Saturday, October 27, 2012

၂၀၁၁ အကယ်ဒမီပေးပွဲ နဲ့ အနုပညာရှင်တို့စကားသံ

Posted by drmyochit Saturday, October 27, 2012, under | No comments


"ဒီဇင်ဘာလမှာ ကျင်းပမယ့် ၂၀၁၁ အကယ်ဒမီ ပေးပွဲ နဲ့ အနုပညာရှင်တို့ စကားသံ"

တစ်နှစ်တာ လွန်မြောက်ဖို့ အချိန်ကာလ နီးကပ်လာသည်နှင့် မြန်မာပြည် တစ်ဝန်းရှိ ရုပ်ရှင်ချစ်သူများ၊ ရုပ်ရှင်လောကသားများ ရင်ခုန် မျှော်လင့်နေ ကြသည့် မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲ ကျင်းပချိန် ကလည်း နီးကပ်လာပြီ ဖြစ်သည်။ ယခုနှစ် ကျင်းပပြုလုပ်မည့် မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲကို ဒီဇင်ဘာ ၃ဝ ရက်နေ့မှာ ကျင်းပ ပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည်။ မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲကို ၁၉၅၂ ခုနှစ်မှ ၂ဝဝ၄ ခုနှစ် အထိ ရန်ကုန်မြို့၌ ကျင်းပပြုလုပ်ခဲ့ပြီး ၂ဝဝ၅ ခုနှစ် မှစ၍ နေပြည်တော် သို့ပြောင်းရွှေ့ ကျင်းပပြုလုပ်ခဲ့ရာ ၂ဝ၁ဝခုနှစ် အတွက် မြန်မာ့ ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲကို ပြီးခဲ့သည့်နှစ် ၂ဝ၁၁ ခုနှစ်တွင် ကျင်းပခဲ့သည် အထိဖြစ် သည်။ ထို့အပြင် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့် ပွဲမှာ စတင်ကျင်းပ ပြုလုပ်ခဲ့သည့် ၁၉၅၂ ခုနှစ်မှစ၍ ရန်ကုန်မြို့၌ ကျင်းပ ပြုလုပ်သည့်နှစ် များတွင် ဒီဇင်ဘာလ အတွင်း၌သာ နှစ်စဉ်ကျင်းပ လေ့ရှိခဲ့ပြီး ၂ဝဝ၅ ခုနှစ်မှ စ၍ နေပြည်တော်တွင် ပြောင်းရွှေ့ကျင်းပ ပြုလုပ် ခဲ့သည့် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲကို ဇန်နဝါရီလ အတွင်း သို့ပြောင်းလဲ ကျင်းပခဲ့ကြောင်း တွေ့ရှိရသည်။ မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲ မကျင်းပမီ နှစ်လအကွာ ၌ ပေါ်ပြူလာ ဂျာနယ် အနေဖြင့် နှစ်စဉ် ‘အကယ်ဒမီ တပ်လှန့်သံ’ ဆိုသည့် အစီအစဉ်လေး ဖွင့်လှစ်ကာ ရုပ်ရှင် ချစ်သူ များဖြစ်သော စာဖတ် ပရိသတ်များထံသို့ ရုပ်ရှင် အနုပညာရှင်များ ၏ ရင်ခုန် သံဖွင့်ဟ စကားများကို စုစည်း တင်ဆက်ပေးခဲ့သည်။ ထူးခြားသည်က အကယ်ဒမီ တပ်လှန့်သံနှင့် အကယ်ဒမီ ရင်ခုန်သံတို့မှာ အနုပညာ ချစ်သူများ၏ ရင်ခုန်သံနှင့် ထပ်တူ ကျခဲ့ခြင်း ပင်ဖြစ်သည်။ ယခုနှစ်မှာလည်း ယခင်နှစ် များထက် ပိုမို ထူးခြားမှုရှိ စေရန် ပေါ်ပြူလာ အဖွဲ့သားများက ရုပ်ရှင်လောကသားများနှင့် အနုပညာရှင် များထံ ကြိုးစား၍ ဆက်သွယ်မေးမြန်းပြီး အကယ်ဒမီ အကြိုစကားသံများကို ယခုအပတ်ထုတ်မှ စတင်ကာ စုစည်း တင်ဆက်လိုက်ပါသည်။


လူကြီးတွေက ကောင်းမယ်ထင်လို့ စီစဉ်တာ ကောင်းပါတယ်….

