Wednesday, September 19, 2012

ကေအိုင်အိုနဲ့ အစိုးရတပ် ငါးကီလိုမီတာစီ နောက်ဆုတ်ဖို့ အကြံပေး

Posted by drmyochit Wednesday, September 19, 2012, under | No comments




From : သာနောင်

ကေအိုင်အိုနဲ့ အစိုးရတပ်တွေ တပ်ရွှေ့နောက်ဆုတ်ရာမှာ နှစ်ဖက်စလုံး ငါးလီလိုမီတာစီ စရွှေ့သင့်တယ်လို့ နိုင်ငံ တကာက အကြံပြုထားပါတယ်။ “သူနည်းနည်းရွှေ့ ကိုယ်နည်းနည်းရွှေ့ပေါ့၊ နိုင်ငံတကာက အကြံပေးတာ ငါးကီလိုမီတာ ရွှေ့လိုက်ပါတဲ့၊ ငါးကီလိုမီတာဆိုတာ လက်နယ်ငယ် တစ်ကမ်းပေါ့” လို့ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ သမ္မတရုံးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက ဆိုပါတယ်။ ကေအိုင်အိုတပ်တွေနဲ့ အစိုးရတပ်တွေကြားမှာ ပစ်ခတ်မှုတွေ ရှိနေပါတယ်။ အဲသည်လို ပစ်ခတ်နေရတာဟာ တပ်တွေရဲ့ လိုအပ်ချက်အရ ရိက္ခာသယ်ယူရာမှာ၊ တပ်အချိန်းအပြောင်း လုပ်တဲ့အခါ လမ်းမှာ ထိပ်တိုက်တွေ့ပြီး ပစ်ခတ်မှုတွေ ဖြစ်ကြရတာလို့ ဆိုပါတယ်။ အဲသည်လို ထိပ်တိုက်တွေ့ကြတာက နှစ်ဖက်တပ်ချင်း အရမ်းနီးကပ်နေတာကြောင့်ဖြစ်ပြီး ပစ်ခတ်မှုတွေ မဖြစ်အောင် ကျွံနေတဲ့တပ်တွေကို ရွှေ့ပေးရပါမယ်။ အဲသည်လို တပ်ရွှေ့ပြောင်းရေးအတွက် နှစ်ဖက် စလုံးက စစ်ဦးစီးချုပ်တွေ တွေ့ဆုံညှိနှိုင်းနိုင်ဖို့ လိုပါတယ်။ အဲသည်လို တွေ့ဆုံနိုင်ဖို့ ခက်ခဲနေတာက တွေ့ဆုံမယ့်နေရာ ဖြစ်တယ်လို့ သိရပါမယ်။ “အဘတို့က အကြောင်းပြန်ပြီးပြီလေ၊ နောက်ဆုံး အကြောင်းပြန် ထားတာက နေပြည်တော်မှာ လာလုပ်ပါ၊ သမ္မတကြီး မျက်စိရှေ့မှာ လာလုပ်ပါ၊ မြန်မာပြည်မှာ ဒီထက်လုံခြုံတဲ့နေရာ မရှိတော့ဘူး” လို့ ဦးအောင်မင်းက ဆိုပါတယ်။ ဦးအောင်မင်းက ဆက်ပြီး “အဲဒီတော့ သူတို့ နေပြည်တော်ကို လာတဲ့အခါ လုံခြုံရေး၊ စားရေးသောက်ရေး အားလုံး တာဝန်ယူတယ်လို့ ပြောထားတယ်” လို့ ပြောပါတယ်။ “ပြည်တွင်းငြိမ်းချမ်းရေး မရရ အောင် ကြိုးစားမယ်၊ အားလုံးညှိနှိုင်း ဆွေးနွေးပြီး အောင်မြင်အောင် ဆောင်ရွက်သွားမယ်” လို့ ကော်မတီရဲ့ ဒုတိ ယဥက္ကဋ္ဌတစ်ဦးဖြစ်သူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်က ဆိုပါတယ်။ နှစ်ဖက်တွေ့ဆုံ ညှိနှိုင်းပြီး ကျွံနေတဲ့တပ်တွေကို ရွှေ့နိုင်မှသာ အခုဖြစ်နေတဲ့ တိုက်ပွဲတွေ ရပ်နိုင်မှာပါ။ တခြားလက်နက်ကိုင် အဖွဲ့တွေနဲ့ မတူဘဲ အချိန်ကြာမြင့်စွာ ဆွေးနွေးနေရတာဟာ နယ်မြေတွေ ကျွံနေတာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတကာရဲ့ အကြံပေးချက်ကို လေ့လာဆွေးနွေးပြီး ညှိနှိုင်း အကောင်အထည်ဖော်ဖို့ လိုအပ်လာပြီ ဖြစ်သည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်