Friday, September 21, 2012

ငြိမ်းချမ်းရေး မီးရှုးတိုင် သယ်ဆောင်မည်

Posted by drmyochit Friday, September 21, 2012, under | No comments


ငြိမ်းချမ်းရေး မီးရှုးတိုင် သယ်ဆောင်မည့် အစီအစဉ် တစ်ရပ်ကို ငြိမ်းချမ်းရေး လိုလားသော လူငယ်များများ စီစဉ်ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိသော လက်နက်ကိုင်ပဋိပက္ခများကြောင့် လုံခြုံအေးချမ်းစွာ နေထိုင်ခြင်း မပြုနိုင်သော စစ်ဘေးသင့် ပြည်သူများအရေးကို ဆောင်ရွက်လျက်ရှိသော အဖွဲ့အစည်း အသီးသီးမှ လူငယ်များမှ စုပေါင်းတိုင်ပင်လျက် စီစဉ်နေခြင်း ဖြစ်သည်။ ရန်ကုန်မြို့မှ စတင်လျက် ကချင်ပြည်နယ် အထိ ငြိမ်းချမ်းရေး မီးရှုးတိုင်ကို လက်ဆင့်ကမ်း သယ်ဆောင်ကြမည် ဖြစ်ပြီး လမ်းတစ်လျှောက် မြို့ရွာများမှ အဖွဲ့အစည်း မဟုတ်သော လူထု လှုပ်ရှားမှု အသွင်ဆောင်လျက် ချိတ်ဆက် ဆောင်ရွက်မည် ဖြစ်ပြီး ငြိမ်းချမ်းရေး လိုလားသူ မှန်သမျှ ပူးပေါင်း ပါဝင် ဆောင်ရွက်နိုင်ရန် ဒေသ အသီးသီး သို့ ဆွေးနွေးမှုများ ဖြင့် ချိတ်ဆက်သွားမည် ဖြစ်သည်။

မည်သည့် အသင်းအဖွဲ့ ၏ နာမည် ၊ ဦးဆောင်မှု အဖြစ် လက်ခံမည် မဟုတ်ပဲ ပြည်သူဆန္ဒ ဖော်ညွှန်းသော လူထု လှုပ်ရှားမှုကိုသာ အသားပေး စီစဉ်သွားမည် ဖြစ်သည်။ လမ်းတစ်လျှောက် ဖြတ်သန်းရာတွင် မိမိတို့ဒေသ အတွင်း ဖြတ်သန်းချိန် တာဝန်ယူ သယ်ဆောင်ကြမည့် ငြိမ်းချမ်းရေးလိုလားသူများ ဆက်သွယ်နိုင်ကြောင်း အသိပေး အပ်ပါသည်။ သယ်ယူရာတွင် အလှမ်းကွာဝေးလွန်းသော မြို့ရွာ အကွာအဝေးများတွင် မော်တော်ယာဉ်ဖြင့် သယ်ဆောင်မည် ဖြစ်ပြီး ပုံမှန်အားဖြင့် လူထု လမ်းလျှောက် သယ်ယူမည် ဖြစ်သည်။

ကချင်ပြည်နယ်တွင် သတ်မှတ်ထားသော စုရပ်တွင် လမ်းတစ်လျှောက် မှ သယ်ဆောင်ခဲ့ကြသည့် ပုဂ္ဂိုလ်များ ပြန်လည် စုစည်းကြမည် ဖြစ်ပြီး စစ်ဖြစ်ပွားရာဒေသ အတွင်းထိ ပို့ဆောင်နိုင်ရန် ရည်ရွယ်ထားသည်။ အောက်ဖော်ပြပါ ပုဂ္ဂိုလ်များထံ ဆက်သွယ်နိုင်ပြီး ဖော်ပြထားသော အဖွဲ့အစည်းများနှင့် သက်ဆိုင်ခြင်း မရှိပါကြောင်း အသိပေးအပ်ပါသည်။ ဆောင်ရွက်ရန် ဖော်ပြပေးစေလိုသော သူများလည်း ဖြည့်စွတ်ပေးသွားပါမည်။

ကိုဘိုဘို(စမ်းချောင်း) အဖြူရောင်တွဲလက်များ - ၀၉ ၇၃၀ ၇၁၀ ၂၅ ကိုရဲရင့်ကျော် (ဗကသများ အဖွဲ့ချုပ် ) ၀၉ ၄၀၂၅၅ ၄၀ ၁၅ ဒေါက်တာကျော်ဇေယျ (နှောင်ကြိုးမဲ့ကွန်ယက်) ၀၉ ၉၁၀ ၄၈ ၄၉ ၃ မနေနွယ်ထွန်း (ကလေးချစ်သူများကွန်ယက်) ၀၉ ၄၀ ၂၆ ၂၂၂ ၈၆ ကိုစိုးမြင့်အောင် (ပီတိ မိုးကောင်ကင် ပရဟိတ) ၀၉ ၂၀ ၃၅ ၄၁၂


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်