Saturday, October 27, 2012

နော်ဝေနှင့် ဒိန်းမတ် ဝန်ကြီးချုပ်များ မြန်မာပြည် လာမည်၊ သံရုံးသစ်များ ရန်ကုန်မြို့တွင် ဖွင့်လှစ်ရန်ရှိ

Posted by drmyochit Saturday, October 27, 2012, under | No comments


Photo: နော်ဝေနှင့် ဒိန်းမတ် ဝန်ကြီးချုပ်များ မြန်မာပြည် လာမည်၊ သံရုံးသစ်များ ရန်ကုန်မြို့တွင် ဖွင့်လှစ်ရန်ရှိ
FRIDAY, OCTOBER 26, 2012

နော်ဝေ ဝန်ကြီးချုပ် မစ္စတာ ဂျန်(စ)စတိုတင်ဘတ် (Mr.Jen Stoltenberg) သည် နိုဝင်ဘာ ၃ရက် နှင့် ၄ ရက် တွင် မြန်မာနိုင်ငံသို့ အလည်အပတ် လာရောက်မည်ဖြစ်ပြီး နော်ဝေ သံရုံးသစ်ကို ရန်ကုန်မြို့တွင် ဖွင့်လှစ်ပေး မည် ဖြစ်သည်။ သူသည် ဂျပန်နိုင်ငံသို့ ၃ ရက်ကြာ သွားရောက်ပြီး
 မြန်မာနိုင်ငံသို့သွားရောက်မည် ဖြစ်ကြောင်း သိရှိရသည်။

ရန်ကုန်တွင်ရှိစဉ် ဝန်ကြီးချုပ်သည် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့်
လည်း တွေ့ဆုံနိုင်ဖွယ်ရှိသည် ဟု မျှော်လင့် ရသည်။ ပြီးခဲ့သည့် ဇွန်လတွင် ဝန်ကြီးချုပ်၏ ဖိတ်ကြားချက်အရ နော်ဝေနိုင်ငံသို့ ဒေါ်အောင်ဆန်းစုကြည် သွားရောက် ခဲ့သည်။

သံကိုယ်စားလှယ်ရုံးသစ်ကို ဒိန်းမတ်ဝန်ကြီးချုပ် မစ္စဟယ်လီ သွန်းနင်းရှမစ် (Ms. Helle Thorning Schmidt) နှင့်အတူ ပူးတွဲဖွင့်လှစ် ပေးမည်ဖြစ်ပြီး
 နှစ်နိုင်ငံသံရုံးများကို ရန်ကုန်ရှိ နောဒစ်နိုင်ငံများ၏ သံရုံးဝင်းအတွင်းတွင် မျှဝေ ဖွင့်လှစ်ကြမည် ဖြစ်သည်။

နော်ဝေ ဝန်ကြီးချုပ်သည် နိုဝင် ဘာ ၅ ရက်တွင် အာရှ-ဥရောပ ထိပ်သီး
အစည်းအဝေး (ASEM)သို့ တက်ရောက်ရန် လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့သို့ ဆက်လက် သွားရောက်မည်ဖြစ်သည်။

ဒိန်းမတ် ဝန်ကြီးချုပ်သည် နိုဝင်ဘာ ၄ ရက်တွင် မြန်မာနိုင်ငံသို့ သွားရောက်
ပြီး သံကိုယ်စားလှယ် ရုံးသစ်ကို နော်ဝေ ဝန်ကြီးချုပ် နှင့်အတူ ဖွင့်လှစ်ပေး
ကာ နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံမည် ဖြစ်ကြောင်း၊ ပြီးလျှင် အာရှ-ဥရောပထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် နိုဝင်ဘာ ၅ ရက်တွင် လာအိုသို့ နှစ်ရက်ကြာ  သွားရောက်မည်ဖြစ်ကြောင်း၊ နိုဝင်ဘာ ၇-၈ တွင် ဗီယက်နမ်ရှိ ဒိန်းမတ်ကုမ္ပဏီများအတွက် အခွင့်အလမ်း တိုးချဲ့ရေး ထောက်ခံပေးရန် ရည်ရွယ်ချက်ဖြင့် ဗီယက်နမ်သို့ ဆက်လက် သွားရောက်မည် ဖြစ်ကြောင်း ဝန်ကြီးချုပ်ရုံး၏ သောကြာနေ့ သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

