CNA.com;July-30(Mon)
အစ္စရေးနိုင်ငံ
သို့အလည်အပတ် ခရီးရောက်ရှိ နေသော အမေရိကန် သမ္မတရွေးကောက်ပွဲဝင် ကိုယ်စား လှယ်လောင်း
Mitt Romney သည်
ဇူလိုင်လ ၂၉ ရက်နေ့တွင် အီရန်၏ နျူကလီးယား အစီအစဉ်အား တားမြစ်ရန် လိုအပ်ကြောင်း အလေးထား
ပြောကြားခဲ့ပါသည်။ ထို့ပြင် အမေရိကန်နှင့် အစ္စရေး နိုင်ငံအကြား ရည်မှန်းချက်ချင်း တူညီသော
ကိစ္စရပ်များနှင့် ပတ်သက်၍လည်း ၄င်းက ဆွေးနွေး ပြောကြားခဲ့ပါသည်။ အီရန်အနေဖြင့် အမျိုးမျိုးသော
နျူကလီးယား လက်နက်များ ရရှိခြင်းမှ ကာကွယ်ရန် အမေရိကန် နိုင်ငံတွင် အလေးအနက် ထားသော
တာဝန်တစ်ရပ်ရှိ ကြောင်း ဂျေရုဆလင်၌ Romney က အလေးထား ပြောကြားခဲ့ပါသည်။ အီရန်ရှိ အစ္စလာမ်ဘာသာရေး
ခေါင်းဆောင်များသည် မိမိတို့၏ စိတ်ဓာတ်အား စမ်းသပ်လျက် ရှိကြောင်း၊ မိမိတို့ ဆောင်ရွက်မှုသည်
အမှားမရှိ ကြောင်းRomney
က ပြောကြားခဲ့ပါသည်။
အီရန်အား ဆန့်ကျင်သော စီးပွားရေးနှင်
့သံတမန်ရေး အရ အရေးယူ ပိတ်ဆို့မှုများကို ထောက်ခံကြောင်း ၄င်းက ပြောကြားခဲ့ပါသည်။ ဇူလိုင်လ
၂၉ ရက်နေ့ အစောပိုင်းတွင် အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု သည် အီရန်နှင့် ပတ်သက်၍
Romney ၏ပြောကြားချက်အား
သဘော တူညီခဲ့ကြကြောင်း သိရှိရ ပါသည်။ အီရန်
အနေဖြင့် နျူကလီးယား စွမ်းရည်များ ရရှိခဲ့လျှင် ကမ္ဘာကြီးသည် အန္တရာယ်များနှင့် ရင်ဆိုင်ရမည်
ဖြစ်ကြောင်း Romney ၏ပြောကြား ချက်အား
မိမိအနေဖြင့် အပြည့်အဝ သဘောတူကြောင်း နေတန်ယာဟုက ပြောကြားခဲ့ပါသည်။ အီရန်အပေါ် အရေးယူ
ပိတ်ဆို့မှုများနှင့် သံတမန် နည်းလမ်းအရ ဖြေရှင်းမှု များချမှတ်ခြင်းဖြင့် အီရန်၏ နျူကလီးယား
အစီအစဉ်သည် ယခုအချိန်အထိ နောက်ဆုတ်မည့် အခြေအနေမ ရှိသည့်အတွက် စစ်ရေးအရ ခြိမ်းခြောက်မှု
တစ်ရပ်ပြုခြင်းသည် အရေးကြီးဆုံး ဖြစ်ကြောင်း အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟုက Romney အား ပြောကြားခဲ့ ပါသည်။
အစ္စရေးနိုင်ငံအား ခင်မင်ရင်း နှီးမှုနှင့် ထောက်ခံသော စကားများပြော ကြားခဲ့သည့် အတွက်
ကျေးဇူး တင်ကြောင်း နေတန်ယာဟုက ပြောကြားခဲ့ပါသည်။
0 comments:
Post a Comment