Sunday, July 22, 2012

ရေပေါ်ဟိုတယ် တည်ဆောက်ရေး စီမံကိန်းအား လာမယ့် အောက်တိုဘာ လတွင် အပြီးဆောက်လုပ် သွားရန် ခန့်မှန်း

Posted by drmyochit Sunday, July 22, 2012, under | No comments




ပို့ဆောင်ရေး ၀န်ကြီး ဌာနမှ တာဝန်ရှိသူရဲ့ ပြောကြားချက် အရ ဗိုလ်တထောင် ဆိပ်ကမ်းရှိ အမှတ် ၆ ဆိပ်ခံ တံတားမှာ ရေပေါ်ဟိုတယ် ပြုလုပ်ဖို့ စီစဉ် ဆောင်ရွက် လျက်ရှိပြီး အဆိုပါ ဟိုတယ်ကို လာမယ့် အောက်တိုဘာ လမှာ ပြီးစီးဖို့ ခန့်မှန်း ထားတယ်လို့ သိရပါတယ်။ အဆိုပါ ဟိုတယ်ကို လှလှပပ ကုမ္ပဏီ လီမိတက်မှ တည်ဆောက် မှာဖြစ်ပြီး ရေပေါ် ဟိုတယ်ပြု လုပ်ဖို့ အတွက် ဗိုလ်တထောင် ဆိပ်ခံ တံတား အထက်နဲ့အောက် ပြုပြင်ခြင်း လုပ်ငန်းတွေကို ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။

ဒီလို ဆောင်ရွက် ရာမှာ ပထမဆုံး အနေနဲ့ အမှတ် ၆ ဆိပ်ခံ တံတားကို ဖြတ်ထုတ်ခြင်း၊ အမှတ် ၆ အောက် ချဉ်းကပ် တံတားကို ပြန်လည် ပြုပြင်ခြင်း စတာ တွေကို ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဆိပ်ခံဗော၊ တံတားခံဗော၊ သံမဏိ ပေါင်းကူး တံတား ပြုပြင်ခြင်း စတဲ့ လုပ်ငန်းတွေကို အဆင့် အလိုက် ဆောင်ရွက် သွားမှာဖြစ်ပြီး စက်တင်ဘာလ နောက်ဆုံးပတ်မှာ ပြီးစီး နိုင်မယ်လို့ ခန့်မှန်းထား ပါတယ်။ ဒီလို ပြင်ဆင် ပြီးစီးပါက အဆိုပါ ဆိပ်ခံ တံတားမှာ ရပ်နားကာ ရေပေါ်ဟိုတယ် အဖြစ် အသုံးပြုမယ့် သင်္ဘောမှာ နှစ်စီးဖြစ်ပြီး အလျား ၂၂၈ ပေ၊ အနံပေ ၅၀ ရှိတဲ့ သင်္ဘော တစ်စီးနဲ့ အလျား ၂၃၆ ပေ၊ အနံပေ ၅၀ ရှိတဲ့ သင်္ဘောတစ်စီး ပါဝင်မှာ ဖြစ်ပါတယ်။

သင်္ဘော တစ်စီးမှာ အခန်းပေါင်း ၇၂ ခန်းနဲ့ နှစ်ယောက်ခန်းများ ဖြစ်တဲ့အတွက် လူဦးရေ ၁၄၄ ဦးအထိ တည်းခို နိုင်တာ ဖြစ်တယ်လို့ အဆိုပါ ရေပေါ် ဟိုတယ် တည်ဆောက်ရေး စီမံကိန်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒါ့အပြင် ရေပေါ် ဟိုတယ် တည်ဆောက်မှု ပြီးစီးပါက လူဦးရေ ၂၈၈ ယောက်အထိ တည်းခိုနိုင်မှာ ဖြစ်ပြီး ဆိပ်ကမ်းမှာ ဆိုက်ကပ် နိုင်မယ့် ရေပေါ်ဟိုတယ် သင်္ဘော အရေအတွက်၊ ရေပေါ်ဟိုတယ် ငှားရမ်းခများ၊ တည်ဆောက်ရေး ကာလနဲ့ ကုန်ကျ စရိတ်များ အစရှိတာတွေကို စီးပွားရေး အရ တွက်ချက်ပြီး ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ရေပေါ်ဟိုတယ် တည်ဆောက်ခြင်းမှာ ရေပေါ်ဟိုတယ်၊ စားသောက် ဆိုင်ခန်းတွေ ထားရှိကာ ရန်ကုန် ဆိပ်ကမ်းကို တိုးချဲ့မှု ပြုလုပ်ရာမှာ ဆိပ်ကမ်း ၀န်းကျင် စည်ပင်သာယာ လာစေဖို့ အတွက် ဖြစ်တယ်လို့ ပို့ဆောင်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။


From : MRTV-4

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်