From : ခေတ်လူငယ်
စက်တင်ဘာ ၁၈ ရက် နံနက်ပိုင်းမှစ၍ ရန်ကုန်မြို့တွင်းရှိ ဖုန်းဆိုင်များတွင် ကျပ် ၅၀၀၀ တန် ငွေဖြည့်ကတ်များ စတင်ဖြန့်ဖြူး ရောင်းချပေးနေပြီ ဖြစ်သည်။ ကျပ် ၅၀၀၀ တန် ငွေဖြည့်ကတ် ဝယ်ယူနေသည့် ကျောင်းသူတစ်ဦးကလည်း ‘သမီးတို့ မုန့်ဖိုးထဲကစုပြီး ဝယ်ရတာ ငါးထောင်ကျပ်တန်ဆိုတော့ အဆင်ပြေသွားပြီ’ ဆိုတဲ့ အသံကိုလည်း ကြားရသည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် မိုဘိုင်းဖုန်း သုံးစွဲသူများအား CDMA, GSM လက်ကိုင်ဖုန်းများကို ချိုသာသော ဈေးနှုန်းဖြင့် အရစ်ကျ ရောင်းချပေးခဲ့ရာမှ ယခုအခါ ငွေဖြည့်ကတ်များကိုလည်း အများပြည်သူ သုံးစွဲရာတွင် အဆင်ပြေစေရန်အတွက် ကျပ် ၅၀၀၀ တန် ငွေဖြည့်ကတ်များ ရောင်းချပေးခြင်းကြောင့် ဖုန်းသုံးစွဲသူ ပြည်သူများ ကျေနပ်ဝမ်းမြောက်နေကြကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာ ၂၀ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။
Time in Rangoon


0 comments:
Post a Comment