Sunday, July 22, 2012

အမေရိကန်ကာကွယ်ရေးအသုံးစရိတ်အား အမေရိကန်အောက်လွှတ်တော်က အတည်ပြုသတ်မှတ်လိုက်ခြင်း

Posted by drmyochit Sunday, July 22, 2012, under | No comments


Xinhuanet.com;July-20(Fri)

          ၂ဝ၁၂ ခုနှစ် အောက်တိုဘာလမှ ၂ဝ၁၃ ခုနှစ် စက်တင်ဘာလအထိ စစ်ပွဲအသုံးစရိတ်နှင့် ပင်တဂွန် စစ်ဌာနချုပ်တို့အတွက် အသုံးစရိတ်အဖြစ် အမေရိကန်ဒေါ်လာ ၆ဝ၇ ဘီလီယံပမာဏရှိသော ၂ဝ၁၃ ခုနှစ် ကာကွယ်ရေးအသုံးစရိတ်အား အမေရိကန်အောက်လွှတ်တော်က ဇူလိုင်လ ၁၉ ရက်နေ့ ညနေပိုင်းတွင်အတည်ပြု ခဲ့ပါသည်။ ၂ ရက်ကြာအချေအတင်ဆွေးနွေးမှုနှင့် ပြင်ဆင်မှုအချို့ပြုလုပ်ပြီးနောက် ရီပတ်ဗလစ်ကန်ပါတီများ ကြီးစိုးသော အောက်လွှတ်တော်၌ ထောက်ခံမဲ ၃၁၆ မဲ၊ ကန့်ကွက်မဲ ၉ဝ ဖြင့် အတည်ပြုခဲ့ခြင်းဖြစ်ပါသည်။ ¤င်း ဘတ်ဂျက်အသုံးစရိတ်အား သမ္မတအိုဘားမားထံအတည်ပြုလက်မှတ်ရေးထိုးရန် မတင်ပြမီ အောက်လွှတ်တော် ၏ဆုံးဖြတ်ချက်ကို အထက်လွှတ်တော်၏ ဆုံးဖြတ်ချက်အမြင်သဘောထားနှင့် ချိန်ညှိရမည်ဖြစ်ပါသည်။ 

ဒီမိုကရက်တစ်ပါတီဝင်များကြီးစိုးနေသော အထက်လွှတ်တော်က ယခင်နှစ်အသုံးစရိတ်အထိ လျှော့ချ ရမည်ဖြစ်ကြောင်းပြောကြားကာ အောက်လွှတ်တော်၏ဆုံးဖြတ်ချက်မူကြမ်းအား ဆန့်ကျင်ကန့်ကွက်လျက်ရှိ ပါသည်။   အောက်လွှတ်တော်၏ ဆုံးဖြတ်ချက်မူကြမ်းမှာ ပင်တဂွန်ကတင်သွင်းထားသည်ထက် ၃ ဘီလီယံပိုနေပြီး ၂ဝ၁၁ ခုနှစ် အသုံးစရိတ်ထက် ၈ ဘီလီယံများပြားနေပါသည်။ အထက်လွှတ်တော်အနေဖြင့် သြဂုတ်လအထိ ¤င်းဥပဒေမူကြမ်းအား အတည်ပြုနိုင်ဖွယ်မရှိသေးပေ။ အထက်လွှတ်တော်မှ ¤င်းကာကွယ်ရေးအသုံးစရိတ်မူကြမ်း အား အတည်ပြုသည့်တိုင် အိမ်ဖြူတော်က ¤င်းမူကြမ်းအား ဗီတိုအာဏာသုံး၍ လျှော့ချနိုင်ကြောင်း ပြောကြား ထားပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်