Saturday, August 04, 2012

အမေရိကန်ထိပ်တန်းကုမ္ပဏီကြီးများ မြန်မာနိုင်ငံရောက်လာတော့မည်

Posted by drmyochit Saturday, August 04, 2012, under | No comments


From:popular
 
Google, Coca-Cola, Ford, General Electric, Chevron, Cargill, General Mortors နှင့် Goldman Sachs စသည့် အမေရိကန်ထိပ်တန်း ကုမ္ပဏီကြီးများ မြန်မာနိုင်ငံတွင်လာရောက်ရင်းနှီးမြှုတ်နှံတေ
ာ့မည်ဖြစ်ကြောင်းသိရသည်။

ကမ္ဘောဒီးယားတွင် ဟီလာရီကလင်တန်နှင့် အာဆီယံခေါင်းဆောင်များတွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် ဟီလာရီ၏ တိုက် တွန်းချက်အရထိုသို့ရင်းနှီးမြှုတ်နှံမှုများပြုရန်စီစဉ်နေကြခြင်းဖြစ်သည်။

"အမေရိကန်ကုမ္ပဏီတွေဟာ အပြုသဘောဆောင်တဲ့ပြောင်းလဲမှုအတွက် ၀ိုင်းဝန်းကြရမယ်။ မြန်မာနိုင်ငံသားတွေနဲ့လဲ ပူးပေါင်းလက်တွဲကြပြီး စီးပွားရေးလုပ်ငန်းတွေကို ပွင့်လင်းမြင်သာမှုရှိအောင်လုပ်ကြရမယ်"ဟု ဟီလာရီကလင် တန်က ပြောသည်။

သမ္မတ ဦးသိန်းစိန်နှင့် ဟီလာရီကလင်တန်တို့သည် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလကတည်းက ပထမဆုံးအကြိမ်တွေ့ဆုံခဲ့ပြီး ဆွေးနွေးညှိနှိုင်းခဲ့ကြသေးသည်။ ဦးသိန်းစိန်သည် တက်ကြွမှုရှိပြီး မိမိကိုယ်မိမိလည်းယုံကြည်မှုအားကောင်းကြောင်း အ မေရိကန်အစိုးရအဖွဲ့ကဆိုသည်။

အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံအပေါ် စီးပွားရေးဆိုင်ရာပိတ်ဆို့ထားမှုများကို တစ်စထက်တစ်စ လျှော့ချလာသည့်နည်းတူ အမေရိကန်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးမှာလည်း ပိုမိုအားကောင်းလာပြီဖြစ်သည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်