Sunday, July 22, 2012

ကက်ရှ်မီးယားဒေသလွှတ်တော်အမတ်များသည် အိန္ဒိယသမ္မတသစ်ရွေးကောက်ရန်အတွက် မဲခွဲရွေးချယ်မှုများပြုလုပ်ခဲ့ခြင်း

Posted by drmyochit Sunday, July 22, 2012, under | No comments


Xinhuanet.com;July-19(Thu)

          အိန္ဒိယနိုင်ငံကထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသရှိလွှတ်တော်အမတ်များသည် အိန္ဒိယသမ္မတ သစ်ရွေးကောက်တင်မြှောက်ရန်အတွက်  ဇူလိုင်လ ၁၉ ရက်နေ့က မဲခွဲရွေးချယ်မှုများပြုလုပ်ခဲ့ကြောင်း  အဆိုပါ ဒေသမှအရာရှိများက ပြောကြားခဲ့ပါသည်။ ကက်ရှ်မီးယားဒေသမြို့တော် Srinagar  ရှိ ဒေသလွှတ်တော်တွင် အဆိုပါမဲပေးမှုများအား ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ မဲပေးမှုအား ဇူလိုင်လ ၁၉ ရက်နေ့အစောပိုင်းတွင်စတင်ခဲ့ပြီး လွှတ်တော်အမတ်များသည် ၎င်းတို့၏မဲများအား ရွေးချယ်လျက်ရှိကြောင်း ရွေးကောက်ပွဲ ကြီးကြပ်ရေးအရာရှိတစ်ဦးက ပြောကြားခဲ့ပါသည်။ အဆိုပါမဲပေးမှုတွင် ကက်ရှ်မီးယားရှိလွှတ်တော် ၂ ခုစလုံးမှ လွှတ်တော်အမတ်များ ပါဝင်ခဲ့ကြပါသည်။

          အိန္ဒိယသမ္မတရာထူးအတွက် အဓိကယှဉ်ပြိုင်ရွေးချယ်ခံသူများမှာ လက်ရှိအာဏာရကွန်ဂရက်မှ ထောက်ခံခဲ့သည့် (United Progressive  Alliance-UPA) ပါတီမှ အဆိုပြုထားသော  Pranab Mukherjee နှင့် Bhartiya Janta  ပါတီမှအဆိုပြုထားသော PA Sangma  တို့ဖြစ်ကြပါသည်။ လက်ရှိအာဏာရအမျိုးသားညီလာခံ (National Conference) နှင့် အိန္ဒိယနိုင်ငံမှထိန်းချုပ်ထားသော  ကက်ရှ်မီးယားကွန်ဂရက်တို့သည်UPA   ကိုယ်စားလှယ် လောင်း Mukherijee  အား ထောက်ခံခဲ့ကြပါသည်။ ရေတွက်မှုများအား ဇူလိုင်လ ၂၂ ရက်နေ့တွင် ပြုလုပ်ရန် စီစဉ်ထားသည်ဟုAll India Radio (AIR) အသံလွှင့်ဌာနမှ ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်