The Myanmar Independent News Journal
From : Myanmar Independent  

နော်ဝေ ဝန်ကြီးချုပ် မစ္စတာ ဂျန်(စ) စတို တင်ဘတ် (Mr.Jen Stoltenberg) သည် နိုဝင်ဘာ ၃ရက် နှင့် ၄ ရက် တွင် မြန်မာနိုင်ငံသို့ အလည်အပတ် လာရောက်မည် ဖြစ်ပြီး နော်ဝေ သံရုံး သစ်ကို ရန်ကုန် မြို့တွင် ဖွင့်လှစ်ပေးမည် ဖြစ်သည်။ သူသည် ဂျပန်နိုင်ငံသို့ ၃ ရက်ကြာ သွားရောက်ပြီး မြန်မာ နိုင်ငံသို့ သွားရောက်မည် ဖြစ်ကြောင်း သိရှိရသည်။

ရန်ကုန်တွင် ရှိစဉ် ဝန်ကြီး ချုပ်သည် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်း စုကြည်နှင့်လည်း တွေ့ဆုံ နိုင်ဖွယ် ရှိသည် ဟု မျှော်လင့် ရသည်။ ပြီးခဲ့သည့် ဇွန်လတွင် ဝန်ကြီး ချုပ်၏ ဖိတ်ကြား ချက်အရ နော်ဝေ နိုင်ငံသို့ ဒေါ်အောင် ဆန်းစုကြည် သွားရောက် ခဲ့သည်။

သံကိုယ်စားလှယ် ရုံးသစ်ကို ဒိန်းမတ် ဝန်ကြီးချုပ် မစ္စဟယ်လီ သွန်းနင်းရှမစ် (Ms. Helle Thorning Schmidt) နှင့်အတူ ပူးတွဲဖွင့်လှစ် ပေးမည်ဖြစ်ပြီး နှစ်နိုင်ငံ သံရုံး များကို ရန်ကုန်ရှိ နောဒစ် နိုင်ငံများ၏ သံရုံးဝင်း အတွင်းတွင် မျှဝေ ဖွင့်လှစ် ကြမည် ဖြစ်သည်။

နော်ဝေ ဝန်ကြီးချုပ်သည် နိုဝင် ဘာ ၅ ရက်တွင် အာရှ-ဥရောပ ထိပ်သီး အစည်း အဝေး (ASEM)သို့ တက်ရောက်ရန် လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့သို့ ဆက်လက် သွားရောက် မည်ဖြစ်သည်။

ဒိန်းမတ် ဝန်ကြီးချုပ်သည် နိုဝင်ဘာ ၄ ရက်တွင် မြန်မာနိုင်ငံသို့ သွားရောက်ပြီး သံကိုယ်စားလှယ် ရုံးသစ်ကို နော်ဝေ ဝန်ကြီးချုပ် နှင့်အတူ ဖွင့်လှစ်ပေးကာ နိုဘယ်ဆုရှင် ဒေါ်အောင် ဆန်းစု ကြည်နှင့်လည်း တွေ့ဆုံမည် ဖြစ်ကြောင်း၊ ပြီးလျှင် အာရှ-ဥရောပ ထိပ်သီး အစည်း အဝေးသို့ တက်ရောက်ရန် နိုဝင်ဘာ ၅ ရက်တွင် လာအိုသို့ နှစ်ရက်ကြာ သွားရောက် မည်ဖြစ်ကြောင်း၊ နိုဝင်ဘာ ၇-၈ တွင် ဗီယက်နမ်ရှိ ဒိန်းမတ် ကုမ္ပဏီများ အတွက် အခွင့်အလမ်း တိုးချဲ့ရေး ထောက်ခံပေးရန် ရည်ရွယ်ချက်ဖြင့် ဗီယက်နမ်သို့ ဆက်လက် သွားရောက်မည် ဖြစ်ကြောင်း ဝန်ကြီးချုပ်ရုံး၏ သောကြာနေ့ သတင်း ထုတ်ပြန် ချက်တွင် ဖော်ပြ ပါရှိသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်