Saturday, August 04, 2012

ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် ဓာတ်ငွေ့ကြောသစ် တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ခြင်း

Posted by drmyochit Saturday, August 04, 2012, under | No comments



            ဘင်္ဂ လားဒေ့ရှ် နိုင်ငံ ပိုင် Bangladesh Petroleum Exploration(BAPEX) ကုမ္ပ ဏီသည် မြို့တော် ဒါကာ၏ အရှေ့ဘက် ၉၆ ကီလို မီတာ ခန့်အ ကွာတွင်တည် ရှိသည့် Comilla ခရိုင် ရှိဓာတ် ငွေ့တွင်း တစ်ခု တွင် ဓာတ်ငွေ့ ကြောသစ် တစ်ခုကို ရှာဖွေ တွေ့ရှိ ခဲ့ကြောင်း အဆိုပါ ကုမ္ပဏီမှ တာဝန် ရှိသူ များက ဇူလိုင် လ ၃၁ ရက် နေ့တွင် ပြောကြား ခဲ့သည်ဟု Xinhua သတင်း တစ်ရပ် အရ သိရှိ ရပါသည်။ ဓာတ်ငွေ့ ကြောသစ် တစ်ခုအား ဇူလိုင် လ ၃ဝ ရက် နေ့ ညက Comilla ခရိုင် ရှိ  Srikail ဓာတ်ငွေ့ တွင်း တစ်ခု၌ စမ်းသပ် တူးဖော် နေစဉ် အတွင်း ရှာဖွေ တွေ့ရှိ ခဲ့ခြင်း ဖြစ်ကြောင်း ဇူလိုင် လ ၃၁ ရက် နေ့က အဆိုပါ ဓာတ်ငွေ့ တွင်းသို့ သွားရောက် ခဲ့သည့် BAPEX ညွှန်ကြား ရေးမှူး Mortuza Ahmad Faruque  က ပြောကြား ခဲ့ပါသည်။ ၄င်း ဓာတ်ငွေ့ ကြောသစ်မှ ဓာတ်ငွေ့ မည်မျှ ထွက်ရှိမ ည်ကို ချက်ချင်း လေ့လာ စိစစ် မှုမ ပြုလုပ် ရသေး ကြောင်းနှင့် Srikail ဓာတ်ငွေ့ တွင်း၏ အမှတ် (၂) လုပ် ကွက်တွင် ဇူလိုင် လ ၁၃ ရက်နေ့ ကရှာ ဖွေတွေ့ ရှိခဲ့ သည့် ဓာတ်ငွေ့ ကြောနီး ပါးရှိ နိုင်ကြောင်း  Foruque က ပြောကြား ခဲ့ပါသည်။ လွန်ခဲ့ သောနှစ် များက BAPEX ကုမ္ပ ဏီသည် အသေး စားနှင့် အလယ် အလတ် ရှိသည့် ဓာတ် ငွေ့တွင်း ၁ဝ ခုကို ရှာဖွေ တွေ့ရှိ ခဲ့ကြောင်း သိရှိ ရပါသည်။    

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်