Xinhuanet.com;July-19(Thu)
အမေရိကန်နိုင်ငံနှင့်ထိုင်ဝမ်တို့အကြား ခိုင်မြဲသောဆက်ဆံရေးတိုးတက်မှုနှင့်
တရားဝင်ဆက်သွယ်မှု များအား တရုတ်နိုင်ငံမှကန့်ကွက်ခဲ့ကြောင်း
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှပြောခွင့်ရပုဂ္ဂိုလ် Hong
Lei ကဇူလိုင်လ ၁၉ ရက်နေ့တွင်ပြောကြားခဲ့ပါသည်။
အမေရိကန်-ထိုင်ဝမ်ဆက်ဆံရေးကို တရုတ်နိုင်ငံအနေဖြင့် တစ်သမတ်တည်း ပြတ်သားစွာရပ်တည်နေမည်ဖြစ်ကြောင်း
¤င်းမှထပ်လောင်းပြောကြားခဲ့ပါသည်။ မကြာသေးမီက
ထိုင်ဝမ်သို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ Dawn
L.McCall အလည်အပတ်ရောက်ရှိ ခဲ့ခြင်းအား တုံ့ပြန်သည့်အနေဖြင့် Hong မှ
အဆိုပါမှတ်ချက်ကို ပြောကြားခဲ့ခြင်းဖြစ်ပါသည်။
Dawn L.McCall သည် ထိုင်ဝမ်ခေါင်းဆောင် Ma
Ying -Jeou အပါအဝင် ထိုင်ဝမ်အရာရှိ အကြီးအကဲ များနှင့်တွေ့ဆုံခဲ့ကြောင်း
သိရှိရပါသည်။ တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံအား One-
China Policy နှင့် တရုတ်-အမေရိကန်ပူးတွဲ ထုတ်ပြန်ချက်
၃ ရပ်အား လိုက်နာရန်တိုက်တွန်းကြောင်း အဆိုပါပြောခွင့်ရ ပုဂ္ဂိုလ်က ပြောကြားခဲ့ပါသည်။
တရုတ်-အမေရိကန်ဆက်ဆံရေးနှင့် ၎င်းတို့၏ငြိမ်းချမ်းစွာဆက်ဆံရေးကို ထိခိုက်စေမည့် လုပ်ရပ်ကိုရှောင်ရှားရန်နှင့်
ထိုင်ဝမ်နှင့်မည်သည့်ပုံစံဖြင့် တရားဝင်ဆက်ဆံရေးများကိုမဆိုရပ်တန့်ရန်Hong က ပြောကြားခဲ့ပါသည်။
0 comments:
Post a Comment