ကချင်ပြည်နယ်အရေးကိုတွေးမိတိုင်း
ပြာနှမ်းနှမ်းတောင်တန်းတွေပေါ်က ဖြူဖြူဖွေးဖွေး မြူတွေနဲ့ ရောနှောနေတဲ့ယမ်းခိုး၊ ယမ်းငွေ့တွေကိုမြင်ယောင်မိတယ်။
ကြာခဲ့ပါပြီလေ။ စစ်ရဲ့အနိဋ္ဌာရုံတွေ ပြည်သူ တွေရဲ့ဆင်းရဲဒုက္ခတွေ ရင်နဲ့မမျှအောင်ပါပဲ။
တခြားပြည်နယ်၊ တိုင်းတွေနဲ့ယှဉ်လိုက်ရင် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး လွတ်လပ်ခွင့်နဲ့
မိသားစုဘ၀လုံခြုံမှုတွေ ဒါတွေအားလုံးဆုံးရှုံးနေခဲ့တာ ၂ နှစ် တောင်ကြာခဲ့ပါပြီ။ လွတ်လပ်စွာဆန္ဒဖော်ထုတ်ခွင့်တွေ၊
စီတန်းလှည့်လည်ခွင့်တွေတောင်ခွင့်ပြုနေပြီ။ မီဒီယာဆင်ဆာတွေဖြုတ်ပြီး လွတ်လပ်စွာရေးသားပုံနှိပ်ခွင့်တွေရနေပါပြီ။
ကျွန်တော်တို့မြစ်ကြီးနားမှာတော့ တစ်လောကငြိမ်းချမ်းရေးအတွက် လူအများစုဝေးပြီး ဆန္ဒဖော်ထုတ်မလို့
အာဏာပိုင်တွေက ခွင့်ပြုခဲ့ပေ မယ့် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တစ်ဖွဲ့က လက်တို့ပြီးခြိမ်းခြောက်ခဲ့လို့
ပျက်ပြယ်သွားခဲ့ရတယ်။ သမ္မတကြီးရဲ့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ပြုပြင်ပြောင်းလဲရေးလုပ်တဲ့အခါ
ကျွန်တော်တို့ကချင်ပြည်နယ် ကြီးကို ချန်မထားခဲ့ပါနဲ့လို့တောင်းဆိုပါရစေ။ မိုင်းခွဲဖျက်ဆီးခံခဲ့ရတဲ့
လမ်းတံတားတွေကိုလည်း အမြန်ဆုံး ပြုပြင်ပေးဖို့တောင်းဆိုပါရစေ။ ငြိမ်းချမ်းရေးလိုလားတဲ့
ကချင်အဖွဲ့အစည်း ၁၁ ဖွဲ့ကလည်း အဝေးကနေ တောင်းဆိုမနေဘဲ ကချင်ပြည်နယ်ကို ကိုယ်တိုင်လာကြည့်စေချင်ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေနဲ့ သွားတွေ့စေချင်တယ်။ လက်ခုပ်ဆိုတာ တစ်ဖက်တည်းတီးလို့မမြည်နိုင်ပါဘူး။
အစိုးရက အခြားလက်နက်ကိုင်အဖွဲ့အစည်း ၁၀ ဖွဲ့နဲ့အပစ်အခတ်ရပ်စဲပြီးလို့ တိုင်းရင်းသားတွေငြိမ်းချမ်းမှု
ကိုခံစားရနေပြီမဟုတ်လား။ KIA တစ်ခုတည်းချွန်ထွက်ပြီး အထူးအခွင့်အရေးတောင်းနေရင် တိုင်းရင်းသား
အချင်းချင်းတန်းတူအခွင့်အရေးဆိုတာ ရှိနိုင်ပါတော့မလား။ ပင်လုံညီလာခံဆိုတာပြီးခဲ့ပါပြီ။
လက်ရှိ အခြေအနေနိုင်ငံရေးရေစီးကြောင်းအတိုင်းပဲ သွားသင့်ပါတယ်။ ကျွန်တော်တို့ ကချင်တိုင်းရင်းသားတွေဟာ
ပြုသမျှနုရမယ့် KIA ရဲ့ ကျွန်တွေလိုပါပဲ။ ကျားသနားမှ နွားချမ်းသာမယ့်ဘ၀တွေပါ။
0 comments:
Post a Comment