Wednesday, September 19, 2012

မြန်မာ-ထိုင်း နှစ်နိုင်ငံ အစားထိုး ဖွံ့ဖြိုးရေးနှင့် လူနေမှု ဘဝ တိုးတက် ဖွံ့ဖြိုးရေး ပူးပေါင်း ဆောင်ရွက်မှု နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးပွဲ ကျင်းပ

Posted by drmyochit Wednesday, September 19, 2012, under | No comments

  


နေပြည်တော် စက်တင်ဘာ ၁၈

မူးယစ် ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့ အတွင်းရေးမှူး ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ရဲချုပ် ကျော်ကျော်ထွန်း ဦးဆောင်သည့် မြန်မာ ကိုယ်စားလှယ် အဖွဲ့သည် စက်တင်ဘာ ၁၇ ရက် နံနက် ၉ နာရီခွဲက ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် ဒွိုင်တုန်း စီမံကိန်း ဒေသ၌ ကျင်းပသည့် မြန်မာ-ထိုင်း နှစ်နိုင်ငံ အစားထိုး ဖွံ့ဖြိုးရေးနှင့် လူနေမှု ဘဝ တိုးတက် ဖွံ့ဖြိုးရေး ပူးပေါင်း ဆောင်ရွက်မှု နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးပွဲသို့ တက်ရောက်ခဲ့သည်။ လက်မှတ် ရေးထိုးပွဲတွင် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အစိုးရ ကိုယ်စား မူးယစ် ဗဟိုအဖွဲ့ အတွင်းရေးမှူး ရဲချုပ် ကျော်ကျော်ထွန်းက လည်းကောင်း၊ ထိုင်းနိုင်ငံ အစိုးရ ကိုယ်စား ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး အဖွဲ့ (ONCB) အထွေထွေ အတွင်းရေးမှူး အုပ်ချုပ်ရေး မှူးချုပ် Police General Adul Saen gin gkeoကလည်းကောင်း လက်မှတ်ရေးထိုး ခဲ့ကြသည်။ စီမံကိန်း အကောင်အထည် ဖော်မည့် အဖွဲ့အစည်း အနေဖြင့် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အစိုးရ ကိုယ်စား နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဦးက လည်းကောင်း၊ ထိုင်းနိုင်ငံ အစိုးရ ကိုယ်စား ထိုင်းနိုင်ငံ မယ်ဖလုံ ဖောင်ဒေးရှင်း (MFLF) အထွေထွေ အတွင်းရေးမှူးချုပ် Mr.Disnadda Diskul ကလည်းကောင်း လက်မှတ်ရေးထိုး ခဲ့ကြသည်။

ဆက်လက်၍ ဒုတိယ ဝန်ကြီး ဦးဆောင်သည့် မြန်မာ ကိုယ်စားလှယ် အဖွဲ့သည် ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး ပြတိုက်သို့ သွားရောက် ကြည့်ရှုလေ့လာ ခဲ့ကြသည်။ ယခု ကျင်းပသည့် မြန်မာ-ထိုင်း နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးပြီးနောက် မြန်မာနိုင်ငံ ရှမ်းပြည်နယ် တာချီလိတ် မြို့နယ်နှင့် မိုင်းဆတ် မြို့နယ်တို့တွင် စီမံကိန်း ကျေးရွာများ သတ်မှတ်၍ အစားထိုး ဖွံ့ဖြိုးရေး လုပ်ငန်းများအား မကြာမီ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။ 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်