ကမ္ဘာပေါ်တွင် အဓိကဘာသာကြီး
၎ မျိုးဖြစ်သည့် ဟိန္ဒူ၊ ဗုဒ္ဓ၊ ခရစ်ယာန်၊ အစ္စလမ်ဘာသာများ ထွန်းကားခဲ့ပြီး မြန်မာနိုင်ငံတွင်
ပျူခေတ်နှင့်ရခိုင်သမိုင်းကြောင်းများအရ ဗုဒ္ဓဘာသာမှာ မဇ္စျိမဒေသ များနှင့်အတူ စတင်ထွန်းကားခဲ့ပြီး
ရှေးကျသောဘာသာတစ်ခုအဖြစ်တွေ့ရသည်။ ပုဂံခေတ်တွင် ပိုမို အသက်ဝင်လာပြီး သာသနာတော်ပိုမိုလျင်မြန်စွာပျံနှံ့လာခဲ့သည်။
လက်ရှိစာရင်းအရ မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာဝင်အများဆုံးနိုင်ငံတစ်ခုဖြစ်သည်။ ခရစ်ယာန်ဘာသာမှာ
ဗြိတိသျှကိုလိုနီခေတ်တွင် ခရစ်ယာန် မစ်ရှင်အဖွဲ့နှင့်ပါရှိလာပြီး ခရစ်ယာန်သာသနာပြုလုပ်ငန်းများကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်လာခြင်းဖြင့်
ပျံ့နှံလာခဲ့သည်။ ရခိုင်၊ မွန်၊ ရှမ်းပြည်နယ်အပါအ၀င် မြေပြန့်ဒေသများတွင် ဗုဒ္ဓဘာသာပျံနှံ့ပြီးဖြစ်သဖြင့်
အဓိကနတ်ကိုးကွယ်သူများပြီး လမ်းပန်းဆက်သွယ်မှုခက်ခဲသည့်တောင်တန်းဒေသများကို မစ်ရှင်အဖွဲ့များ
က ဦးစားပေးသာသနာပြုလုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
အစ္စလာမ်ဘာသာမှာမူ မိမိနိုင်ငံအတွင်း သာသနာပြုပျံနှံ့လာခြင်းမဟုတ်ဘဲ
အနောက်ဘက် မွတ်စလင်နိုင်ငံများမှ ကိုလိုနီခေတ်ဝင်ရောက်လာသူများနှင့် လွတ်လပ်ရေးရပြီးနောက်ပိုင်း
တရားမ၀င် ၀င်ရောက်လာသူများနှင့် အတူပါရှိလာခြင်းသာဖြစ်သည်။ အစ္စလာမ်ဘာသာမှာ ဗုဒ္ဓ၊ ခရစ်ယာန်ကဲ့သို့
မြန်မာနိုင်ငံအတွင်းသာသနာပြုခြင်းဖြင့် ပျံ့နှံလာခြင်းမဟုတ်ဘဲ မူလအစ္စလာမ်ဘာသာဝင်များ၏
လူဦးရေ တိုးပွားလာမှုကြောင့်သာ ကိုးကွယ်သူများပြားလာခြင်းဖြစ်သည်။ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာနှင့်
နတ်ကိုးကွယ်သူများမှ အစ္စလာမ်ဘာသာသို့ ကူးပြောင်းကိုးကွယ်ခြင်းမှာ မရှိသလောက် အလွန်တရာမှ
နည်းပါးသည်။
ရှေးအကျဆုံးဖြစ်သည့်ဗုဒ္ဓဘာသာမှာ
ရှေးယခင်ကပင် ဘာသာဝင်များ၏အထွဋ်အမြတ်ထားမှု ကြောင့် ဒေသအတွင်းရှိမြင့်မားသောတောင်ကုန်းများတွင်
