Xinhuanet.com;July-19(Thu)
ရုရှားနိုင်ငံအနေဖြင့် ဆီးရီးယားနိုင်ငံရှိ
ကုလသမဂ္ဂလေ့လာစောင့်ကြည့်ရေးမစ်ရှင်သို့ စစ်ဘက်အရာရှိ ၃ဝ ဦးအား စေလွှတ်ရန်အသင့်ရှိကြောင်း ရုရှားသမ္မတဗလာဒီမာပူတင်က
ဇူလိုင်လ ၁၉ ရက်နေ့တွင်ပြောကြားခဲ့ ပါသည်။ ဆီးရီးယားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂကြီးကြပ်ရေးမစ်ရှင်
(UN Supervision Mission
in Syria- UNSMIS ) သို့
စစ်ဘက်အရာရှိ ၃ဝ ဦးအားစေလွှတ်ရန် ရုရှားနိုင်ငံမှ ပြင်ဆင်ထားခဲ့ပြီးဖြစ်ကြောင်း သမ္မတပူတင်မှ
လက်မှတ် ရေးထိုးထားသည့်အမိန့်တစ်ရပ်အား အစိုးရဝဘ်ဆိုဒ်၌ ဖော်ပြထားပါသည်။ ၎င်းအရာရှိများအနေဖြင့်
ဆက်သွယ် ရေးအရာရှိ၊ စစ်ဘက်ဆိုင်ရာလေ့လာစောင့်ကြည့်သူနှင့် ဦးစီးအရာရှိများအဖြစ် တာဝန်ထမ်းဆောင်သွားမည်ဖြစ်
ပါသည်။
ရုရှားနိုင်ငံ၏အစီအစဉ်အား
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးရုံးသို့အကြောင်းကြားရန် ရုရှားနိုင်ငံ ခြားရေးဝန်ကြီးဌာနသို့
ပူတင်က ညွှန်ကြားခဲ့ကြောင်းအထက်ပါအမိန့်၌ ဖော်ပြထားပါသည်။ ဆီးရီးယားနိုင်ငံနှင့် ပတ်သက်၍ အနောက်နိုင်ငံများမှ
ဇူလိုင်လ ၁၉ ရက်နေ့တွင်တင်သွင်းသော ဆုံးဖြတ်ချက်မူကြမ်းအား ကုလသမဂ္ဂ
လုံခြုံရေးကောင်စီအမြဲတမ်းအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ရုရှားနှင့်တရုတ်နိုင်ငံတို့က
ဗီတိုအာဏာဖြင့် ပယ်ချခဲ့ပါသည်။ အဆိုပါဆုံးဖြတ်ချက်မူကြမ်း၌
ဆီးရီးယားနိုင်ငံဆိုင်ရာ
ကုလသမဂ္ဂကြီးကြပ်ရေးမစ်ရှင် (UNSMIS) အား ၄၅
ရက်တိုး မြှင့်ရန်၊ ဆီးရီးယားအစိုးရအနေဖြင့် တပ်ဖွဲ့များပြန်လည်ရုပ်သိမ်းခြင်းမပြုပါက
ကုလသမဂ္ဂပဋိညာဉ်အခန်း(၇)အရ စစ်ရေးမဟုတ်သည့် အရေးယူပိတ်ဆို့မှုများပြဋ္ဌာန်းရန်တို့အား တောင်းဆိုထားပါသည်။
အဆိုပါဆုံးဖြတ်ချက်မူကြမ်းအား
ကုလသမဂ္ဂလုံခြုံရေးအဖွဲ့ဝင် ၁၅ နိုင်ငံအနက်မှ ၁၁ နိုင်ငံမှ ထောက်ခံ ခဲ့ပြီး ၂ နိုင်ငံမှာ ကန့်ကွက်ခဲ့ကာ ၂ နိုင်ငံမှာ မဲပေးခဲ့ခြင်းမရှိပေ။ ¤င်းအပြင် အဆိုပါဆုံးဖြတ်ချက်၌ ဆီးရီးယား နိုင်ငံရှိ
နိုင်ငံရေးပါတီများအားလုံးသို့ အပစ်အခတ်ရပ်စဲရန် တောင်းဆိုထားပါသည်။ ဆီးရီးယားအာဏာပိုင်များ အနေဖြင့် ၁ဝ ရက်အတွင်း အဆိုပါတောင်းဆိုမှုများအား
အကောင်အထည်ဖော်ဆောင်ရွက်ခြင်းမရှိပါက ကုလသမဂ္ဂပဋိညာဉ်အပိုဒ်ခွဲ (၄၁)အရ အရေးယူဆောင်ရွက်မှုများအား
ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ ပြဋ္ဌာန်း သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
Time in Rangoon

0 comments:
Post a Comment