်