Sunday, July 22, 2012

အာဖဂန်နစ္စတန်မှ ဗြိတိန်တပ်ဖွဲ့များ ဆုတ်ခွာမည့်အစီအစဉ်ကို ဗြိတိန်ဝန်ကြီးချုပ်မှ ပြောကြားခဲ့ခြင်း

Posted by drmyochit Sunday, July 22, 2012, under | No comments


Xinhuanet.com;July-19(Thu)

          ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းသည် ကြိုတင်ကြေညာခြင်းမရှိဘဲ အာဖဂန်နစ္စတန်သို့ အလည် အပတ်သွားရောက်ခဲ့ပါသည်။ ¤င်း၏စိတ်ဓာတ်မြှင့်တင်ရေးခရီးစဉ်တွင် လက်နက်ကိုင်တပ်ဖွဲ့ဝင်များ၏ ဆောင်ရွက်မှု များကိုချီးကျူးပြောဆိုခဲ့ပြီး ဗြိတိန်တပ်ဖွဲ့ဝင်များ ပြန်လည်ရုပ်သိမ်းမည့်အစီအစဉ်ကိုလည်း ပြောကြားခဲ့ပါသည်။

အာဖဂန်နစ္စတန်နိုင်ငံမှ ၂ဝ၁၃ ခုနှစ်အတွင်း တပ်ဖွဲ့ဝင် မည်မျှဆုတ်ခွာမည်ကို  ဗြိတိန်နိုင်ငံအနေဖြင့် ဒီဇင်ဘာလတွင်ဆုံးဖြတ်လိမ့်မည်ဖြစ်ကြောင်း ကင်မရွန်းက ပြောကြားခဲ့ပါသည်။   ဗြိတိန်နိုင်ငံသည် ယခုနှစ် ကုန်ပိုင်းတွင် တပ်ဖွဲ့ဝင် ၅ဝဝ အားရုပ်သိမ်းမည်ဖြစ်ပါသည်။ 

၂ဝ၁၃ ခုနှစ်တွင် တပ်ဖွဲ့ဝင်မည်မျှ ရုပ်သိမ်းသွားမည်ကိုမူ ပြောဆိုခဲ့ခြင်းမရှိပါ။ အာဖဂန်နစ္စတန်တွင် ဗြိတိန်တပ်ဖွဲ့ဝင် ၉ဝ,ဝဝဝ ဦးကျော်ရှိပြီး အမေရိကန်ပြီးလျှင်  ဒုတိယ အင်အားအများဆုံးတပ်ဖွဲ့လည်းဖြစ်ပါသည်။  အာဖဂန်နစ္စတန်မှ ဗြိတိန်တပ်ဖွဲ့များ ဆုတ်ခွာမည့်အစီအစဉ်ကို ၂ဝ၁၄ ခုနှစ်တွင်အပြီးဆောင်ရွက်ရန် စီစဉ်ထားပါသည်။ အမေရိကန်တို့ဦးဆောင်သောတပ်ဖွဲ့များ အာဖဂန်နစ္စတန် သို့ ကျူးကျော်ဝင်ရောက်ခဲ့သည့် ၂ဝဝ၁ ခုနှစ်မှစ၍ ဗြိတိန်တပ်ဖွဲ့ဝင်  ၄ဝဝ ကျော်သေဆုံးခဲ့ပြီးဖြစ်ပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်