စေတီ၊ ဘုန်းကြီးကျောင်းများ ဆောက်လုပ် ကိုးကွယ်သည့်အလေ့အထရှိခဲ့သည်။ ကိုလိုနီခေတ်တွင်
လေကြောင်းဓာတ်ပုံများရိုက်ကူး၍ မြန်မာပြည် မြေပုံထုတ်လုပ်ခဲ့ပြီး ကော်မရှင်နာမင်းကြီးများထံမှ
စေတီပုထိုးများ၊ ခရစ်ယာန်ကျောင်းများနှင့် ၎င်းတို့နှင့် ပါရှိလာသည့် အစ္စလာမ်ဘာသာဝင်များအတွက်
ဗလီများကို သာသာနာပိုင်နယ်မြေအဖြစ် သတ်မှတ်ပေး ခဲ့သည်။ ရှေးယခင်ကတည်းကပင် တည်ထားကိုးကွယ်ခဲ့သည့်
ဘုရား၊ ပုထိုးများ၊ ကျောင်းကန်များကို နိုင်ငံတော်အစိုးရနှင့် အဖွဲ့အစည်းများ၊ သဒ္ဓါတရားထက်သန်သူများက
ပြန်လည်မွမ်းမံခြင်း၊ ပြုပြင် တည်ဆောက်ခြင်းများဆောင်ရွက်ခဲ့ကြသည်။ သို့သော်လည်း သာသနာ့မြေအဖြစ်သတ်မှတ်ပေးထားခြင်း
မရှိသည့်နေရာများတွင် စေတီတည်ထားကိုးကွယ်ခြင်း၊ ဘုန်းကြီးကျောင်းဆောက်လုပ်ခြင်းတို့ကို
ခွင့်မပြု ပေ။ ပြီးခဲ့သည့် ဇွန်လကလည်း နေပြည်တော်တွင် သာသနာ့မြေမဟုတ်ဘဲ ကျူးကျော်ဆောက်လုပ်
ထားသည့်ဘုန်းကြီးကျောင်းများကို ဥပဒေနှင့် မညီညွတ်သဖြင့် နေပြည်တော်ကောင်စီ၏အစီအစဉ်ဖြင့်
ဖယ်ရှားခဲ့ရသည်။ ဤကဲ့သို့အဖြစ်အပျက်များမှာ နိုင်ငံအနှံ့နေရာအတော်များများတွင် ကြုံတွေ့ရသည့်
ပြဿနာများပင်ဖြစ်သည်။ အချို့သဒ္ဓါတရားထက်သန်သူများအနေဖြင့် လူပုဂ္ဂိုလ်ယုံကြည်ကိုးကွယ်မှုဖြင့်
ရပ်ကွက်အတွင်းမြေကွက်ဝယ်၍လှူဒါန်းပြီး သံဃာတော်များအား ကျောင်းဆောက်ကာ သီတင်းသုံးစေခြင်း
မျိုးကြုံတွေ့ရသည်။ သာသနာမြေမဟုတ်သဖြင့် သာသနာရေးဦးစီးဌာနနှင့် သံဃာနာယကအဖွဲ့တို့
ပူးပေါင်းပြီး ဖယ်ရှားခြင်းများ မကြာခဏဆောင်ရွက်ရလေ့ရှိသည်။ မိမိတို့နိုင်ငံအတွင်း
ဘာသာတိုင်း၊ လူမျိုးတိုင်းယုံကြည်စွာ ကိုးကွယ်ခွင့်ရှိသည်။ သို့သော်လည်း စနစ်တကျစည်းကမ်းရှိစေရန်
များစွာ အသိပညာပေးရဦးမည်ဖြစ်သည်။ အလားတူပင် အစ္စလာမ်ဘာသာဝင်များသည်လည်း ရပ်ကွက်၊ ကျေးရွာ
များတွင် သာသနာပိုင်မြေမဟုတ်သည့်နေရာများ၌ ဗလီများတိုးချဲ့လာခြင်း၊ သင်္ချိုင်းများတိုးချဲ့လာခြင်း
