Saturday, October 27, 2012

ဘင်္ဂါလီ နှင့် ခိုးသွင်းသူအား အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး အဖွဲ့က စုံစမ်း

Posted by drmyochit Saturday, October 27, 2012, under | No comments


From :MON

ကလေး ဒေသတွင် တစ်ဖက် နိုင်ငံမှ ခိုးဝင် လာသည့် ဘင်္ဂါလီများ ယခုလပိုင်း ရက်ဆက် ဖမ်းဆီး ရမိ လျက်ရှိရာ ဦးရေ (၃၀)ကျော် နေပြီ ဖြစ်ပြီး ဒေသခံ တို့၏ ပြောစ ကားအရ ကလေး ဒေသ အတွင်း သွားလာ နေသော ဘင်္ဂါလီ အရေ အတွက်မှာ ရာဂဏန်း၊ ထောင်ဂဏန်း အထိပင် ရှိနေပြီ ဖြစ်ကြောင်း သိရသည်။ ယခုရက် ပိုင်းတွင် ဖမ်းဆီး ရမိသော ဘင်္ဂါလီ များမှာ ဒေသခံ တို့မှ ၀ိုင်းဝန်း ဖမ်းဆီး၍ သက်ဆိုင် ရာသို့ အပ်နှံ သူများ ဖြစ်ကြောင်း သိရသည်။ ““ဘုန်းကြီး တို့က ဒေသ အာဏာပိုင် အဖွဲ့ အစည်း တွေကို ကူညီပြီး တစ်ဖက်က ခိုးဝင်လာသူ တွေကို ဖမ်းဆီး၊ သတင်းပေး ဆိုတာမျိုး လုပ်ပေး နေတာပါ။ အခု ဖမ်းဆီးရမိခဲ့တဲ့ ခိုးဝင်လာသူအား လုံးဒေသခံတွေ တာဝန်သိစွာဖမ်း ဆီးပြီး သက်ဆိုင် ရာကို အပ်နှံခဲ့ တာဖြစ် ပါတယ်။ သက်ဆိုင်ရာ တွေအနေ နဲ့လည်း နယ်စပ်ဖြတ် ကျော်မှု၊ တရားမ၀င်၊ ၀င်ရောက် လာမှုကို ဟန့်တား ဖမ်းဆီး နိုင်ဖို့ အစီအမံ တွေဆောင် ရွက်သင့် ပါတယ်။ အခုဆိုရင် နယ်စပ် က ခိုးဝင် လာတဲ့ ဘင်္ဂါလီ တွေကလေး မြို့ပေါ် ဈေးထဲ အထိ ရောက် လာပါပြီ။ အချိန်မီ ဆောင်ရွက် မှုအား နည်းရင် ပြည်သူ လူထု ကြားမှာ မလိုလား အပ်တဲ့ ကိစ္စ တွေဖြစ် ပေါ်လာ နိုင်ပါတယ်။ ဘုန်းကြီး တို့ကတော့ ကလေး၊ တမူး၊ ချင်း တောင်ဒေသမှာ တာဝန်ယူပြီး ပို့ လွှတ်နေ တဲ့ပွဲ စားရှိ နေနိုင် တယ်လို့ ယူဆတယ်။ နောက်တစ်ခု က ခိုးဝင်လာတဲ့ ဘင်္ဂါလီတွေကို ကြည့်လိုက်ရင် အ၀တ်တစ်ထည်ကိုယ် တစ်ခုနှင့် လာတာ၊ လမ်းစရိတ်၊ ခရီးစရိတ်၊ ဘာမှမပါဘူး။ လမ်းမှာ သူ့အဆက် နှင့်သူ ထုတ်ယူပြီး ခရီး ဆက်မယ်လို့ ဘုန်းကြီးတို့ ကယူဆတယ်။ အဲဒီ အဆက်တွေ၊ လူပွဲစား တွေကို ဘုန်းကြီးတို့က ဖော်ထုတ်  ပြီးဥပဒေ အကြောင်း အရ အရေးယူ နိုင်အောင် ဆောင်ရွက် နေတာပါ””ဟု အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး နာယက ဆရာတော် ဦးဓမ်္မိက က မိန့်ကြား ပါသည်။ ကလေးမြို့တွင် အောက်တို ဘာလ (၁၄) ရက်က သာယာကုန်း ရွာအနီး ဘင်္ဂါလီ (၁၆)ယောက် ဖမ်းဆီး ရရှိပြီး သည့်နောက် ယခု အောက်တို ဘာလ (၂၀)ရက် ညနေ ပိုင်းတွင် ကလေးမြို့၊ မြို့မဈေး အရှေ့ဖက် ဗလီကျောင်း ရှေ့တွင် ခိုးဝင် လာသော ဘင်္ဂါလီ(၁)ယောက် ကို ဒေသခံတို့က ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာကို အပ်နှံနိုင်ခဲ့ ကြောင်း သိရသည်။ ယခုဖမ်းဆီး ရရှိခဲ့သော ဘင်္ဂါလီမှာ ဘင်္ဂါလီအမျိုးသမီးဖြစ်သည်။ သက်ဆိုင်ရာမှ တရား ၀င်ထုတ် ပြန်သော သတင်းများ အရ ကလေးဒေသ တွင်(၂၀၁၂) ခုနှစ်အတွင်း ဖမ်းဆီး အရေးယူခဲ့ရသော ဘင်္ဂါလီ ဦးရေ (၃၇) ယောက်နှင့် လမ်းပြ (၆)ဦး ရှိကြောင်း သိရသည်။ 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်