ဝတ်မှုံရွှေရည်

“အကယ်ဒမီကို နေပြည်တော်မှာ လုပ်တော့လည်း လူတွေ အများကြီး မိတ်ကပ်သမားတွေနဲ့လေ။ အကယ်ဒမီမှပဲ နေ ပြည်တော်ကို ရောက်ဖြစ်ကြတယ်။ ကား ရိုက်ကလည်း နေပြည်တော်မှာမှ သိပ်မရှိ တာ။ ရန်ကုန်မှာ လုပ်တော့လည်း မပင် ပန်းဘူးပေါ့။ အကယ်ဒမီတွေနဲ့ ပတ်သက် ပြီးတော့ မကြာသေးဘူး။ အကယ်ဒမီကို ဒီ ဇင်ဘာမှာ လုပ်မယ်ဆိုတာ မနေ့ကမှ သိတာ။ ဘာမှ မပြင်ဆင်ရသေးဘူး။ လူကြီးတွေ ကောင်းမယ် ထင်လို့ စီစဉ်တာ ကောင်းပါ တယ်”

ရန်ကုန်မှာ လုပ်ဖြစ်တယ် ဆိုရင်တော့
သိပ်ကောင်းပါတယ်…

ပြေတီဦး

အကယ်ဒမီကို ဒီဇင်ဘာ မှာ လုပ်တာ အချိန် ကာလ အနေနဲ့ တစ်နှစ်တော့ နောက်ကျ နေသေးတယ်။ ဒါပေမဲ့ နောက်နှစ် တွေကျရင် နှစ်နှစ်ပေါင်း လုပ်ပြီး နောက်ပိုင်း ဆိုရင် up to date အကုန်လုံး ဖြစ်သွားမှာပါ။ ရန်ကုန် မှာ လုပ်ဖြစ်တယ် ဆိုရင်တော့ သိပ်ကောင်း ပါတယ်။ သွားရ၊ လာရ၊ ဒုက္ခတွေ အများကြီး သက်သာ သွားမှာပေါ့။ အချိန် တွေမလိုအပ်ဘဲနဲ့ ကုန်တာတွေ၊ လူကြီးတွေ ဆိုရင်လည်း သွားလာရ ပင်ပန်းတာတွေ အားလုံး သက်သာသွားမယ်။ ဒါသိပ်ကောင်းတဲ့ အစီစဉ်ပါပဲ။ အကယ်ဒမီနဲ့ ပတ်သက်ပြီး ဘာမှ လည်း မကြားရသေး။ သေသေချာချာ မသိသေး တော့ မစီစဉ်ရသေးဘူး”


အကယ်ဒမီနီးရင် သူများတွေကို
အားပေးမယ်ဆိုတဲ့စိတ်ပဲရှိပါတယ်…

အိန္ဒြာကျော်ဇင်

“အကယ်ဒမီ ပွဲနီးရင်တော့ ဘယ်သူတွေ ရမလဲ ဆိုတဲ့ ရင်ခုန်မှုလေး အမြဲရှိပါတယ်။ ကိုယ့်အတွက် ကိုတော့ ရမလား ဆိုတဲ့စိတ် ဘယ်တော့မှ မထည့်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ မရခဲ့ရင် ပိုဆိုးတယ်လေ။ မရနိုင်ပါဘူးဆိုတဲ့ စိတ်ပဲ အမြဲထားတယ်။ အခုနှစ်မှာ ဆိုရင် လည်း အစ်မကားက ဟာသကား ၃ ကားပဲ ရှိမယ် ထင်တယ်။ ဟာသကားတွေကို မပေးတဲ့ အခါကျတော့ ပိုပြီး မျှော်လင့်စရာ မရှိဘူးဖြစ်တာပေါ့။ အကယ်ဒမီ နီးရင် သူများတွေကို အားပေးမယ် ဆိုတဲ့စိတ်ပဲ ရှိပါတယ်။ အစ်မရဲ့ ဟာသကား ၃ ကားမှာ ကိုနေတိုးနဲ့ ရိုက်တဲ့ “ချိန်း” ဇာတ်ကားကတော့ ကာရိုက်တာ ဆန်းတယ်။ ဒီကားထဲမှာ ကိုယ့်အိုက်တင်ကို မလုပ်ရဘဲ သူများ အိုက်တင်ကို လုပ် ရတော့ လုပ် ကွက်လေးတွေလည်း ရှိခဲ့ပါတယ်”




