Saturday, August 04, 2012

အိန္ဒိယ နိုင်ငံသည် အက်ဒမန်ကျွန်းစုရှိ ရေတပ်ဖွဲ့၏ လေတပ်အခြေစိုက်စခန်းသစ်အား ဖွင့်လှစ်ခဲ့ခြင်း

Posted by drmyochit Saturday, August 04, 2012, under | No comments


            အိန္ဒိယ ရေတပ် ဦးစီးချုပ် ရေတပ် ဗိုလ် ချုပ်ကြီး Nirmal Verma သည် နိုင်ငံ တောင် ပိုင်းစွန်း ရှိ အက်ဒ မန်နှင့် နီကိုဘာ ကျွန်းစုတွင်  INS  Baaz လေတပ် အခြေ စိုက်စ ခန်းသစ် တစ်ခုအား ဇူလိုင် လ ၃၁ ရက်နေ့ တွင်ဖွင့် လှစ်ခဲ့ ကြောင်း Newsnow သတင်း တစ်ရပ် အရ သိရှိရ ပါသည်။ အိန္ဒိယ နိုင်ငံမှ ရေမိုင် ၆၅ဝ ကျော်ကွာ ဝေးသော အဆိုပါ ကျွန်းစုသည် အိန္ဒိယ နိုင်ငံ အတွက် အရေး ပါသော မဟာ ဗျူဟာ အကျိုး အမြတ် များကို ရရှိ စေခဲ့သည်။ ထို့အပြင် ဘင်္ဂလား ပင်လယ် အော်အ တွင်း နိုင်ငံ အတွက် အကျိုး ဖြစ်ထွန်း နိုင်သော အခွင့် အလမ်း ပေးထား သည့်အပြင် အရှေ့ နှင့် အရှေ့ တောင် အာရှ ဒေသ ၏ တံခါး ပေါက် သဖွယ် ဖြစ်ကြောင်း Verma  က ပြောကြား ခဲ့ပါသည်။ INS Baaz သည် Port Blair  ဆိပ် ကမ်းမှ ရေမိုင် ၃ဝဝ ခန့် အကွာ တွင်တည် ရှိပြီး အိန္ဒိယ တပ်မ တော်၏ တောင်ပိုင်း အစွန်ဆုံး ကျသော လေတပ် အခြေ စိုက် စခန်း တစ်ခု ဖြစ်ပါသည်။ အိန္ဒိယ ရေတပ် သည် အက်ဒ မန်နှင့် နီကို ဘာ ကွပ်ကဲ မှုဌာန ချုပ်အောက် တွင် စစ် သင်္ဘော များကို တိုးမြှင့် ထားရှိ လျက်ရှိ ကြောင်းနှင့် Port Blair  ဆိပ်ကမ်း သည် အိန္ဒိယ ရေတပ်၏ စစ် လက်နက် ပစ္စည်း များဝယ် ယူရေး စီမံကိန်း များကြောင့် ကမ်းထိုး ရေယာဉ် များ၊ ကမ်းနီး ကင်းလှည့် ရေယာဉ် များနှင့် အမြန် တိုက်ခိုက် ရေးရေ ယာဉ်များ အခြေ စိုက်ရာ နေရာ ဖြစ်လာ လိမ့်မည် ဖြစ်ကြောင်း လည်း Port Blair ကပြော ကြားခဲ့ ပါသည်။ လက်ရှိ အချိန် တွင် INS Baaz  သည် ပေ ၃၅ဝဝ ခန့် လေယာဉ် ပြေးလမ်း နှင့်အတူ ပြေးလမ်း အတိုနှင့် လှုပ်ရှား ဆောင်ရွက် နိုင်စွမ်း ရှိသော အပေါ့ စားနှင့် အကြီးစား လေယာဉ် များ အခြေ စိုက်ထား ကြောင်း သိရှိ ရပါသည်။ 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်