မူရင်းနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံဘက်မှ ထွက်ပြေးလာသော ရိုဟင်ဂျာများကိုကူညီရန် စီစဉ်နေသည့် နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများကို အကူအညီမပေးရန် ဘင်္ဂလားဒေရှ် အစိုးရက တားမြစ်လိုက်သည်။
ပြင်သစ်အခြေစိုက် နယ်စည်းမခြား
ဆရာဝန်များအဖွဲ့  Doctors without Borders (MSF)၊ Action Against
Hunger (ACF) နှင့် Britain’s Muslim Aid UK တို့ကို
မြန်မာနိုင်ငံနှင့် နယ်နမိတ်ခြင်း ထိစပ်နေသည့်ကော့ဘဇားတွင် အကူပေးမှု
လုပ်ငန်းများကို ဘင်္ဂလားဒေရှ်အစိုးရ၏ အစိုးရမဟုတ်သော အဖွဲ့အစည်းများရေးရာ
ဗျူရိုမှတားမြစ် လိုက်သည်။ ကော့ဘဇား ဒေသန္တရအုပ်ချုပ်ရေးမှု Joynul Bari က
အကူအညီပေးရေး ဧဂျင်စီများကို ဆက်လက်လုပ်ဆောင်ခြင်း မပြု ရန် ယနေ့မနက် အစောပိုင်းက
တားမြစ် လိုက်ခြင်းဖြစ်သည်။
အစ္စလာမ်မစ် နိုင်ငံဖြစ်သည့်
ဘင်္ဂလားဒေရှ်နိုင်ငံသည် အစ္စလာမ်ဘာသာဝင် ဘင်္ဂါလီ ရိုဟင်ဂျာများကို နိုင်ငံတွင်းဉ်
အခြေ ချခွင့်၊ နိုင်ငံသားဖြစ်ခွင့် ၊ မွေးရာပါ လူ့အခွင့်ရေး
ရပိုင်ခွင့်စသည်တို့အတွက် အကြိမ်ကြိမ်ငြင်းဆန်ခဲ့သည်။ နယ်စည်းမခြား
ဆရာဝန်များအဖွဲ့သည် ၁၉၉၀ ပြည့်နှစ်မှစပြီး ကော့ဘဇားတွင် ၁၉၉၀ ပြည့် နှစ်မှစပြီး
ကျန်းမာရေး ၊ အရေးပေါ် စားနပ်ရိက္ခာနှင့် သင်တန်းပေးမှုများကို လုပ်ဆောင်ခဲ့သည်။
ထိုဒေသရှိ ဒုက္ခသည်စခန်း နှစ်ခုနှင့်
နေရာဒေသအချို့ တွင် ရိုဟင်ဂျာ ဒုက္ခသည် သိန်းချီနေ ထိုင်ကြသည်။ မေလနှောင်းပိုင်းနှင့်
ဇွန်လဆန်းပိုင်းက ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် မငြိမ်သက်မှုဖြစ်ခဲ့စဉ်
ကော့ဘဇား ဒေသသို့ထွက်ပြေးခိုလှုံလာသည့် ဘင်္ဂါလီ ရိုဟင်ဂျာ များကို
ဘင်္ဂါလားဒေရှ် အစိုးရက လက်မခံဘဲ ပြန်လည် မောင်း ထုတ်ခဲ့ သည်။
Time in Rangoon



0 comments:
Post a Comment