Friday, September 21, 2012

ငြိမ်းချမ်းပါစေ ကချင်မြေ

Posted by drmyochit Friday, September 21, 2012, under | No comments





အစိုးရတပ်များနဲ့ တိုက်ပွဲတွေဖြစ်လာပြီးနောက်ပိုင်း KIA ထိန်းချုပ်မှုအောက်ရှိတဲ့ ရွာတွေက လူအားလုံး လိုင်ဇာမြို့ကို ရွှေ့ခိုင်းပြီး ဒုက္ခသည်များအဖြစ် နေထိုင်စေခဲ့ပါတယ်။ အစပိုင်းမှာတော့ ဆန်နဲ့စားစရာ အသင့် အတင့်ရရှိပြီး အချိန်ကာလကြာမြင့်လာတဲ့နောက်မှာ ထမင်းဝအောင် မစားရတဲ့ အခြေအနေတွေ ဖြစ်ပေါ်လျက် ရှိပါတယ်။

ဒုက္ခသည်စခန်းအတွင်း ရောက်ရှိလာသူများထဲက ကျန်းမာသန်စွမ်း သူအမျိုးသားများကို KIA လက်နက် ကိုင် အဖြစ် ၀င်ရောက်စေပြီး ရှေ့တန်းစစ်ဆင်ရေးနှင့် မိုင်းထောင်ဖောက်ခွဲ ရေးတာဝန်များ ပေးအပ်ခဲ့တဲ့ အတွက် တိုက်ပွဲတွေမှာ သေဆုံးသူ၊ ထိခိုင်ဒဏ်ရာရသူအများအပြားရှိနေ၍ ပါဝင်ဆောင်ရွက်ခြင်း မပြုလိုသော်လည်း ဒုက္ခသည်စခန်းမှာရှိတဲ့ သားသမီး၊ ဇနီး၊ မိသားစုများမှာ KIA ထိန်းချုပ်မှုအောက်မှာ ရှိတဲ့အတွက် ထွက်မပြေး နိုင်တာကြောင့် ဆက်လက်တိုက်ပွဲဝင် နေကြရပါတယ်။ တိုက်ခိုက်မှုတွေ အတွင်း သေဆုံးသွားသူ တွေရဲ့ မိသားစုတွေမှာ မည်သည့်ထောက်ပံ့မှုမှမရဘဲ ဒုက္ခသည် စခန်းမှာ အမှန် တကယ် ဒုက္ခရောက်လျက်ရှိကြောင်း သတင်းများရရှိပါတယ်။

မြို့ပေါ် ဒုက္ခသည်စခန်းရောက် အချို့မိသားစုများတွင် ၎င်းတို့၏ ခင်ပွန်းနှင့် သားသမီးအချို့ တိုက်ပွဲတွင် ရာမှာလည်းကောင်း၊ မိုင်းထောင်ရာမှာလည်းကောင်း သေဆုံးမှုများဖြစ်ပေါ်လျက်ရှိရာ လူသိမှာစိုး၍ ပွင့်လင်းစွာ ပင် ငိုကြွေးနိုင်မှုမရှိကြောင်း၊ ဆုတောင်းပွဲများလည်း မလုပ်ရဲဖြစ်နေကြပါတယ်။ KIA နယ်မြေရှိ ဒုက္ခသည် စခန်းမှ မိသားစုများမှလည်း KIA ၏ ထိန်းချုပ်ထားမှုကြောင့်လည်းကောင်း၊ အသိမပေးဘဲ လျှို့ဝှက်ထားခြင်း ကြောင့် လည်းကောင်း များစွာဒုက္ခရောက်လျက်ရှိပါတယ်။

အစိုးရက ကူညီထောက်ပံ့ပေးနေသော ဒုက္ခသည်စခန်းတွင် ရှိနေသူများမှာလည်း စားသောက်ရေးမှာ ကူညီ ထောက်ပံ့မှုများကြောင့် အဆင်ပြေနေသော်လည်း ၀င်ငွေရသော စီးပွားရေး မလုပ်နိုင်ခြင်း၊ ကျန်းမာရေး လိုအပ်ချက်များ ရှိလာပါက အခက်အခဲဖြစ်နေခြင်းကြောင့် အရွယ်ရောက်သော မိန်းမပျိုလေး များနှင့် ညဦးပိုင်း နှင့် ညဥ့်နက်ပိုင်းတွင် လုပ်ငန်းခွင်ဝင်၍ ငွေကြေးရှာဖွေနေရခြင်း၊ လူငယ်များမှလည်း ဖိစီးမှုများကြောင့် မူးယစ် ဆေးဝါးသုံးစွဲခြင်း၊ ပစ္စည်းများခိုးယူခြင်း၊ လုယက်မှုကျူးလွန်နေခြင်းတို့ကြောင့် ညပိုင်းအပြင်သွားလာမှုများ အခက်အခဲနှင့် ကြုံတွေ့လျက်ရှိကြောင်း သိရှိရပါတယ်။

 ကချင်ပြည်နယ်အတွင် နှစ်ဘက်တိုက်ခိုက်မှုကြောင့် စီးပွားရေးအခက်အခဲဖြစ်ပေါ်ခြင်း၊ မူးယစ်ဆေး သုံးစွဲ သူများပြားခြင်း၊ မိန်းကလေးများ အကျင့်စာရိတ္တပျက်ပြား ခြင်း၊ ခိုး၊ ဆိုး၊ လုယက်မှုများပြားလာခြင်းကြောင့် အရပ်သားပြည်သူများနှင့် ဒုက္ခသည်စခန်းများမှ ဒုက္ခသည်များ အနေဖြင့် ငြိမ်းချမ်းရေး အမြန်ဆုံးရရှိစေရန် ဆန္ဒရှိကြပါကြောင်း KDN သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်