Friday, September 21, 2012

ဘင်္ဂါလီညှဉ်းပန်းမှုကြောင့် ဟိန္ဒူများ စစ်တွေသို့ ပြောင်းရွှေ

Posted by drmyochit Friday, September 21, 2012, under | No comments



အတူနေ ဘင်္ဂါလီမူဆလင်များ၏ ညှဉ်းပန်း ဖိအားပေးမှုကြောင့် မိမိတို့နေထိုင်ရာ ကျေးရွာမှ ထွက်ပြေးလာခဲ့ရသော ပေါက်တောမြို့နယ် အတွင်းမှ ဟိန္ဒူလူမျိုး (၂၅) ဦးတို့သည် ယနေ့ မနက်ပိုင်းတွင် စစ်တွေဈေး ဖောင်တော်ဆိပ်သို့ ရောက်ရှိရာ လံခြုံရေးတပ်ဖွဲ့ များ အပါအ၀င် တာဝန်ရှိသူများက သွားကြိုကာ စစ်တွေမြို့ မင်းဗာကြီးလမ်း ပေါ်ရှိ ဟိန္ဒူဒုက္ခသည် စခန်းသို့ လိုက်လံပို့ဆောင် ပေးခဲ့ကြသည်။ == ပေါက်တောမြို့နယ် တောလည် ကျေးရွာမှ လူဦးရေ (၂၅)ဦး ရှိ ဟိန္ဒူမိသားစု လေးစု တင်ဆောင်ထားသော စက်လှေသည် ယနေ့ နံနက် ၁၁နာရီခွဲတွင် စစ်တွေမြို့နယ် ဈေးဖောင်တော်သို့ ရောက်ရှိလာသည်။


 == အဆိုပါမိသားစုများ အား တောင်ရွာဘင်္ဂလီကျေးရွာမှ ဘင်္ဂလီများက အတင်းအဓမ္မ အမဲသားကျွေးပြီး မူဆလင် ဘာသာဝင်ခိုင်းသဖြင့် တောလည်ကျေးရွာ သို့ ထွက်ပြေး လာခဲ့ရကာ၊ ယင်းရွာတွင် တစ်လမျှ ကြာပြီးနောက် ယခုမှ စစ်တွေ ဟိန္ဒူဒုက္ခသည် စခန်းသို့ ခိုလှုံခွင့်တောင်းခံကာ ပြောင်းရွှေ့ခြင်းဖြစ်ကြောင်း သိရသည်။ == စစ်တွေမြို့ပေါ်သို့ ရောက်သည်အထိ လိုက်ပို့လာသူ တောလည်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သာဒိုးက ထိုဟိန္ဒူဘာသာဝင်များ လွတ်မြောက်လာပုံကို Coral Arakan အား အောက်ပါအတိုင်း ပြောပြသည်။ == “ အဲဒီနေ့က ည(၈)နာရီလောက်ရှိမယ်၊ ဓါတ်မီးရောင်တွေ အများကြီး ကျွန်တော်တို့ ရွာကနေ လှမ်းမြင်ရတယ်။ စစချင်းတော့ ဘာမှန်းမသိဘူး။ နောက်တော့မှ


သူတို့ (ဟိန္ဒူတွေ) ပြေးလာတာတွေ့တယ်။ သူတို့နောက်က ဟိုးဘက် တောင်ရွာဘက်က (ဘင်္ဂါလီ) ကုလားတွေ နောက်ကနေ လိုက်လာတာကို တွေ့ရတယ်။ ဒါနဲ့ ကျွန်တော်တို့ ရွာက ထလိုက်ကြတော့မှ ဒီကောင်တွေ(ဘင်္ဂါလီတွေ) ပြန်ပြေးသွားတာ” ဟု ဦးမောင်သာဒိုးက ပြောပြသည်။ ==ထိုနည်းတူစွာစစ်တွေမြို့သဲချောင်း နှင့်သက်ကယ်ပြင်ဒုက္ခသည် စခန်းများတွင် နှစ်လခန့် ရောက်ရှိနေခဲ့သော ဟိန္ဒူဘာသာဝင် အိမ်ထောင်စု(၁၈)စု လူဦးရေ (၉၈)ဦး တို့အားအား အတူနေ ဘင်္ဂါလီ မူဆလင် ဒုက္ခသည်များက အမဲသားစားခိုင်းခြင်း ဘာသာပြောင်းရန် ဖိအားပေးခြင်းတို့ကြောင့် အတူထားရှိခဲ့ရာမှ ခွဲထုတ်ကာ ပြီးခဲ့သော သြဂုတ်လကျမှ စစ်တွေမြို့တွင်းရှိ ဟိန္ဒူဒုက္ခသည်စခန်းသို့ ပို့ဆောင်ပေးနိုင်ခဲ့သည်။ == (သာထွန်းဦး နှင့် မင်းခရီ ရေးသားသည်။) ======

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်