Sunday, July 22, 2012

ဗင်နီဇွဲလားသမ္မတ ဟူဂိုချာဗက်ဇ်သည် ရုရှားလုပှ်က-၃၅ တိုက်လေယာဉ်များဝယ်ယူရန် စိတ်ဝင်စားလျက်ရှိခြင်း

Posted by drmyochit Sunday, July 22, 2012, under | No comments


Xinhuanet.com;July-19(Thu)

          ဗင်နီဇွဲလားနိုင်ငံအနေဖြင့်  ၎င်း၏ကာကွယ်ရေးစွမ်းရည်အားမြှင့်တင်ရန်အတွက် ရုရှားနိုင်ငံမှ Su-35 Flanker-E တိုက်ခိုက်ရေးဂျက်လေယာဉ်များ ဝယ်ယူရန်စိတ်ဝင်စားနေကြောင်း ဗင်နီဇွဲလားသမ္မတ ဟူဂိုချာဗက်ဇ်က ဇူလိုင်လ ၁၉ ရက်နေ့တွင်ပြောကြားခဲ့ပါသည်။ မိမိအနေဖြင့် ရုရှားအစိုးရထံ လေယာဉ်ဝယ်ယူရေး အမှာစာတစ်စောင်ပေးပို့ရန် အသင့်ရှိနေပြီဖြစ်ကြောင်း၊ 

မိမိတို့၏ကာကွယ်ရေးစွမ်းရည်အားမြှင့်တင်ရန်နှင့် ခေတ်မီ စေရန် လာမည့်နှစ်အနည်းငယ်အတွင်း ရုရှားနိုင်ငံမှ Su-35  တိုက်ခိုက်ရေးဂျက်လေယာဉ်များဝယ်ယူရန် အသင့်ရှိ နေပြီ ဖြစ်ကြောင်း ချာဗက်ဇ်၏ ပြောကြာချက်ကိုကိုးကား၍ ဗင်နီဇွဲလားအမျိုးသားရေဒီယိုမှ ထုတ်ပြန်ခဲ့ပါသည်။
နိုင်ငံ၏လုံခြုံရေး၊ ကာကွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များသည်  အမျိုးသားလွတ်လပ်ရေး ဆိုင်ရာကန့်သတ်ချက်များ၏ မူဘောင်အတွင်း၌ ဗင်နီဇွဲလားအစိုးရအတွက် ဦးစားပေးကိစ္စရပ်များဖြစ်သင့်ကြောင်း သမ္မတချာဗတ်ဇ်က ပြောကြားခဲ့ပါသည်။ 

 ဗင်နီဇွဲလားနိုင်ငံတော်သစ်တည်ဆောက်ရန်နှင့် နယ်ပယ်သစ်တစ်ခုသို့ ရောက်ရှိစေရန် ဖြစ်နိုင်စွမ်းတစ်ခုကို လွတ်လပ်မှုကသာ ပေးနိုင်မည်ဖြစ်ကြောင်းနှင့် လွတ်လပ်မှုကို စနစ်တကျ ကာကွယ်စောင့်ရှောက်၍ ထိန်းသိမ်းရမည်ဖြစ်ကြောင်း ချာဗက်ဇ်က ထပ်လောင်းပြောကြားခဲ့ပါသည်။

ယုံကြည်စိတ်ချရသော လေကြောင်းလမ်းညွှန်နှင့် 117s   အမျိုးအစားအင်ဂျင် ၂ လုံးတပ်ဆင်ထား သှောက-၃၅ လေယာဉ်သည် စစ်ကစားနိုင်စွမ်းမြင့်မားပြီး ပဲ့ထိန်းဒုံး၊ သာမန်ဒုံးနှင့် အခြားလက်နက်စနစ်များကို အသုံးပြု၍ လေကြောင်းပစ်မှတ်များစွာကို ထိရောက်စွာစစ်ဆင်နိုင်စွမ်းရှိပါသည်။ ဆူခွိုင်းတိုက်ခိုက်ရေးဂျက် လေယာဉ်သည် ပဉ္စမမြောက်မျိုးဆက်နည်းပညာကို အသုံးပြုထားသည့် စတုတ္ထမြောက်မျိုးဆက်ကိုမွမ်းမံထားသော လေယာဉ်အမျိုးအစားဖြစ်ပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်