Friday, September 21, 2012

မဲခေါင်မြစ် တရုတ် ၁၃ ဦးသတ်ဖြတ်မှု နော်ခမ်းဝန်မခံသေး တရုတ် CCTV ဘာသာပြန်ထုတ်လွှင့်မှုလွဲမှားနေ

Posted by drmyochit Friday, September 21, 2012, under | No comments



ယနေ့ရုံးတင်စစ်ဆေးနေသော စိုင်းနော်ခမ်း(နှင့်အဖွဲ့) နှင့်ပတ်သက်၍  စက်တင်္ဘာ ၁၈ ရက် တရုတ်နိုင်ငံပိုင် CCTV ဘာသာပြန် ထုတ်လွှင့်မှုမှာ လွှဲမှားနေကြောင်းသိရှိရပါသည်။ စိုင်းနော်ခမ်း သျှမ်းဘာသာ ပြောကြားချက်တွင် - ‘ကျနော် စိုင်းနော်ခမ်း အသက် ၄၄ နှစ်၊  အောက်တိုဘာလ ၁၀ ရက်နေ့ ရှပ်ပြေး ဘုတ်နှစ်စီးပေါ် လူသတ်မှုနဲ့ပတ်သက်ပြီး အထင် မှားလို့ ကျနော့် ကိုဖမ်းတယ်’ ဟု ပြောကြားရာတွင် တရုတ်နိုင်ငံပိုင် CCTV က ‘Cause Iplanned and killed 13 Chinese on the Mekong River ကျနော်အစီအစဉ်ချခဲ့ပြီး တရုတ်  ၁၃ ဦးကို မဲခေါင်မြစ် အတွင်း သတ်ဖြတ်ခဲ့တယ်’ ဟု အင်္ဂ္လိပ်ဘာသာပြန်၍ ထုတ်လွှင့်ခဲ့ခြင်းဖြစ်ပါသည်။

“အခုလို ဘာသာပြန်မှားယွင်းမှုဟာ လုံးဝမဖြစ်သင့်ဘူး၊ ဒါမြန်မာအစိုးရ သမ္မတ ဦးသိန်းစိန်၊ ဝန်ကြီး ဦးအောင်မင်းတို့ လဲသိ သင့်တယ်။ သျှမ်း- တရုတ်ဘာသာပြန်တွေ သျှမ်း-တရုတ် နယ်စပ်မှာ အများကြီး၊ မရှာနိုင်ရင် ကျနော် ဝိုင်းရှာ ပေးလို့ရ တယ်၊

 ဒီလူသတ်မှုကိစ္စ စိုင်းနော်ခမ်းက ဝန်မခံသေးဘူး၊ ဆိုတော့ တရားရုံးက တရားခံအဖြစ် တရားစီရင်လို့ မရဘူး” - ဟု သျှမ်းပြည် မူးယစ်ဆေးဝါးစောင့်ကြည့်လေ့လာရေး အဖွဲ့ခေါင်းဆောင် စဝ်ခင်းဆာယီက ပြောပါသည်။ ယနေ့စက်တင်ဘာ ၂၀ ရက်နေ့ တရုတ်နိုင်ငံ ကူမင်း(ခွန်းမင်) မြို့ တရားရုံး၌ မူးယစ်ရာဇာ အမည်ရ စိုင်းနော် ခမ်း နှင့် ပတ်သက် ဆက်နွယ်သူ လူ ၅ ဦးအား ရုံးတင် စစ်ဆေးနေပါသည်။

စက်တင်္ဘာ ၁၈ ရက်နေ့ တရုတ်နိုင်ငံပိုင် CCTV  အင်္ဂလိပ်ဘာသာသို့ ဘာသာပြန် လွှဲမှား ထုတ်လွှင့်မှုအား ကြည့်ရှု လိုပါက အောက်ပါ ကလစ်အားကြည့်ရှု နိုင်ပါသည်။http://english.cntv.cn/program/newsupdate/20120918/106694.shtml မှယူ၍ ပြန်လည်တင်ပြထားပါသည်။


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်