Yahoo!News(AFP).com;Aug-1(Wed)
နေတိုး တပ်ဖွဲ့ ယာဉ်တန်း
များအ နေဖြင့် ၂ဝ၁၅ ခုနှစ် ကုန်ဆုံး သည်အထိ ပါက စ္စတန် နိုင်ငံ အားဖြတ်၍ အာဖဂန် နစ္စတန်
နိုင်ငံသို့ သွားလာ ခွင့်ပြုသည့် သဘော တူညီ ချက်တစ် ရပ်ကို ပါက စ္စတန် နိုင်ငံက အမေ
ရိကန် နိုင်ငံနှင့် ဇူလိုင်လ ၃၁ ရက် နေ့တွင် လက်မှတ် ရေးထိုး ပေးခဲ့ ပါသည်။ ၄င်း ပါကစ္စတန်
နှင့် အာဖဂန် နစ္စတန် နယ်ခြား ဖြတ်ကျော် ခွင့်ကို ပါကစ္စတန် နိုင်ငံက ၇ လ ကြာခန့် ပိတ်ပင်
ထားခဲ့ ပါသည်။ အမေ ရိကန် ၏ လေကြောင်း တိုက်ခိုက်မှု များကြောင့် ပါကစ္စတန် စစ်သည် ၂၄
ဦး သေဆုံး ခဲ့မှုနှင့် ပတ်သက်၍ တုံ့ပြန် ကန့်ကွက် မှုအဖြစ် ပါကစ္စတန် - အာဖဂန် နယ်စပ်ရှိ
ထောက်ပံ့ရေး လမ်းကြောင်း အား ကာလ ကြာရှည်စွာ ပိတ်ဆို့ ထားခဲ့ ပြီးနောက်တွင် ပါကစ္စတန်
အစိုး ရက နေတိုး တပ်ဖွဲ့ကုန် ပစ္စည်း များပေး ပို့ရေး အတွက် ဇူလိုင် လ ၃ ရက် နေ့တွင်
မြေပြင် လမ်းကြောင်း များကို ပြန်လည် ဖွင့်လှစ် ပေးရန် သဘော တူညီ ခဲ့ခြင်း ဖြစ်ပါသည်။
ပါကစ္စ တန်နှင့် အမေ ရိကန်
နိုင်ငံ တို့အ နေဖြင့် ၄င်း တို့၏ ဆိုးရွား နေသော ဆက်ဆံ ရေးကို ပြုပြင်ရန် ကြိုးပမ်း
မှုများစွာ ပြုလုပ် ခဲ့ခြင်း ရလဒ်၏ တစ်စိတ် တစ်ပိုင်း အဖြစ် အဆိုပါ သဘော တူညီ ချက်ကို
လက်မှတ် ရေးထိုး နိုင်ခဲ့ ကြခြင်း လည်းဖြစ် ပါသည်။ ပါကစ္စတန် နိုင်ငံတွင် ပုန်းအောင်း
နေသော အိုစ မာဘင် လာဒင် ကို အမေ ရိကန် နိုင်ငံက စီးနင်း တိုက်ခိုက် သုတ်သင် ခဲ့ခြင်း၊
ပါကစ္စတန် နိုင်ငံ အတွင်း လေကြောင်း တိုက်ခိုက် မှုများ ပြုလုပ်ခြင်း စသည် တို့နှင့်
ပတ်သက်၍ ၂ဝ၁၁ ခုနှစ် တွင် ပါကစ္စတန် နှင့် အမေ ရိကန် နိုင်ငံ တို့၏ ဆက်ဆံ ရေးမှာ အဆိုး
ရွားဆုံး အခြေ အနေသို့ ကူးပြောင်း ရောက်ရှိ ခဲ့ပါသည်။ ပါကစ္စတန် ထောက် လှမ်းရေး အကြီး
အကဲ ဒုတိ ယဗိုလ် ချုပ်ကြီး Zaheer ul-Islam သည် CIA အကြီး အကဲနှင့် ဆွေးနွေး ပွဲပြု လုပ်ရန် ဝါရှင်
တန်မြို့ သို့ ၃ ရက် ကြာအလည် အပတ် ခရီး မစ တင်မီ တစ်ရက် အလိုတွင် အဆိုပါ သဘော တူညီ
ချက်ကို လက်မှတ် ရေးထိုး ခဲ့ခြင်း လည်းဖြစ် ပါသည်။
ပါကစ္စတန် နိုင်ငံ ရာဝါ ပင်ဒီ
မြို့တွင် လက်မှတ် ရေးထိုး ခဲ့သော သဘော တူညီ ချက်အရ ပါကစ္စတန် နိုင်ငံ အနေဖြင့် နယ်စပ်
ဒေသ အတွင်းရှိ စစ်သွေး ကြွများကို တိုက်ခိုက် ရေးအတွက် မဟာ မိတ် တပ်ဖွဲ့ ထောက်ပံ့ ရေးရန်
ပုံငွေ အစီ အစဉ်မှ ပါကစ္စတန် နိုင်ငံကို အမေ ရိကန် ဒေါ်လာ ၁.၁ ဘီလီ ယံအား အမေ ရိကန်၏
ကမ ကထ ပြုမှုဖြင့် ထောက်ပံ့ ပေးမည် ဖြစ်ပါသည်။ ၄င်း သဘော တူညီ ချက်၏ သက်တမ်း သည် အာဖဂန်
နစ္စတန် နိုင်ငံမှ နေတိုး တပ်ဖွဲ့ဝင် ၁၃ဝ,ဝဝဝ ဦးထွက် ခွာမည့် ၂ဝ၁၄ ခုနှစ် ထက်ကျော်
လွန်ကာ ၂ဝ၁၅ ခုနှစ် ကုန်ဆုံး ချိန်အထိ ကြာမြင့် မည်ဖြစ်ပြီး သက်တမ်း မကုန် မီတွင် နောက်ထပ်
တစ်နှစ် ကာလ သက်တမ်း တိုးနိုင် သေးကြောင်း အမေ ရိကန် အရာရှိ တစ်ဦးက ပြောကြား ခဲ့ပါသည်။
Time in Rangoon

0 comments:
Post a Comment