Friday, September 21, 2012

အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့  အထိမ်းအမှတ်ပွဲများသို့  ဖိတ်ကြားအပ်ပါတယ်။

Posted by drmyochit Friday, September 21, 2012, under | No comments


ရန်ကုန်မြို့ နှင့် မော်လမြိုင်မြို့ တို့ တွင် မနက်ဖြန် စက်တင်ဘာလ( ၂၁) ရက်နေ့ မှာ ကျင်းပပြုလုပ်မယ့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့  အထိမ်းအမှတ်ပွဲများသို့  ဖိတ်ကြားအပ်ပါတယ်။


မော်လမြိုင်မြို့ တွင် မနက်ဖြန် အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် “တနိုင်ငံလုံးစစ်ပွဲရပ် (Stop Civil War)” စတေကာကန်ပိန်း ပြုလုပ်မည်ဖြစ်ကြောင်းနှင့် မော်လမြိုင်သူ မော်လမြိုင်သားများအား ပူးပေါင်းပါဝင်ကြဖို့ ဖိတ်ခေါ်ပါကြောင်း သိရှိရပါတယ်။ မော်လမြိုင်မြို့  ရွှေမြင့်မိုရ်ထွန်းဟိုတယ်မှာ နေ့ လည် (၁) နာရီ မှ (၃) နာရီထိ ကျင်းပမှာ ဖြစ်ပါတယ်။



ရန်ကုန်မြို့  ဆူးလေဘုရားလမ်း မြို့ တော်ခန်းမ အနီး နံနက် (၁၀း၃၀) နာရီမှ စတင်ပြီး အင်းယားကန်ဘောင် တံတားဖြူ မှတ်တိုင် နေရာ) သို့ ငြိမ်းချမ်းရေး လမ်းလျှောက်ချီတက်မှုနဲ့  ဆုတောင်းမှုကို ကျင်းပပြုလုပ်မှာ ဖြစ်ကြောင်းနှင့် ရန်ကုန်သူ ရန်ကုန်သား များအား ဖိတ်ခေါ်ပါကြောင်း သိရှိရပါတယ်။

 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်