Saturday, October 27, 2012

ရခိုင်ပြည်နယ် မြို့နယ် အသီးသီးမှ ထွက်ပြေး လာသည့် ဘင်္ဂါလီများကို မောင်တောတွင် လက်ခံ ထားမည်ဟုဆို

Posted by drmyochit Saturday, October 27, 2012, under | No comments



ရခိုင်ပြည်နယ် မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ကျောက်ဖြူ၊ မြေပုံမြို့ နယ်များမှ ထွက်ပြေးလာသည့် ဘင်္ဂါလီများကို မောင်တော တွင်လက် ခံထား မည်ဖြစ်ကြောင်း မောင်တော ခရိုင် တည်ငြိမ် အေးချမ်းရေး၊ ကယ်ဆယ် ရေးနှင့် ပြန်လည် နေရာ ချထားရေး ကော်မတီ အဖွဲ့ဝင် တစ်ဦး ဖြစ်သူ ဦးမြင့်သန်းက 7day News မောင်တော သတင်းထောက် သို့ပြော ကြားသည်။


 '' ဒီနေ့ပဲ မောင်တောင် မြို့နယ် တောင်ပိုင်း ကျောက်ပန္ဒူ ကျေးရွာမှာ ရောက်နေတဲ့ ဘင်္ဂါလီဦးရေ ၆၀၀၀ လောက်ကို လက်ခံဖို့ အဲဒီကို သွားပါမယ်။ ထွက်ပြေး လာတဲ့ ဘင်္ဂါလီ ဦးရေ အားလုံးပေါင်း ၃၀၀၀၀ လောက်ကို လက်ခံ သွားမှာ ဖြစ်ပါတယ်'' ဟုဦးမြင့်သန်း ကပြောသည်။

ရခိုင်ပြည်နယ် မြို့နယ် အသီးသီးမှ ထွက်ပြေး လာသည့် ဘင်္ဂါလီ များကို မောင်တောတွင် လက်ခံ ထားမည် ဖြစ်သည့်အတွက် မောင်တော ဒေသခံများ စိုးရိမ် မကင်းဖြစ် နေကြပြီး၊ အချို့မှာ မောင်တောမြို့ မှ အခြား မြို့နယ် များသို့ ပြောင်းရွှေ့ သွားခြင်း၊ ကျေးလက် ဒေသ များတွင် နေထိုင်သည့် တိုင်းရင်း သားများ မှာမြို့ ပေါ်သို့ ရွှေ့ပြောင်း နေခြင်းများ ရှိလာကြောင်း သိရသည်။


 7Day News

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်