Saturday, August 04, 2012

တောင်ပိုင်းဒေသ အထူးစစ်ဆင်ရေးဌာန တစ်ခု ထူထောင်သွားရန် ထိုင်းဝန်ကြီးချုပ်က ညွှန်ကြားခဲ့ခြင်း

Posted by drmyochit Saturday, August 04, 2012, under | No comments



            ထိုင်း နိုင်ငံ တောင်ပိုင်း စွန်း ဒေသ ငြိမ်းချမ်း ရေးဖော် ဆောင်ရာ တွင် ကြိုးပမ်း ဆောင်ရွက် နေမှု များအား ပေါင်းစပ် ညှိနှိုင်း ရန်နှင့် ကြီးကြပ် ဆောင် ရွက်ရန် အတွက် အထူး စစ်ဆင် ရေး ဌာန တစ်ခု ထူထောင် သွားရန် ဝန်ကြီး ချုပ် ယင်လပ်က ညွှန်ကြား ခဲ့သည်ဟု ဇူလိုင် လ ၃၁ ရက်နေ့ Bangkokpost  သတင်း တစ်ရပ် အရ သိရှိ ရပါသည်။ ယင်လပ် သည် တောင် ပိုင်းစွန်း ဒေသ အခြေ အနေအား အထူး အလေး ထားကိုင် တွယ်ဖြေ ရှင်းသွား ရန်အတွက် စစ်ဆင် ရေးဌာ နတစ်ခု ထူထောင် သွားရန် ဆန္ဒရှိ နေကြောင်း ဒုတိယ ဝန်ကြီး ချုပ် ဗိုလ် ချုပ်ကြီး ယူသာ ဆက်ဆာ ဆီပ ရာပါက ဇူလိုင် လ ၃၁ ရက်နေ့ တွင်ပြော ကြားခဲ့ ပါသည်။ အဆိုပါ အထူး စစ်ဆင် ရေးဌာန တစ်ခု ထူထောင် ရေးနှင့် ပတ်သက်၍ ဇူလိုင် လ ၃၁ ရက်နေ့ က ပြုလုပ် သော လုံခြုံ ရေးအေ ဂျင်စီ များအ စည်းအ ဝေးတွင် ယင်လပ် ကညွှန် ကြားခဲ့ ခြင်းဖြစ် ကြောင်း လုံခြုံရေး ကိစ္စများ ကိုတာ ဝန်ယူ ဆောင်ရွက် နေသော ဗိုလ် ချုပ်ကြီး ယူသာ ဆက်က ပြောကြား ခဲ့ပါသည်။ အဆိုပါ အစည်း အဝေးသို့ ဗိုလ် ချုပ်ကြီး ယူသာ ဆက်၊ ဒုတိယ ဝန်ကြီး ချုပ် Chalerm Yubamrung ၊ ကြည်း တပ် ဒုတိယ ဦးစီး ချုပ် Daopong Rattanasuban နှင့် အမျိုး သားလုံ ခြုံရေး ကောင်စီ Wichean Potephosree တို့ တက်ရောက် ခဲ့ကြ ပါသည်။ အဆို ပါစစ် ဆင်ရေး ဌာန သည် အမြဲ တမ်းထား ရှိမည့် ဌာန တစ်ခု ဖြစ်လာ မည်ဖြစ်ပြီး ပိုမို ထိရောက် အောင်မြင် စေရန် ပြဿ နာရပ် ဖြေရှင်း ရာတွင် ပါဝင် သည့် အေဂျင် စီများနှင့် ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ တောင်ပိုင်း စွန်း နယ်စပ် ဒေသ ပြည်နယ်များ ဖြစ်သော နရာ ထီဝပ်၊ ပတ္တ နီနှင့် ယာလာ ပြည်နယ် တို့တွင် သောင်း ကျန်းသူ များက ပြောက်ကျား နည်း ဗျူဟာ သစ်များကို အသုံး ပြု၍ အကြမ်း ဖက်တိုက် ခိုက်မှု အရှိန်ကို တိုးမြှင့် လုပ်ဆောင် လာနေ သည့်အ တွက်ကြောင့် လက်ရှိ ထောက် လှမ်းရေး လုပ်ငန်း များသည် ထိရောက် မှုမရှိ ဖြစ်နေ ကြောင်း ဗိုလ် ချုပ်ကြီး ယူသာ ဆက်က ပြောကြား  ခဲ့သည် ဟုသိ ရှိရ ပါသည်။ 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်