Sunday, July 22, 2012

ဘီလာရုဇ်နိုင်ငံသည် ရုရှားနှင့်နျူကလီးယားစက်ရုံတည်ဆောက်ရေးစီမံကိန်း စာချုပ်ချုပ်ဆိုခဲ့ခြင်း

Posted by drmyochit Sunday, July 22, 2012, under | No comments


Xinhuanet.com;July-19(Thu)

          ဘီလာရုဇ်နှင့် ရုရှားနိုင်ငံတို့သည် ဘီလာရုဇ် နျူကလီးယားစွမ်းအင်စက်ရုံ (NPP) တည်ဆောက် ရေးအတွက် အထွေထွေသဘောတူညီချက်စာချုပ်တစ်ရပ်အား ဇူလိုင်လ ၁၈ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ ကြောင်းသိရှိရပါသည်။ အဆိုပါသဘောတူစာချုပ်တွင် ဘီလာရုဇ်၏ ပထမဆုံးသောနျူကလီးယားစွမ်းအင်စက်ရုံ ကို ရုရှားကုမ္ပဏီများမှ တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ ရုရှားဝန်ကြီးချုပ် Dmitry Medvedev နှင့် ဘီလာရုဇ်ဝန်ကြီးချုပ်  Mikhail Myasnikovich  တို့၏ Minsk မြို့တွင် တွေ့ဆုံဆွေးနွေးစဉ်  အဆိုပါသဘောတူ စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်ပါသည်။ 

          ရုရှားနိုင်ငံမှဒီဇိုင်းရေးဆွဲထားသည့် ၂.၄ ဂဂ္ဂါဝပ်ရှိ နျူကလီးယားစက်ရုံ ၂ လုံးတည်ဆောက်ရေး အတွက် ရုရှားနိုင်ငံမှဘီလာရုဇ်နိုင်ငံသို့ အမေရိကန် ဒေါ်လာ ၁ဝ ဘီလီယံထုတ်ချေးသွားမည်ဖြစ်ပါသည်။ ပထမစက်ရုံအား ၂ဝ၁၇ ခုနှစ်တွင်လည်းကောင်း၊ ဒုတိယစက်ရုံအား ၂ဝ၁၉ ခုနှစ်တွင်လည်းကောင်း အပြီး တည်ဆောက်သွားမည်ဖြစ်ပြီး ၂ဝ၂ဝ ပြည့်နှစ်တွင် စတင်လည်ပတ်မည်ဖြစ်ကြောင်း သိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်