Saturday, August 04, 2012

လာအိုနှင့် ဗီယက်နမ် ကိုယ်စားလှယ်များ နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးခြင်း

Posted by drmyochit Saturday, August 04, 2012, under | No comments



            လာအို နိုင်ငံ ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက် ရေးနှင့် ဆင်းရဲ မှုလျှော့ ချရေး ဆိုင်ရာ အမျိုးသား ကော်မတီ ဥက္ကဋ္ဌ Bounheuang Douangphachanh ဦးဆောင် သော လာအို ကိုယ်စား လှယ်အဖွဲ့သည် အလည် အပတ် ရောက်ရှိ နေသော ဗိုလ်ချုပ် Trieu Xuan Hoa  ဦးဆောင် သည့် ဗီယက် နမ် နိုင်ငံ Tay Nguyen ဖွံ့ဖြိုး တိုးတက် ရေးဒေ သကော် မတီ အဖွဲ့နှင့် ဇူလိုင် လ ၃၁ ရက် နေ့က လာအို နိုင်ငံ ဗီယင် ကျန်းမြို့ တွင်တွေ့ ဆုံပြီး နှစ် နိုင်ငံ နယ်စပ် ဒေသ တစ်လျှောက် ဖွံ့ဖြိုး တိုးတက် ရေး အတွက် အနာ ဂတ်ပူး ပေါင်းဆောင် ရွက်မှုများ တိုးမြှင့် လုပ်ဆောင် မည့်နည်း လမ်းများ ကိုဆွေး နွေးခဲ့ ကြကြောင်း သြဂုတ် လ ၁ ရက်နေ့ Newsnow သတင်း တစ်ရပ် အရ သိရှိ ရပါသည်။ နှစ် နိုင်ငံ ကိုယ်စား လှယ် အဖွဲ့ သည် နယ်စပ် ဒေသ များတွင် နေထိုင် သည့် ပြည်သူ လူထု တို့၏ လူနေ မှုအ ဆင့်အ တန်းများ တိုးမြှင့် ရန်အ တွက် နိုင်ငံ ရေးတည် ငြိမ်မှု ရှိစေ ရေးနှင့် ကုန်သွယ် မှုနှင့် ကုန်ထုတ် လုပ်မှု တိုးမြှင့် ရေးဆိုင် ရာ နှစ် နိုင်ငံ ပူးပေါင်း ဆောင်ရွက် မှုအ တွက်လို အပ်ချက် တို့ကို ဆွေးနွေး ခဲ့ကြ ပါသည်။ ထို့ အပြင် နှစ် နိုင်ငံ ကိုယ်စားလှယ် အဖွဲ့ များအ နေဖြင့် နှစ် နိုင်ငံ နယ်စပ် ဒေသ ဖွံ့ဖြိုး တိုးတက် ရေးအ တွက် ဆက်လက် လုပ်ဆောင် လျက်ရှိ သောပူး ပေါင်းဆောင် ရွက်ရေး စီမံ ကိန်း များအား အကောင် အထည် ဖော်ဆောင် ရွက်မှု အခြေ အနေ တို့ကို လည်း ပြန်လည် သုံးသပ် ခဲ့ကြ ပါသည်။ အဆို ပါစီ မံကိန်း ၃၂ဝ ကျော် အတွက်  အမေ ရိကန် ဒေါ်လာ ၆၅ သန်း သုံးစွဲ ခဲ့ကြောင်း Bounheaung က ပြောကြား ခဲ့ပါသည်။ အဆို ပါတွေ့ ဆုံဆွေး နွေးပွဲ သို့ လာအို ကာကွယ် ရေး ဝန်ကြီး ဌာနမှ ကိုယ်စား လှယ်များ တက်ရောက် ပြီး လူမှု စီးပွားရေး ဖွံ့ဖြိုး တိုးတက် မှုနှင့် ဆက်စပ် လျက်ရှိ သောအ မျိုးသား ကာကွယ် ရေးနှင့် လုံခြုံရေး ကိစ္စရပ် များတွင် ရှေ့ဆက် ပူးပေါင်း ဆောင်ရွက် ရန်ဆွေး နွေးခဲ့ ကြပါသည်။ ဗီယက် နမ် ကိုယ်စား လှယ်အ ဖွဲ့သည် ဇူလိုင် လ ၂၉ ရက် နေ့မှ သြဂုတ် လ ၁ ရက်နေ့ အထိ လာအို နိုင်ငံ သို့အလည် အပတ် ရောက်ရှိ နေခဲ့ ခြင်းဖြစ် ကြောင်းသိ ရှိရ ပါသည်။ 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်