ကချင်ပြည်နယ်အတွင်းရှိ
ပြည်သူအားလုံးအဓိက မှီခိုအားထားနေရသည့် ဆက်သွယ်ရေး လမ်းကြောင်းကို ဖျက်ဆီးမှုများ ကြောင့်
ခရီးသွားပြည်သူများ ကြောက်ရွံ့ထိတ်လန့်စေရန်နှင့် စိတ်ပိုင်းဆိုင်ရာမလုံခြုံမှုဖြစ်ပေါ်စေရန်
ဆောင်ရွက်ခဲ့။ မီးရထားလမ်းကြောင်း ပျက်စီးမှုကြောင့် ကုန်စည် စီးဆင်းမှု နှောင့်နှေးခြင်း၊
ကုန်ဈေးနှုန်း ကြီးမြင့်ခြင်း၊ ဒုက္ခများကို ပြည်သူ ပြည်သူလူထုခံစားနေရ။ အချိန်မှန်သွားလာနိုင်မှုမရှိခြင်း၊
စိုးရိမ်းကြောက်လန့်မှုများကြောင့်လူမှုရေးဒုက္ခများကို ပြည်သူလူထုခံစားနေရ။
ပုံ- ကေအိုင်အေတို့ မိုင်းခွဲမှုကြောင့် နမ္မတီး-မိုးကောင်းကြားရှိ ရထားလမ်းပျက်စီးခဲ့ပုံ
ပုံ-၂၂-၆-၂ဝ၁၁ မြစ်ကြီးနား-မန္တလေးရထားလမ်းကူးတံတား တံတားအမှတ်(၇၁၅)
ပျက်စီးသွားပုံ
ပုံ-၂၂-၆-၂ဝ၁၁ မြစ်ကြီးနား-မိုးကောင်းရထားလမ်းကူးတံတား
တံတားအမှတ် (၆၇၈) ပျက်စီးသွားပုံ
ဆက်သွယ်မှုပြတ်တောက်စေရန်သာမက ခရီးသွားပြည်သူများ အသက် အန္တရာယ် ဖြစ်စေသည်အထိ အကြမ်းဖက် ဖောက်ခွဲဖျက်ဆီးရန် ဆောင်ရွက်နေခြင်း ပြည်သူလူထု၏လူနေမှုအဆင့်အတန်းမြင့်မားရေးအတွက် နိုင်ငံတော်မှ ဆောင်ရွက်ပေးနေသည့် ဆက်သွယ်ရေး တာဝါတိုင်ပါ မကျန် မိုင်းခွဲဖျက်ဆီးမှုကို ကျူးလွန်ခဲ့သည်။
ပုံ-နမ္မတီးနှင့်မလိခကြား မီးရထားလမ်းမိုင်းထောင်ဖောက်ခွဲရန် ပြင်ဆင်ထားစဉ်
လုံခြုံရေး အဖွဲ့များမှတွေ့ရှိခဲ့ပုံ
ပုံ-၁၄-၇-၂ဝ၁၁ ဂူယန်သင်္ချိုးကုန်းအနီး ဆက်သွယ်ရေးတာဝါတိုင် ပျက်စီးနေပုံ
ထိုကဲ့သို့သော အဖျက်လုပ်ငန်းများဖြင့် လူမျိုးရေးကို အကြောင်းပြုပြီး
အဖျက်အမှောင့် လုပ်ငန်းများကို လုပ်ဆောင်နေသည်မှာ ဒေသခံများ အသိပင်ဖြစ်သည်။
ဆက်ပါအုံးမည်
ဆက်ပါအုံးမည်
0 comments:
Post a Comment