Saturday, August 04, 2012

မီဒီယာ လွတ်လပ်ခွင့်အတွက် အချက် ၇ ချက် တောင်းဆို

Posted by drmyochit Saturday, August 04, 2012, under | No comments



ရန်ကုန် (မဇ္ဈိမ) ။         ။ သတင်းမီဒီယာသမား ၉၀ ကျော်ဖြင့် ဖွဲ့စည်းထားသော သတင်း လွတ်လပ်ခွင့် ယာယီ
ကော်မတီက မီဒီယာ လွတ်လပ်ခွင့်အတွက် ပိတ်ပင်သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကို အရေးယူပေးရန်နှင့် စာပေ လွတ်လပ်ခွင့် ဆုံးရှုံးရမှုများအတွက် တာဝန်ရှိ ပုဂ္ဂိုလ်တို့မှ အမြန်ဆုံးဖြေရှင်းပေးရန် စသည့် အချက် ၇ ချက်ပါ
တောင်းဆိုချက်ကိုဇူလိုင်လ၃၁ရက်နေ့တွင်ထုတ်ပြန်ကြေညာလိုက်သည်။
ဇူလိုင်လ ၃၁ ရက်  နေ့ ညနေ ၃ နာရီ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ပြုလုပ်သော သတင်း မီဒီယာသမားများ စုံ ညီအစည်းအဝေးသို့ တက်ရောက်လာသူ ၉၂ ဦး၏ သဘောတူညီမှုဖြင့် အဆိုပါ ကြေညာချက်ကို ထုတ်ပြန်ခြင်းဟု
ကော်မတီ၏ပြောရေးဆိုခွင့်ရှိသူဦးဇော်သက်ထွေးကပြောသည်။
ကောမတီ၏ တောင်းဆိုချက် ၇ ချက်တွင် ထုတ်ဝေခွင့် ယာယီ ရပ်ဆိုင်းခံထားရသော The Voice Weekly, Envoy ဂျာနယ်တို့ကိုလည်း ပြန်လည် ထုတ်ဝေခွင့်ပြုရန်၊ သတင်း မီယာများ အပေါ် အရေးယူမှုများကို ထပ်မံ လုပ်ဆောင်ခြင်း မပြုရန်၊ ကျင့်ဝတ်နှင့်အညီ ရေးသားဖော်ထုတ်သော မည်သည့်ရေးသားမှုကို အစိုးရက တရားစွဲမှုများ ချက်ချင်း ရပ် ဆိုင်းရန်၊ မီဒီယာသမားများ၏ သဘောဆန္ဒမပါဝင်ဘဲ ရေးဆွဲထားသည့် မည်သည့် မီဒီယာ ဥပဒေကိုမဆို လက်မခံကြောင်း ပါဝင်သည်။
ထို့အပြင် ၁၉၆၂ ခုနှစ်၊ ပုံနှိပ်အက်ဥပဒေနှင့် မီဒီယာများကို ဖိနှိပ်ကန့်သတ်ထားသော ဥပဒေများကို ဖျက်သိမ်းပေးရန် လည်းတောင်းဆိုထားသည်။

သတင်းလွတ်လပ်ခွင့် ယာယီကော်မတီသည် ဇူလိုင်လ နောက်ဆုံးပတ်အတွင်းက The Voice Weekly နှင့် Envoy ဂျာနယ်တို့ကို စာပေစိစစ်ရေးမှ ရက်အကန့်အသတ်မရှိ ထုတ်ဝေခွင့် ပိတ်ပင်ရာမှ ပေါ်ပေါက်လာသည့် ကော်မတီ တခု ဖြစ်သည်။
၎င်းတို့၏ တောင်းဆိုချက်များ အကောင်အထည် ပေါ်လာပါက ဤယာယီကော်မတီမှာ အလိုအလျောက် ဖျက်သိမ်းပြီး
ဖြစ်မည်ဟုလည်း ကော်မတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်သက်ထွေး က ပြောသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်