နေပြည်တော်က ခရီးဝေးတော့သက်ကြီး
အနုပညာရှင်တွေ၊မသွားနိုင်တဲ့သူတွေ ရှိတယ်
နေတိုး

“အကယ်ဒမီနဲ့ ပတ်သက်ပြီး ထွေထွေ ထူးထူး ရင်ခုန်တဲ့နှစ်ရယ် လို့တော့ မရှိပါ ဘူး။ ကိုယ့်ရဲ့ အနုပညာနဲ့ ပတ်သက်ပြီး ပွဲ လုပ်တဲ့ နေရာမှာ ဘယ်သူပဲရရပါ။ ဒီလိုပွဲ တက်ရတာကိုပဲ တကယ် ဂုဏ်ယူဝမ်းသာ မဆုံးဖြစ်ရပါတယ်။ ရက်၊ လ၊ နေ့ တွေနဲ့ စောတာ၊ နောက်ကျတာ ကိုတော့ ထွေထွေ ထူးထူး မရှိပါဘူး။ ဒီရက်က အနုပညာ သမားတွေ၊ ပရိ သတ်တွေ အတွက် စိတ်ဝင် စားစရာကောင်းတဲ့ ပွဲတစ်ပွဲ ဆိုတော့ ကျေနပ်၊ ဝမ်းသာတယ်။ ဘယ်သူရမယ် ဆိုတာက ကြားမိတာမျိုး မရှိသေးဘူး။ ဒီနှစ်ကတော့ အဲဒီလို မကြားနိုင်ဘူး လို့ ထင်တယ်။ ရွေးချယ်စရာ ရုပ်ရှင်ဇာတ် ကားတွေ များများ ထုတ်လုပ်နိုင်ပြီး သူ့ ထက်ငါ အပြိုင် ရိုက်လာနိုင်ပါစေလို့ ဆု တောင်း ပါတယ်။ ရန်ကုန်မှာ ဆိုတော့ သက်ကြီး အနုပညာရှင်တွေ တက်ရောက် လို့ရတာပေါ့။ နေပြည်တော်က ခရီးဝေး တော့ သက်ကြီး အနုပညာရှင်တွေ၊ မသွား နိုင်တဲ့ သူတွေ ရှိတယ်။ အဲဒီတော့ ပွဲက သိပ်မလှဘူးပေါ့။ အနုပညာ အတွက်ပွဲဆို တော့ အကြီးတွေရော၊ အငယ်တွေရော စုံစုံလင်လင်နဲ့ တက်ရောက်နိုင်ရင် ပိုလှ တာပေါ့။ ရန်ကုန်မှာ လုပ်ရင် ပိုပြီး စုံစုံလင် လင်တက်နိုင်မှာပါ။ ကျွန်တော့် အတွက် ဝတ်စုံကို မန္တလေးက ယွန်းရွှေရည် ပိုးထည် တိုက်က စပွန်ဆာ aပးထားပြီး၊ ဒီဇိုင်နာ မင်းသက်စံ က ချုပ်ပေးမှာပါ။ အရောင်က အေးတဲ့ အရောင်လေးရွေးဖြစ်မယ်”



ပရိသတ် မမေ့သေးတဲ့အချိန်မှာဆိုတော့
ပိုပြီးစိတ်လှုပ်ရှားဖို့ ကောင်းတယ် . . .
မင်းမော်ကွန်း