တို့ကို တွေ့မြင်နေရသည်။ ၎င်းတို့ကို စည်းမျဉ်းဥပဒေများနှင့် အညီထိထိရောက်ရောက်တားမြစ်သင့်သည်။
ဘာသာရေးဖိနှိပ် ချုပ်ချယ်မှုမဟုတ်ပါ။ စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီကျင့်ထုံးနည်းပင်ဖြစ်သည်။
စက်တင်ဘာလ ၈ ရက်နေ့ ဧရာဝတီသတင်းတွင် ချင်းခရစ်ယာန်များ ဖိနှိပ်ခံနေရသည်ဆိုသည့်
ခေါင်းစဉ်နှင့် သတင်းတစ်ပုဒ်ပါလာသည်ကိုတွေ့ရသည်။ သာသနာရေးက လက်ဝါးကပ်တိုင် ၁၃ ခု ဖြုတ်ချ
ခဲ့သည်ဟု ဖော်ပြထားတယ်။ ၎င်းမှာလည်း ဥပဒေနှင့်မညီညွတ်သည့်တရားမ၀င်ဗုဒ္ဓဘာသာ ဘုန်းကြီး ကျောင်းများဖယ်ရှားခံရသကဲ့သို့ပင်
ဖြစ်ပါလိမ့်မည်။ ကျွန်တော်လည်း လွန်ခဲ့တဲ့နှစ်က ကယားပြည်နယ်၊ ချင်းပြည်နယ်များကိုရောက်ရှိခဲ့သည်။
ကားလမ်းပေါ်မှကြည့်လိုက်လျှင် မြင့်မားသည့်တောင်ကုန်းတိုင်းတွင် လက်ဝါးကပ်တိုင်များစိုက်ထားသည်ကိုတွေ့ရသည်။
၎င်းတို့သည် ကိုလိုနီခေတ်ကတည်းက စိုက်ထူခဲ့ခြင်း မဟုတ်ဘဲ နောက်ပိုင်းတွင် ဒေသခံများကနယ်မြေချဲ့ပြီး
စိုက်ထူခဲ့ခြင်းဖြစ်သည်။ အင်္ဂလိပ်များထုတ်ခဲ့သည့် မြေပုံများကိုတွေ့မြင်ဖူးပါသည်။ လက်ဝါးကပ်တိုင်နှင့်
ဘုရားကျောင်းများတွဲလျက်သာ တည်ဆောက်ခဲ့ကြ သည်။ သို့သော်လည်း ယခုနောက်ပိုင်းတွင် တောင်မြင့်မြင့်တွေ့တိုင်း
လက်ဝါးကပ်တိုင်သီးသန့်(ဘုရား ကျောင်းမပါ)စိုက်ထူလာသည်ကို တွေ့ရသည်။ သာသနာ့မြေလည်းမဟုတ်ပါ။
ရှေးက ဗုဒ္ဓဘာသာဝင်များ၏ တောင်မြင့်မြင့်တွင်ဘုရားတည်သည့်ဓလေ့ကို ပုံတူကူးချထားသလားဟု
အောက်မေ့ရသည်။ ကျွန်တော် တို့်နိုင်ငံမှာ ဗုဒ္ဓဘာသာကိုးကွယ်သူ ၉၀ ရာခိုင်နှုန်းခန့်ရှိသော်လည်း
ဆော်ဒီနိုင်ငံကဲ့သို့ ဘာသာရေးဖိနှိပ်မှု လုံးဝမတွေ့ရပါ။ ဘာသာရေးဖိနှိပ်ခဲ့လျှင်လည်း
တရားစွဲခံရမည်သာဖြစ်သည်။ မိမိအနေဖြင့် မည်သည့် ဘာသာဘက်မှ အထူးပြုရေးသားခြင်းမဟုတ်ပါ။
စဉ်းစားတွေးခေါ်တတ်စေရန် အပြုသဘောဖြင့် ရေးသား ရခြင်းသာဖြစ်ပါသည်။
0 comments:
Post a Comment