ကရင်နီပြည်နယ်တွင်း
တပ်သိမ်းမြေယာပြန်ရဖို့ လူထုငါးရာကျော်မှ မာဖရိုရှေ့ကျေးရွာရှိ ကက်သလစ်
ဘုရားရှိခိုးကျောင်းမှာ ဝတ်ပြုဆုတောင်းပွဲ ပြုလုပ်ကြပါတယ်။
ယခုလိုအမှတ် ၁၄
စစ်လေ့ကျင့်ရေးကျောင်းတည်ဆောက်ဖို့ တပ်သိမ်းမြေယာတွေ
ပြန်လည်ရရှိနိုင်ရေးအတွက်ကို ပြည်နယ်အစိုးရ ၊ လွှတ်တော်အမတ်နှင့် သမ္မတထံ
တင်ပြတောင်းဆိုထားသော်လည်း ယခုချိန်ထိ တုန့်ပြန်မှုမရှိသေးဘူးလို့ လောဂျာမှ
ကက်သလစ် သာသနာ ဆရာ ခူသဲရယ်က ပြောပါတယ်။

ယမန်နေ့ တနေင်္ဂနွေနေ့ မနက်မှာ
မာဖရိုရှေ့ကျေးရွာ အုပ်စုများရှိ ဒေသခံလူထုများတွေနဲ့ ဆုတောင်းပွဲအပြီးမှာ
ပြောသွားတာဖြစ်ပါတယ်။ ပတ်စဉ်ဝတ်ပြုဆုတောင်းပွဲ ပြုလုပ်နေကြတာ
ယခုကြိမ်ဆိုလျှင် ငါးကြိမ်မြောက်ရှိပြီး ဖြစ်ပါတယ်။
တောင်ယာဧက ၁၆ ဧကပါသိမ်းခံရတဲ့ လောဂျာ ကျေးရွာမှ ခူဦးရယ်က ယခုလိုပြောပါတယ်။
“ကျနော်တို့ ဒီမြေကွက်တွေက ဆန်
စပါးတွေရလာတယ်ဆိုတာက ဒီမြေကွက်တွေနဲပဲလေး။ အခုလို သူတို့ လာလုပ်သွားတာက
ကျနော်တို့ ဒေသခံလူထုတွေကို လာပြီးသတ်တာနဲ့ အတူတူပဲလေး ကျနော်တို့
ငတ်ပြတ်ပြီး သေသွားအောင် လာလုပ်နေတာနဲ့ တူတူပဲပေါ့”
ယမန်နေ့ မာဖရိုရှေ့ရွာမှ ကက်သလစ်ဘုရားရှိခိုးကျောင်းမှာ ဝတ်ပြုဆုတောင်းပွဲအပြီးမှာ ပြောသွားတာဖြစ်ပါတယ်။
အမှတ် ၁၄ စစ်လေ့ကျင့်ရေးကျောင်းကိစ္စနဲ့
ပတ်သက်ပြီး ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP အဖွဲ့ခေါင်းဆောင်တွေကလည်း
လူထုအတွက်အကျိုးရှိစေမည့် အဆောက်အဦး တခုတခုအဖြစ်သော်လည်းကောင်း
ပြန်လည်ရရှိနိုင်ဖို့ မြန်မာအစိုးရနဲ့ ဆွေးနွေးတဲ့အခါ မတ်လ ၇ ရက်နေ့
ပဏာမတွေ့ဆုံဆွေးနွေးချိန်မှာ တကြိမ် ၊ ဇွန်လ ၉ ရက်နေ့
ပြည်ထောင်စုအဆင့်တွေ့ဆုံဆွေးနွေးစဉ်မှာ တကြိမ် ဆွေးနွေးခဲ့ကြပေမဲ့လည်း
ဆုံးဖြတ်ချက်မချ နိုင်ကြသေးပါဘူး။
Tuesday, July 31, 2012
တပ်သိမ်းမြေယာ ပြန်ရဖို့ ပတ်စဉ်ဆုတောင်းပွဲ ပြုလုပ်
Posted by drmyochit
Tuesday, July 31, 2012, under ပြည်တွင်းသတင်းများ | No comments
တပ်သိမ်းမြေယာပြန်ရဖို့အတွက်ကို မာဖရိုရှေ့ကျေးရွာ ကက်သလစ်ဘုရားရှိခိုးကျောင်းတွင် ဝတ်ပြုဆုတောင်းနေကြစဉ် (ဓါတ်ပုံ-ကေတီ)
Time in Rangoon

0 comments:
Post a Comment