“ဒီဇင်ဘာမှာ ဆိုတော့ နှစ်မကူးဘဲ ပေးတော့ ပရိသတ် အတွက် ပိုစိတ်ဝင် စားစရာဖြစ်တယ်။ ပရိသတ် မမေ့သေးတဲ့ အချိန်မှာဆိုတော့ ပိုပြီး စိတ်လှုပ်ရှား ဖို့ ကောင်းတယ်။ ကျွန်တော်လည်း ရန်ကုန်မှာပဲ ဖြစ်စေချင်တယ်။ နေပြည်တော် ကျတော့ တကူးတက သွားရတယ်။ တချို့ ကျတော့ အကယ်ဒမီ ပြီးတာနဲ့ ချက် ချင်း ပြန်ရတော့၊ ညဘက် ဆိုတော့ လမ်းမှာ အန္တရာယ်များတယ်။ ရန်ကုန်မှာ ဆိုတော့ အိမ်ကနေ အေးအေးဆေးဆေး လာရတာ ပေါ့။ အကယ်ဒမီနဲ့ ပတ်သက်ပြီး ဘာမှ မကြား သေးဘူး။ ဘယ်သူရရ အားပေးဖို့ ကျွန်တော် ဒီနှစ်တက်ဖြစ်အောင် တက်မှာပါ”


ရန်ကုန်မှာအကယ်ဒမီပွဲ
လုပ်မယ်ဆိုတော့ အားလုံး အတွက် အဆင်ပြေတဲ့…

ချစ်သုဝေ

“အကယ်ဒမီကို သူ့ နှစ်နဲ့သူ့ Up to Date ပေး ရင်တော့ ကောင်းတာပေါ့။ ရန်ကုန်မှာ လုပ်တော့ ကောင်း ပါတယ်။ များသော အားဖြင့် အနုပညာရှင်တွေက ရန်ကုန်မှာ နေကြတာ များတယ်လေ။ ရန်ကုန်မှာ အကယ်ဒမီပွဲ လုပ်မယ် ဆိုတော့ အားလုံး အတွက် အဆင်ပြေတဲ့ ကောင်းသော ပြောင်းလဲခြင်း တစ်ခုပါပဲ ။ ကောင်း သော ပြောင်းလဲခြင်းတွေ ဦးတည်နေတယ် ဆိုတော့ အကယ်ဒမီမှာလည်း ထို နည်းလည်း ကောင်းဖြစ် မှာပါ။ ထရီဇာတို့က အားပေး ရမယ့် လူတွေ ဆိုတော့ တက်ဖြစ်အောင် ကြိုးစားမှာပါ။ ပွဲက နယူးရီးယား နီးတော့ စတိတ်ရှိုးပွဲတွေ အများကြီးရှိတယ်။ ရန်ကုန် မှာရှိရင်တော့ သွားတက်ဖြစ်မှာပါ။ ဒီပွဲက ထရီဇာ တို့လုပ်နေတဲ့ အသိုင်းအဝိုင်းလော တစ်ခုရဲ့ ထူးချွန်ဆုပေးပွဲ ဆိုတော့ ပျော် ပျော်ကြီးတက်ချင်ပါတယ်”




နိုင်ငံတကာ နဲ့ယှဉ်နိုင်တဲ့
စံချိန်မီရင်တော့ ကောင်းပါတယ် . . .
နိုင်းနိုင်း

“အကယ်ဒမီကို စောပြီး ကျင်းပတော့လည်း ကောင်းပါတယ်။ ဘယ်လပဲ ကျင်းပ၊ ကျင်းပပါ။ အတူတူပါပဲ။ ဒါပေမဲ့ နိုင်ငံတကာ နဲ့ယှဉ်နိုင်တဲ့ စံချိန်မီ ရင်တော့ ကောင်းပါတယ်။ အကယ်ဒမီ ဆုပေး တာကအစ၊ ဧည့်ခံပွဲ လုပ်တာကအစ၊ အစီ အစဉ် တင်ဆက်တာတွေကအစ နိုင်ငံ တကာ စံချိန်မီနိုင်ရင် ပိုကောင်းတာပေါ့။ ရုပ်ရှင် အနုပညာသမားတွေနဲ့ သက်ဆိုင်တဲ့ ပွဲကို အနုပညာသမားတွေ ဖန်တီးတာ ပို ကောင်းတယ် လို့ထင်ပါတယ်။ မနှစ်ကတော့ ကျွန်တော် မတက်ဖြစ်ဘူး။ ဒီနှစ် အကယ် ဒမီပွဲကို ကလေးတွေတော့ ခေါ်ဖြစ်မှာ မဟုတ်ပါဘူး”

From: Popular Academy

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်