Saturday, August 04, 2012

ဒါဖာ ဒေသအတွင်း ကုလသမဂ္ဂ၏ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု မစ်ရှင်အား နောက်ထပ် တစ်နှစ် ထပ်တိုးရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဆုံးဖြတ်ခဲ့ခြင်း

Posted by drmyochit Saturday, August 04, 2012, under | No comments



Xinhuanet.com;Aug-1(Wed)
ဆူဒန် နိုင်ငံ ဒါဖာ ဒေသတွင် ကုလ သမဂ္ဂ - အာဖ ရိက သမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး ပူးပေါင်း တပ်ဖွဲ့ ထားရှိ မှုအား ၂ဝ၁၃ ခုနှစ် ဇူလိုင် လ ၃၁ ရက် အထိ တိုင်အောင် နောက်ထပ် တစ်နှစ် ထပ်တိုး ရန်ဆုံး ဖြတ်ချက် တစ်ရပ်အား ကုလ သမဂ္ဂ လုံခြုံရေး ကောင်စီက ဇူလိုင် လ ၃၁ ရက် နေ့တွင် ချမှတ် ခဲ့ပါသည်။ ထိုဆုံးဖြတ် ချက်အား ထောက် ခံမဲ ၁၄ မဲ၊ ကြားနေ မဲ ၁ မဲဖြင့် မဲခွဲ ဆုံးဖြတ် ခဲ့ခြင်း ဖြစ်ပြီး ကြားနေ မဲအား လုံခြုံ ရေး ကောင်စီ အမြဲတမ်း အဖွဲ့ဝင် မဟုတ်သော အဇာ ဘိုင်ဂျန် နိုင်ငံမှ ပေးခဲ့ ခြင်းဖြစ် ပါသည်။ အာဖရိက သမဂ္ဂနှင့် ညှိနှိုင်းမှု ပြုလုပ်ပြီး နောက်တွင် လုံခြုံရေး ကောင်စီ အနေဖြင့် အထက်ပါ အတိုင်း ဆုံးဖြတ် ချက်အား ချမှတ် ခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါ မစ်ရှင်တွင် စစ်သည် ၁၆,၂ဝဝ ဦးနှင့် ရဲတပ် ဖွဲ့ဝင် ၂,၃၁ဝ ဦးပါ ဝင်မည် ဖြစ်ကြောင်း သိရှိ ရပါသည်။

ဒါဖာရှိ ကုလ သမဂ္ဂ - အာဖရိက သမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး ပူးပေါင်း တပ်ဖွဲ့အား ၂ဝဝ၇ ခုနှစ် တွင် စတင် တည်ထောင် ခဲ့ခြင်း ဖြစ်ပြီး ဒါဖာ ဒေသ အတွင်း ငြိမ်း ချမ်းရေး လုပ်ငန်း စဉ်များတွင် အထောက် အကူ ပေးရန်၊ ဒေသ အတွင်း နေထိုင်သော အရပ်သား များအား ကာကွယ်ရန်၊ လုံခြုံ ရေးနှင့် တရား ဥပဒေ စိုးမိုးရေး တို့တွင် အထောက် အကူ ပေးရန် ရည်ရွယ် ခဲ့ကြောင်း သိရှိ ရပါသည်။ ဒိုဟာ စာချုပ် ပြီးမြောက် အောင်မြင် စေရန် အတွက်  လွတ်လပ် မှုနှင့် တရား မျှတ ရေးလှုပ် ရှားမှု အဖွဲ့နှင့် ဆူဒန် အစိုးရ နှစ်ဖက် စလုံးတွင် တာဝန် ရှိကြောင်း လုံခြုံရေး ကောင်စီက တိုက်တွန်း ပြောကြား ခဲ့ပါသည်။ ၂ဝဝ၃ ခုနှစ် ကစ တင်ခဲ့သော ဆူဒန် အစိုး ရနှင့် သူပုန်များ အကြား ဒါဖာ ဒေသတွင်း တိုက်ခိုက် မှုသည် ဆက်လက် ဖြစ်ပွား နေဆဲ ဖြစ်ပါသည်။ ဒေသ အတွင်း အမြဲတမ်း တည်ငြိမ် အေးချမ်း မှုရ ရှိရန်နှင့် အားလုံး ပူးပေါင်း ပါဝင်သော ငြိမ်းချမ်း မှုထိန်း သိမ်းရေး လုပ်ငန်းစဉ် ပြီးပြည့် စုံမှု ရရှိရန် အတွက် ဒိုဟာ စာချုပ်၏ အခြေခံ ဖြစ်သော တည်ငြိမ် ရေးနှင့် ရေရှည် အပစ် အခတ် ရပ်စဲ ရေးအပေါ် အခြေ ခံ၍ ဆောင်ရွက် သွားကြရန် ပဋိ ပက္ခ ဖြစ်ပွား နေသော အဖွဲ့ အားလုံး အား ထိုဆုံး ဖြတ်ချက်က တောင်းဆို ခဲ့ကြောင်း သိရှိ ရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်