Saturday, October 27, 2012

ဘင်္ဂလီ-ရခိုင် ပဋိပက္ခတွင် ရခိုင်(၂)ဦး ထပ်မံ ဒဏ်ရာရ

Posted by drmyochit Saturday, October 27, 2012, under | No comments


ယနေ့ နံနက်(၇)နာရီ၊ ရသေ့ တောင်မြို့နယ်၊ ညောင်ပင်ကြီး ရွာတွင် ရခိုင်-ဘင်္ဂလီ အဓိ ကရုဏ်း ကြောင့် ရခိုင်(၂)ဦး ထပ်မံ ဒဏ်ရာ ရရှိကြောင်း သိရှိရသည်။

အဓိကရုဏ်းတွင် ဒဏ်ရာရသူများမှာ ဆားပြင်ကြီးရွာမှ မောင်လုံးချေ (ဘ)ဦးမဲလူ၊ အသက် (၁၉)နှစ်၊ ဘယ်ဖက် ခြေထောက်တွင် ကျည်ထိ၊ ကန်ပြင်ရပ်ကွက်မှ မောင်ဇော် ဇော်သန်း၊(ဘ)ဦးမောင်မြင့်စိန်၊ အသက် (၁၇)နှစ်မှာ ပေါင် တစ်ချောင်း လုံး ကျည်ဝင် သွားကြောင်း သိရသည်။ ရသေ့ တောင်မြို့နယ် အဓိက ရုဏ်းတွင် ဒဏ်ရာရ သူ အားလုံးမှာ သေနတ် ဒဏ်ရာဖြင့် ဖြစ်ကြောင်း သိရသည်။



စစ်တွေ ဆေးရုံသို့ ရောက်ရှိ လာသော လူနာ နှစ်ယောက် အခြေ အနေကို စစ်တွေမြို့ ဒေသခံ တစ်ယောက်က " ဒီနေ့ (၃)နာရီ ခွဲလောက်မှာ ရသေ့တောင် မြို့နယ်မှ လူနာ(၂)ဦး ထပ်ရောက် လာပါတယ်။ ဆားပြင် ကြီးရပ် ကွက်နဲ့ ကန်ပြင် ရပ်ကွက်က မောင်လုံး ချေ၊ မောင်ဇော်ဇော် သန်းတို့ ဖြစ်ပါတယ်။

ကျွန်တော် ကြားတာ ကတော့ ရသေ့ တောင်မြို့နယ့် အဓိကရုဏ်း အတွင်းမှာ လုံခြုံရေး တာဝန်ခံ ယူထားတာ ခမရ (၅၃၆)က ဗိုလ်မှူး စိုးကြည်ထွန်း ဖြစ်ပြီး သူက အရင် တုန်းက ကန်ချောင်း ယာယီ လုံခြုံရေး စခန်း တာဝန်ခံ ဖြစ်တယ်လို့ သိရပါတယ်။


အခုဖြစ်ပွားနေတဲ့ ညောင်ပင်ကြီး အဓိကရုဏ်းမှာလည်း သူသည် စစ်တပ်အင်အား (၂၀)နဲ့ ဘင်္ဂလီ များဘက်မှ ခုံခံကာကွယ်ပေးခဲ့တယ်လို့ သိရှိရပါတယ်။" ဟု ပြောပြသည်။


မနေ့ကလည်း ညနေ(၄)နာရီတွင် ဖြစ်ပွားခဲ့သော ကျောက်တော်မြို့နယ်၊ ဒဏ်ရာရသူ(၄)ဦး ထပ်ရောက် လာကြောင်း၊ သိန်းရွှေမောင်(ဘ) ဦးအောင်စိန်ထွန်း၊ အသက်(၃၃)နှစ် ပိုက်သည် ရပ်ကွက်၊ နံရိုးကျိုးသွားပြီး သွေးကြော လည်းပိတ် သွားသဖြင့် စိုးရိမ် ရကြောင်း၊ မောင်ထွန်းထွန်း၊ အသက်(၁၆)နှစ်၊ (ဘ) ဦးစိန်လှထွေး သာစည်အလယ်ရပ်ကွက်၊ ခြေထောက်နှစ်ဖက် ဒဏ်ရာရ၊ မောင်ထွန်းယဉ် အသက်(၁၆)နှစ်၊ (ဘ)ဦးမောင်တင်စိုး ၊ အသက်(၃၁)နှစ်၊ ရွှေပြည်ကျေးရွာ၊ ခန္ဓာကိုယ် ဘယ်ဖက် အခြမ်း တွင် ကျည်ဝင်၊ ဦးစိန်ကျား အသက်(၄၅ )နှစ်၊ (ဘ)ဦးကျော်လှဦး၊ သာစည်ကျေးရွာ ခန္ဓာကိုယ်ထဲ ကျည်ဝင် သွားပြီး အခင်းဖြစ်ပွားသော နေရာမှာ တောင်ဘွယ်ကျေးရွာဖြစ်ကြောင်း သိရှိရသည်။



Arakan Times သတင်းဌာန

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်