လယ်ယာထွက်ကုန် သီးနှံများ၏ နေ့စဉ်ပေါက်ဈေးနှုန်း သတင်းများကို အချိန်နှင့်တစ်ပြေးညီ သိရှိစေရန်အတွက် အလိုအလျောက် ဖြေကြားသည့် စနစ်များအား အဓိကကုန်စည်ဒိုင်ကြီး ရှစ်ခုတွင် တပ်ဆင်လျက်ရှိသည်။ နေ့စဉ် အရောင်း အဝယ်ဖြစ်နေသော ပဲမျိုးစုံ၊ ပြောင်း၊ ဂျုံနှင့် ဆီထွက်သီးနှံ ဈေးနှုန်းများကို ဖုန်းဆက်ရုံဖြင့် အလိုအလျောက် ဖြေကြားပေးလျက် ရှိသည်။ အဆိုပါ အစီအစဉ်အား ဥရောပသမဂ္ဂ၏ အထောက်အပံ့ဖြင့် ဆောင်ရွက်နေသော ဥရော သမဂ္ဂနှင့် ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့တို့၏ စားနပ်ရိက္ခာဖူလုံမှု ဦးစားပေး အစီအစဉ် ဆောင် ရွက်ခြင်းဖြစ်သည်။ ကုန်စည်ဈေးနှုန်းများအား အလိုအလျောက် ဖြေကြားစက် တပ်ဆင်ထားသော ကုန်စည်ဒိုင်နှင့် ဖုန်းနံပါတ်များမှာ ရန်ကုန် (ဘုရင့်နောင်) ကုန်စည်ဒိုင် ဖုန်း- ၀၁-၅၂၈၉၇၇၊ မန္တလေး (ကထိန်တော်အသင်း) ကုန်စည်ဒိုင် ဖုန်း- ၀၂-၂၄၅၅၀၊ မူဆယ် (၁၀၅မိုင်) ကုန်စည်ဒိုင် ဖုန်း- ၀၈၂-၅၅၃၀၀၊ ပြည်ကုန်စည်ဒိုင် ဖုန်း- ၀၅၃-၂၄၇၆၅၊ ဟင်္သာတကုန်စည်ဒိုင် ဖုန်း-၀၄၄-၂၂၄၄၄၊ မုံရွာကုန်စည်ဒိုင် ဖုန်း- ၀၇၁-၂၈၃၃၆၊ မကွေးကုန်စည်ဒိုင် ဖုန်း-၀၆၃-၂၈၄၈၉ နှင့် ပုသိမ်ကုန်စည်ဒိုင် ဖုန်း- ၀၄၂- ၂၃၈၂၁ တို့ဖြစ်သည်။ ရန်ကုန် (ဘုရင့်နောင်) ကုန်စည်ဒိုင်မှ ပဲမျိုးစုံ၊ ပြောင်း၊ ဆီထွက်သီးနှံများ၊ မူဆယ်စားဖိုဆောင် သီးနှံများ၊ မန္တလေး (ကထိန်တော်အသင်း) ကုန်စည်ဒိုင်မှ ပဲမျိုးစုံ၊ ပြောင်း၊ ဆီထွက်သီးနှံများ၊ နှစ်ရှည်သီးနှံများ၊ မူဆယ် (၁၀၅ မိုင်) ကုန်စည်ဒိုင်မှ ပဲမျိုးစုံ၊ ဆီထွက်သီးနှံများ၊ နှစ်ရှည်သီးနှံများ၊ သစ်သီးဝလံများ၊ ပြည်ကုန်စည်ဒိုင်နှင့် မကွေးကုန်စည်ဒိုင်တို့မှ ပဲမျိုးစုံ၊ ဆီနှင့် ဆီထွက်သီးနှံ ဈေးနှုန်းများ၊ ဟင်္သာတကုန်စည်ဒိုင်မှ ပဲမျိုးစုံနှင့် ပြောင်းဈေးနှုန်းများ၊ မုံရွာကုန်စည်ဒိုင်မှ ပဲမျိုးစုံ၊ ပြောင်း၊ ဂျုံနှင့် ဆီထွက်သီးနှံ ဈေးနှုန်းများ၊ ပုသိမ်ကုန်စည်ဒိုင်မှ ဆန်စပါးဈေးနှုန်းများကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်မည်ဖြစ်ကြောင်း ဖြစ် ကြောင်းသိရှိရသည်။
Time in Rangoon


0 comments:
Post a Comment