Xinhuanet.com;July-19(Thu)
ပါကစ္စတန်ဝန်ကြီးချုပ် Raja Pervez Ashraf သည် အာဖဂန်နစ္စတန်သို့ ဇူလိုင်လ ၁၉ ရက်နေ့တွင် ၁ ရက်ကြာချစ်ကြည်ရေးခရီးစဉ်အဖြစ် ရောက်ရှိခဲ့ကြောင်း
အာဖဂန်အရာရှိတစ်ဦးက ပြောကြားခဲ့ပါသည်။ ပါကစ္စတန်ဝန်ကြီးချုပ် Ashraf
သည်
အာဖဂန်နစ္စတန်သို့ ပထမဆုံးအကြိမ်လာရောက်ခြင်းဖြစ်ပြီး အာဖဂန်သမ္မတ ဟာမစ်ကာဇိုင်းအပါအဝင်
အခြားသောအာဖဂန်ခေါင်းဆောင်များနှင့်အတူ ငြိမ်းချမ်းရေးနှင့် နိုင်ငံတွင်း အကြမ်းဖက်ခြင်းကိစ္စများ
ညှိနှိုင်းခြင်းနှင့် နှစ်နိုင်ငံကိစ္စရပ်များကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း အဆိုပါအရာရှိမှ
ထပ်လောင်းပြောကြားခဲ့ပါသည်။
ဝန်ကြီးချုပ်သည် အာဖဂန်အဆင့်မြင့်ငြိမ်းချမ်းရေးကောင်စီဥက္ကဋ္ဌ
Salahuddin Rabbani နှင့်လည်း တွေ့ဆုံသွားမည်ဖြစ်ပါသည်။ အာဖဂန်သမ္မတကာဇိုင်းသည်
ပါကစ္စတန်ဝန်ကြီးချုပ် ဗျ့မေ် ၊ ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းတို့နှင့်အတူ ဇူလိုင်လ
၁၉ ရက်နေ့နှောင်းပိုင်းတွင် သုံးပွင့်ဆိုင်ဆွေးနွေးမှုများပြုလုပ်သွားမည်ဖြစ်ပါ သည်။
ပါကစ္စတန်ဝန်ကြီးချုပ်သည် ကဘူးလ်မြို့ရှိ ပါကစ္စတန်သံရုံးအသစ်အား ယခုရက်ပိုင်းအတွင်း
ဖွင့်လှစ်ပေး သွားမည်ဖြစ်ပါသည်။
0 comments:
Post a Comment